Author's Profile Photo

စာကြမ်းပိုး

24/05/2024

ဈေးချိုသူ မဟာဆွေ

1 min read
Book Review
ဈေးချိုသူ
မဟာဆွေ's photo


၁၉၆၀ ပြည့်နှစ်များဆီက လူကြိုက်များလှတဲ့ စာအုပ်တစ်အုပ်ကို သူ့ခေတ် သူ့အခါက ရေးပုံရေးဟန် နဲ့ ဖတ်လိုက်ရပါတယ်။ ဇာတ်လမ်း ဇာတ်ကွက် အလှည့်အပြောင်းများ လှပြီး မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ နဲ့ ဇာတ်သိမ်းကို မမှန်းနိုင်တဲ့ ဝတ္ထု တစ်ပုဒ်ပါ။

သာသနာတော် ထွန်းကားစည်ပင်ရာ မန္တလေးမြို့မှာ ရဟန်းပျိုအချို့ရဲ့ မှားယွင်းစွာ လုပ်ဆောင်မိကြတဲ့ အပြုအမူတွေ ၊ အဲ့ဒီအပြုအမူတွေထက် ပိုမို ဆိုးရွားတဲ့ ပါရာဇိက ကံ ထိုက်စွာ ပြုမူမိ ကြတဲ့ ရဟန်းအချို့ရဲ့ အပြုအမူတွေကိုလည်း ဖော်ပြထားပါတယ်။သံဃာတော် များစွာရှိတဲ့အထဲကမှ သံဃာအနည်းငယ်ရဲ့ အပြုအမူကိုသာကြည့်ပြီး အမြင်မစောင်းဖို့ကိုလည်း ကျိုးကြောင်းဆီလျော်စွာရှင်းပြထားပါတယ်။

ဒါပေမယ့် ကျွန်မသာ တင်တင်ထွေးဆိုရင်တော့ အနေနီးပြီး လိမ္မာလို့ ညွန့်ခင်ကိုလည်းသနားချစ်လေးချစ်မိပါတယ် ဆိုတဲ့ ကိုဧမောင်ကို နီးရာ ပစ္စည်းတခုခုနဲ့ ကောက်ပေါက် ပြီး သူတို့ ခေတ်က ပြောကြသလို "ဂဲဒေါက်" လို့ပြောပြီး နှင်ထုတ်မိမှာဖြစ်သလို ကျွန်မသာ ညွန့်ခင်ဆိုလည်း "တင်တင့်ကို ချစ်ပေမယ့် ညွန့်ကိုလည်း မပစ်နိုင်ဘူး " လို့လာပြောလို့ကတော့ " လစ်လေ " လို့ ပြောပြီး အိမ်ပေါ်က မောင်းချမိမှာပါပဲ။ စာအုပ်ထဲက အမျိုးသမီးတွေ သဘောထားကြီးကြရှာလို့ လေးစားမိရပါတယ်။

ဘာပဲဖြစ်ဖြစ် သူ့ခေတ် သူ့အခါ အပြောအဆို ၊ စီးပွားရေး ၊ နိုင်ငံရေးအခြေအနေနဲ့ သာသနာရေးတို့ကို အကောင်းဆုံးဖြစ်အောင် စေတနာပါပါ ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။ သဘောထား မကြီးတဲ့ ဂျေနု မို့လို့ လူ့သဘာဝတွေကိုလည်းနားလည်မပေးနိုင်ပဲ စာအုပ်ထဲမှာ အမျိုးသမီးနှစ်ဦးနဲ့ တိုင်ပတ်နေတဲ့ ကိုဧမောင်ကိုအမြင်ကပ်မိတာကလွဲရင်ပေါ့ ?...

ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ