Author's Profile Photo

စာကြမ်းပိုး

21/05/2024

ကျောက်ပျဉ်ပေါ်မှ သနပ်ခါးစက်များ ငွေဇင်ယော်ဦး (မိုးကုတ်)

1 min read
Book Review
ကျောက်ပျဉ်ပေါ်မှ သနပ်ခါးစက်များ
ငွေဇင်ယော်ဦး (မိုးကုတ်)'s photo



အခုမှဖတ်ဖူးတဲ့ ကလောင်တစ်ခုဆိုပေမယ့် အင်မတန် ဖတ်လို့ကောင်းပြီး ရသလည်းမြောက်တဲ့စာအုပ်လေးတစ်အုပ် ၊ အဓိပ္ပါယ်ရှိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုပါရစေ ။

လက်တွေ့ဘဝကို ထင်ဟပ်စေတဲ့ ဝတ္ထု ၊ အမျိုးသမီးတွေရဲ့ အိမ်ထောင်ဖက်ရွေးချယ်မှုမှာ ကြုံရတဲ့အခက်အခဲတွေ ၊ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ ဆန်းကြယ်မှု ၊ ကံဆိုး ၊ ကံကောင်းမှုတွေ စသဖြင့် အတွေးတွေ အများကြီး ဆင့်ပွားစေပါတယ်။

သူ့အမှာစာလေးထဲကအတိုင်းပဲ ။ ဟိုးအရင်က ရေးခဲ့တဲ့စာလေးမှာ ပကတိရိုးသားမှုတွေကို ချစ်ခင်ဖွယ်ရာ တွေ့လိုက်ရတယ် လို့ ဆိုချင်ပါတယ်။

"မိန်းမသားဘဝဟာ ကျောက်ပျဉ်ပေါ်တင်သွေးရတဲ့သနပ်ခါးစက်တွေလိုပဲ " တဲ့ ။

အသိအမှတ်ပြုမိတဲ့ ချစ်စရာအရေးအသားနဲ့ စာအုပ်လေးတအုပ်ပါပဲရှင်။

ဝတ်မှုံလေး (စာကြမ်းပိုး)

Keep Reading

စာရေးဆရာနတ်နွယ်ဆိုတာThe Fall Of Spartacusအိုးမဲ့အိမ်မဲ့ဘဝမှ ဟားဗက်တက္ကသိုလ်သို့𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚Victor Hugo ပေးတဲ့သင်ခန်းစာအဆန့်အဖျက်လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြဿနာညကာရာမာဇော့ညီအစ်ကိုများပီကင်း