Author's Profile Photo

Kavi

27/05/2024

မသိစိတ်ထဲက paradigm

1 min read
General Knowledge
18 Again

အရာတိုင်း အရာတိုင်းမှာ 'ဒါအမှန် ဖြစ်တယ်' လို့ ပုံသေလက်ခံ ယုံကြည်ထားတဲ့ ပုံစံတွေ ရှိပါတယ်။

အဲ့အရာကို paradigm လို့ခေါ်ဆိုကြပါတယ်။ paradigm က နိုင်ငံတွေမှာလဲ ရှိပါတယ်။ မြို့တွေမှာလဲ ရှိပါတယ်။ လူမှုဆက်ဆံရေးတွေမှာလဲ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းစီမှာလဲ ရှိပါတယ်။

Paradigm က လူတွေရဲ့ မသိစိတ်ထဲမှာရှိ နေတဲ့ program တစ်ခုဖြစ်ပါတယ်။ သူက လူတွေရဲ့ နေမှုထိုင်မှု၊ အရာတစ်ခုကို တွေးခေါ်မှု၊ လက်ခံယုံကြည်မှုတွေ အပေါ်မှာ လွှမ်းမိုးမှု များစွာရှိနေပါတယ်။ တစ်နည်းအားဖြင့် လူတွေရဲ့ အပြုအမူတွေကို ထိန်းချုပ်ပေးနေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

လူတွေရဲ့ တိုးတက်မှု နှုန်းထား အပေါ်မှာ paradigm ရဲ့ အကျိုးသက်ရာက် မှုရှိပါတယ်။ ကြောင်းကျိုးဆက်စပ် တွေးခေါ်မှုတွေ အပေါ်မှာလဲ သက်ရောက်မှု ရှိပါတယ်။ လူအများ လက်ခံယုံကြည်ထားတဲ့ အရာတွေ အပေါ်မှာလဲ သက်ရောက်မှု ရှိပါတယ်။ လူတွေရဲ့ ဖန်တီးမှုစွမ်းရည်တွေ အပေါ်မှာလဲ သက်ရောက်မှုရှိပါတယ်။ ရလဒ်တွေ အကျိုးဆက်

လူတွေက သိစိတ်နဲ့ တွေးခေါ်ပြီး ပိုမိုကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများက အဲ့လို လုပ်နိုင်စွမ်းမရှိကြပါဘူး။ 'မင်း ဒီလိုလုပ်ရင် ပိုကောင်းမယ် ဆိုတာကို သိရဲ့သားနဲ့ ဘာလို့မလုပ်လိုက်တာလဲ' ဆိုပြီးအမေးခံရရင် အဖြေပြန်မပေးနိုင်ကြပါဘူး။ ကိုယ်ကိုတိုင်လဲ ဘာလို့ 'အဲ့လိုလုပ်လိုက်မိလဲ' ဆိုတာကို နားမလည်နိုင်ကြပါဘူး။

ဘာကြောင့်လဲ? Paradigm ကြောင့်ပဲဖြစ်ပါတယ်။ paradigm ဆိုတာ လူတွေ အမြဲတမ်း လုပ်ဖြစ်နေတဲ့ အလေ့အကျင့် ပေါင်းချုပ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ တွေးခေါ်မှု အကြံဉာဏ်တွေဟာ မသိစိတ်ထဲမှာ စွဲမြဲစွာ ထပ်တလဲလဲ အမြစ်တွယ်နေတဲ့ အခါမှာ အလေ့အကျင့် တစ်ခုဆိုပြီး ဖြစ်လာပါတယ်။ အလေ့အကျင့်ဆိုတာကလဲ လူတွေက ကိုယ့်ရဲ့ သိစိတ်နဲ့ တောင် မတွေးလိုက်ဘဲ သူ့အလိုလို လုပ်လိုက်မိတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

paradigm က ထပ်ခါထပ်ခါ လုပ်နေတဲ့ အလေ့အကျင့်ပေါင်းချုပ်ကြီး တစ်ခုဆိုတော့ ကောင်းမွန်တဲ့ ရလဒ်တွေ ရဖို့အတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို မွေးမြူဖို့က အဓိက အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။

Kavi (ကဝိ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း