Author's Profile Photo

ALin

24/05/2024

စိမ့်စမ်းရေပမာ

1 min read
Life Style
General Knowledge
စိမ့်စမ်းရေပမာ's photo

သူမသည်ယခုအချိန်သတိအရဆုံးမှာမိခင်နှင့်အဖွားဖြစ်လေသည်။အထူးသဖြင့်မိခင်ကိုမူပို၍တမ်းတမိလေသည်။သူမသည်ခွဲစိတ်ခန်းတွင်မီးဖွားနေခြင်းပင်ဖြစ်လေသည်။မျက်စိမှိတ်လျက်သားမိခင်ဖြစ်သူကိုတမ်းတ‌‌ေနစဥ်ဆရာဝန်မှသမီးစိတ်ကိုလျော့ထားဟုပြောလေရာမကြာမီအူဝဲဟူသောအသံကိုကြားရ၍ဆရာမမှဖြူဖြူဖွေဖွေးကြီးပဲ၊အင်္ဂါလည်းစုံတယ်သမီးရေ့ဟုပြောမှစိတ်ကိုဒုံးဒုံးချလိုက်မိသည်။သား‌လေးရဲ့အူဝဲဟူ‌ေသာအသံကိုကြားလိုက်၌မှိတ်ထား‌သောမျက်စိအစုံမှပီတိမျက်ရည်ကျ‌ပြီးသားရှိရာသို့လှမ်မျှော်ကြည့်မိလိုက်သည်။သားဦးဖြစ်သည့်အတိုင်းသူမသည်သားလေးကိုမျက်စိအောက်ကအပျောက်မခံနိုင်အောင်ချစ်မိလေသည်။သားဦးဖြစ်၍နို့မထွက်သောကြောင့်လူကြီးသူမများကနွားမှီးစွပ်ပြုတ်သောက်ရသည်ဆိုသောကြောင့်ငယ်စဉ်ကတည်းကအမဲသားမစားသောသူမသည်သားလေးအတွက်နွားမှီးစွပ်ပြုတ်သောက်ရန်ဆုံးဖြတ်လိုက်လေသည်။
သူမစွပ်ပြုတ်သောက်နေရင်းအတွေးများက အတိတ်ဆီသို့ပျံ့လွင့်လျှက်ရှိနေသည်။သူမသည်broken family မှဆင်းသက်လာသူဖြစ်လေသည်။ငယ်စဉ်ကတည်းက မိဘနှစ်ပါး၏နေ့တစ်ဓှုဝရန်ဖြစ်ဆဲဆိုသံများကြားကြီးပြင်းလာရပေသည်။ဖခင်၏အမေဖြစ်သူလာလည်စဉ်ပိန်ချုံးနေသည့်သူမအား၊သနား၍သမီးလေးအမေကြီးတို့နဲ့လိုက်မလားဟုမေးရာသူမသည်နှစ်ခါမစဉ်းစားပဲခေါင်းငြိမ့်လိုက်လေသည်။သူမ၏အတွေးထဲမှာငါအမေကြီးတို့နဲ့လိုက်နေရင်ငါတော့အရိုက်မခံရတော့ဘူးဟုတွေးမိ‌လိုက်လေသည်။သူမငါးတန်းရောက်သည့်အချိန်တွင်မိခင်နှင့်ဖခင်ကွဲကြ၍ဖခင်ဖြစ်သူသည်သူ၏အမေအိမ်သို့ပြန်လာ‌နေလေသည်။ထိုအချိန်မှစ၍သူမစိတ်ညစ်ရလေသည်။ဖခင်ဖြစ်သူသည်အမြဲလိုလိုမူးယစ်နေရာအဖွား၏ညီမနှင့်အမြဲတစ်ကျက်ကျက်ရန်ဖြစ်လေသည်။
သူမသည်အပျိုဖြန်းအရွယ်‌ရောက်ပြီဖြ၍အော်ကြီးဟစ်ကျယ်ရန်ဖြစ်လျှင်သူမရှက်တက်‌လေသည်။ထို့ကြောင့်ဖခင်ဖြစ်သူကိုသူမ မချစ်ပေ၊ဖခင်အနားကိုလည်းမကပ် တီတီတာတာစကားပြောဖို့နေနေသာ ခပ်စိမ်းစိမ်းသာနေလေသည်။သူမ၏မိခင်သည်လည်းသူမဆယ်တန်းနှစ်တွင်နောက်အိမ်ထောင်ထူလိုက်ရာသူမနှင့်ပို၍ဝေးကွာလာလေသည်။အဖွားဖြစ်သူမှာလည်းသူမ၏ကျောင်းစာရိတ်၊စားသောက်စားရိတ်အတွက်ဈေးရောင်းနေရသဖြင့်သူမကိုအချိန်သိပ့်မပေးနိုင်ပေ။
သူမ၏ရင်ထဲ၌အစိုင်အခဲလေးများစုလာကာ အတ္တကြီးလာပြီး ငါ့ကိုချစ်မဲ့သူလည်းမရှိကြဘူးဟုတွေးမိလေသည်။နွေးထွေးခြင်း၊ချစ်ခြင်းမေတ္တာများကိုမရခဲ့၍သူမသည်မချစ်တက်၊မေတ္တာတရားမထားတက်ခဲ့ပေ။အရာရာကို ဦးနှောက်နဲ့သာစဉ်းစားခဲ့ပြီးချစ်ခြင်းမေတ္တာတရားတို့မပါဝင်ခဲ့ပေ။ အူဝဲဟူသောအသံကြား၍အတိတ်မှပစ္စုပ်ပန်ဆီသို့ရောက်လာပြီးသားငယ်အားပွေ့ချီချော့မြူလိုက်ရင်း ရင်ထဲ၌တစ်ခါမဖြစ်ဖူးသောချစ်ခြင်းမေတ္တာတို့နှင့်တစိမ့်စိမ့်ချစ်မဝဖြစ်နေမိလေသည်။သားလေးအားကြည့်နေရင်းငါ့မိခင်၊ဖခင်တို့လည်းငါ့ကိုချစ်မှာပါလေ မိဘနေရာရောက်မှပဲမိဘ၏ချစ်ခြင်းမေတ္တာကို ကိုယ်ချင်းစာနားလည်မိလေသည်။သို့သော်လည်းအချိန်ကားနှောင်းသွားလေပြီဖခင်ဖြစ်သူမရှိတော့ချေပြီ။မိခင်တစ်ယောက်သာရှိတော့လေသည်ဖခင်အပေါ်တာဝန်မကျေခဲ့သည်များကိုတွေးရင်းမျက်ဝန်းထဲစိုစွတ်လာလေသည်။ကျန်ရှိသေးသည့်မိခင်နှင့်ငယ်စဥ်ကတည်းကသူမအပေါ်စောင့်ရှောက်ပေးသည့်အဖွားတို့အပေါ်၌တာဝန်ယူစောင့်ရှောက်ပေးရမည်ဟုတွေးတောနေမိလေသည်။မိဘများအားသက်ရှိထင်ရှားရှိနေစဉ်တန်ဖိုးထားကြပါဟုတိုက်တွန်းလိုက်ပါသည်။
25.5.2024
Alin

Keep Reading

အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ