Sandi Cho
ꕤ အချစ်ခံရအောင် ဘယ်လိုနေရမလဲ....?
➳ တစ်စုံတစ်ယောက်က ချစ်တာခံချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုအရင်ချစ်ဖို့ အရမ်းအရေးကြီးပါတယ်။ကိုယ့်ကိုယ်ကို ချစ်တဲ့နေရာမှာလည်း မှန်ကန်အောင် ချစ်တတ်ဖို့လိုပါတယ်။
✯ ကိုယ်တိုးတက်စေတဲ့ အရာတွေကို လုပ်မယ်။
✯ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကာကွယ်မယ်။
✯ toxic peopleတွေရဲ့ဝေးရာမှာနေမယ်။
✯ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်ထားမယ်။ဒီနေရာမှာ ကိုယ့်ကိုပြန်ထိခိုက်စေတဲ့အပျော်မျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။
✯ Self loveနဲ့selfishဖြစ်တာနဲ့ခွဲခြားနိုင်အောင်ကြိုးစားပြီးတော့ မှန်ကန်စွာ ချစ်တတ်ရမယ်။
ကိုယ်ကိုတိုင်က ကိုယ့်ကို မှန်ကန်အောင်ချစ်တတ်ပြီဆို ကိုယ့်ကို ချစ်တဲ့သူတွေလည်းရှိလာပါလိမ့်မယ်♡.
ꕤ ဂရုစိုက်ခံရအောင် ဘယ်လိုနေရမလဲ....?
➳ တစ်ခြားသူရဲ့စိတ်ဆိုတာ ကိုယ်ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။အဲတော့ ကျွန်မတို့အနေနဲ့ ကိုယ်ထိန်းချုပ်လို့ရတဲ့ အရာကနေစကြမယ်။
✯ ကိုယ့်ကိုယ်ကို အရင်ဂရုစိုက်ပါမယ်။
✯ ကိုယ့်ကိုယ်ကို တစ်ခြားလူတစ်ယောက်လို့သဘောထားလိုက်ပါ။ကိုယ်သိပ်ချစ်ရတဲ့ချစ်သူပေါ့။ကိုယ် ကိုယ့်ချစ်သူအပေါ်မှာ ဘယ်လိုလုပ်ပေးတတ်လဲ?
✯ လက်ဆောင်လေးတွေ၀ယ်ပေးမယ်။
✯ အားပေးစကားလေးတွေပြောတယ်။
✯ နေမကောင်းဖြစ်ရင် ဂရုစိုက်ပေးတယ်။
✯ အဲလိုပဲ ကိုယ့်ကိုယ်ကို ကိုယ့်ရဲ့ချစ်သူတစ်သဘောထားပြီး ဂရုစိုက်ပေးပါ။လက်ဆောင်လေးတွေ၀ယ်ပေးမယ်။ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်ပေးမယ်။ကိုယ်ကျန်းမာရေးကိုဂရုစိုက်မယ် ။အစရှိသဖြင့်ပေါ့...
ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်လာရင် တစ်ခြားသူရဲ့ဂရုစိုက်မှုကို တောင်းတတဲ့စိတ် လျော့နည်းသွားပါလိမ့်မယ်..
ꕤ တန်ဖိုးထားခံရအောင် ဘယ်လိုနေရမလဲ....?
➳ တန်ဖိုးထားတာခံချင်ရင် တန်ဖိုးရှိအောင် နေတတ်ဖို့လိုပါတယ်။
တန်ဖိုးရှိအောင်ဘယ်လိုနေမလဲ?
✯ စာတွေဖတ်မယ်။
✯ အသိပညာဗဟုသုတကြွယ်၀အောင်နေမယ်။
✯ လူတွေကို ကူညီပေးမယ်။
✯ နှလုံးသားရော၊ဦးနှောက်ရောပေါင်းပြီး မျှတစွာ ဆုံးဖြတ်မယ်။
✯ စိတ်ကလေးကို အကြည်ဓာတ်လေးရအောင်နေကြမယ်။ရုပ်အလှထက် စိတ်အလှကပိုအရေးကြီးပါတယ်။ကိုယ်ရဲ့ စိတ်ကကိုယ့်ရဲ့ အပြင်ပန်းပုံစံကိုသွားသက်ရောက်ပါတယ်။အေးချမ်းတဲ့စိတ်ကလေးရှိတဲ့သူက သူ့မျက်နှာကြည့်လိုက်ရုံနဲ့ အခြားသူတွေပါ အကြည်ဓာတ်လေးရတယ်။အဲဒါကြောင့် စိတ်လေးကို အကြည်ဓာတ်လေးရှိအောင်နေကြမယ်။
✯ ကိုယ့်ကို ကိုယ့်တန်ဖိုးရှိတယ်ဆိုတဲ့ စိတ်ကိုမွေးထားကြမယ်။မိန်းကလေးတစ်ချို့က တအားအတွေးများပါတယ်။သူကတော့ လှလိုက်တာ။ငါကျဘာလို့မလှတာပါလိမ့်။အဲလိုတွေမတွေးပါနဲ့။
ကိုယ်ရဲ့ဖြစ်တည်မှုကို ကိုယ်ချစ်ပါ။ကိုယ့်ကိုယ်ကို လက်ခံပါ။
✯ ကိုယ့်ရဲ့အားသာချက်တွေအတွက် ကျေးဇူးတင်ပါ။
✯ကိုယ့်ရဲ့ အားနည်းချက်တွေကိုလည်း ထွေးပွေ့နှစ်သိမ့်ပေးရင်း ချစ်ပါ။
ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင်နေတတ်မယ်ဆို တန်ဖိုးထားတဲ့သူတွေလည်း ရှိလာပါလိမ့်မယ် .⸙•°
22.5.2024?
#SandiCho
#အချစ်ခံရအောင်ဘယ်လိုနေရမလဲ?
Keep Reading