Author's Profile Photo

သင်္ကေတ

22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ညောင်ရေသွန်းပွဲ

1 min read
General Knowledge
Culture
History
ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ညောင်ရေသွန်းပွဲ's photo

ဒီနေ့မှာ သာသနာတော်နှစ် ၂၅၆၈ခုနှစ်၊ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်(၁၅)ရက်(၂၂.၅.၂၀၂၄)ဗုဒ္ဓဟူးနေ့ ဖြစ်သည်။ ဤနေ့သည် ဗျာ၊ဖွား၊ပွင့်၊စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့လည်းဖြစ်ပေသည်။

  • ? ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
  • ? ဖွား - က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
  • ? ပွင့် - က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
  • ? စံ - က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။


ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

  • ? ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။


  • ? မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။


  • ? မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။


  • ? မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။


ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။

ကဆုန်လပြည့်နေဟုပြောကြသောအခါ ညောင်ရေသွန်းပွဲပါမျက်စိထဲ ‌တန်းပေါ်လာသည်။
ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။ ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

My_Collections_Channel

  • https://t.me/My_Colllections_Channel


စာဖတ်သူများအား ‌ထာဝစဉ်လေးစား လျှက်....

၂၂ ‌မေလ ဗုဒ္ဓဟူးနေ့ ၂၀၂၄
၇:၄၀ (@Ag)

#Buddha'sDay
#ref: google

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းကိုယ့်ကိုယ်ကိုယ်ကုစားနည်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) International Jazz Dayစာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂)