SarPhat Author
BA, BSc and BE ဆိုတဲ့ စကားလုံးတွေကို မြင်ဖူးပေမယ့်
BA, BSc and BE ဆိုတာ ဘွဲ့နာမည်တွေလို့ပဲ သိထားတာ တကယ်တမ်း ပြောရရင် အဲထက်ဘာမှ ပိုမသိခဲ့ပါဘူး။
Knowledge level ညံ့တာရယ် IQ နိမ့်တာရယ် လေ့လာမှု အားနည်းတာကြောင့်လည်း ပါချင်ပါမှာပေါ့လေ။
Software engineering လို့ ရေးထားတော့ မိတ်ဆွေတစ်ယောက်က အမ အဲတာ BA လား BE လား BSc လား ညီမ မသိလို့ဆိုတော့
အမှန်ဆို ကိုယ်လည်း မဖတ်ထား။ မလေ့လာထားတော့ တန်းပြီး မပြောပြနိုင်ဘူး။
အဲတာနဲ့ အသိ အင်ဂျင်နီယာဆီ မေးကြည့်တော့ သူတော်တော် စိတ်ရှည်လက်ရှည်စွာပဲ ရှင်းပြရှာတယ်။
BA ရဲ့ အရှည်ကောက်က Bachelor of Arts
BSc က Bachelor of Science
BE က Bachelor of Engineering ဆိုတာကို
အရင်ပြောပြတယ်။
ကိုယ်ဟာ A ဆိုတာ Arts, Sc ဆိုတာက Science နှင့် E ဆိုတာက Engineering ဆိုတာကို သတိမမှု
ဂူမမြင်ဆိုတဲ့ အတိုင်း မစဉ်းစားခဲ့မိဘူး။
အဲတာနဲ့ ကိုယ်ဆက်ပြီး တီးခေါက်ကြည့်တော့ BSc ဆိုတာက သိပ္ပံဘွဲ့ဆိုတော့ Botany, Physics, Chemistry, English တွေလားလို့လေ။
BSc and BE ဟာ ခပ်ဆင်ဆင်ပဲနော်။ ပုံသေနည်းတွေက ရှိပြီးသား စာအုပ်ကြီးတိုင်း ပုံသေနည်းတိုင်း သွားမှ ရတာပေါ့နော။ နည်းနည်းလေးမှ အတိမ်းအစောင်း မခံဘူးလားလို့လေ။
BA ကျပြန်တော့ ဝိဇ္ဇာပညာဆိုတော့လေ စာအုပ်ကြီးတိုင်း တသွေမတိမ်းလိုက်လုပ်စရာ မလိုဘူး။ ကိုယ်တွေးရင် တွေးနိုင်သလို တွေးလို့ရတယ်။ BA က လွတ်လပ်တဲ့ အရာလိုမျိုးပဲနော်။
Art စာရေးဆရာဆို သူ့မှာက ဘောင်ခတ်မှုတွေ စည်းတွေ မရှိဘူး။ freedom လုပ်လို့ရတယ်။ ကြိုက်သလို တွေးတောနိုင်လားလို့လေ။
အင်ဂျင်နီယာပြန်ပြီး ဆွေးနွေးတာက ဘာပဲဖြစ်ဖြစ် ပုံသေတွက်ထားလို့မှ မရတာ။ သူ့ Estimate နဲ့သူပေါ့။
အမှန်တော့ ဘယ်ဟာမှ မမှားတာကောင်းပါတယ်။ ဥပမာ အထပ်မြင့် အဆောက်အဦးဆိုရင် အဓိက main တိုင်တွေမှာ နပ်တလုံး ကျန်ခဲ့တာတို့။
ကိုယ့် ခံယူချက် ကိုယ့် talent နဲ့လည်း ဆိုင်ပါသေးတယ်။
ဥပမာ နည်းပညာသမားဆိုပေမယ့် Formula ထဲကနေ ဖောက်ထွက်ပြီး ကိုယ့် idea နဲ့ ကိုယ် ပိုကောင်းအောင် Modify လုပ်လို့ရတယ်လေ။
အဲ့တာမှ နည်းပညာ အသစ်အသစ်တွေ ပေါ်လာမှာပေါ့။
Software engineering က အသစ် အသစ်တွေကို ဖောက်ထွင်းရတယ်။ Update လုပ်ရတယ်။ နည်းပညာအသစ်ကို ထီထွင်ဖန်တီးရတယ်။ သူပြောတဲ့ ဒီအချက်ဟာ ကိုက်ညီမှု ဆက်စပ်မှု ရှိနေတယ်။
စာရေးဆရာ ဆိုလည်း သူများနဲ့ မတူတာတွေ စိတ်ဝင်စားစရာတွေ ရေးနိုင်ရင် ပိုကောင်းတာပေါ့။ သူ့ရဲ့ အမြင်လေး ပြောပြတယ်။
ဒီနိုင်ငံမှာက ဘွဲ့ဆိုတာကြီးက ကိုယ်စိတ်ဝင်စားတာနဲ့ ယူလို့မရဘူး။
ဆယ်တန်းအမှတ်နဲ့ ခွဲပြီးယူနေကြရတာ။ ဝါသနာ ပါတာနဲ့ ကိုယ်လုပ်နေရတာနဲ့ တလွဲစီတွေပါ။ ဥပမာ ဖြူဖြူကျော်သိန်းလိုပေါ့။ ဝါသနာက အဆိုတော် ဘွဲ့ရတာက ဆရာဝန်
ဘွဲ့နဲ့သာ လုပ်စားရင် ဖြူဖြူကျော်သိန်းဟာ ဘာမှန်းဆိုတာတောင် သိမှာ မဟုတ်ဘူး။
အရင်ခေတ် လက်ခံထားကြတာက အလုပ် ၁ခုထဲမှာ ၀န်ထမ်းတွေ မြဲရမယ်။ ဒါမှ ရာထူးလည်း အတက်မြန်မယ်။
Company က ၀န်ထမ်းအပေါ် ကြည့်ပေးရင် ဒီ Logic ကြီးက မှန်တယ်။ ရေရှည်ကြာကြာလုပ်သင့်တယ်။
ဒီနေ့ခေတ်မှာကြတော့ ဒီ Logic ကြီးက အဆင်ပြေ မနေဘူး။ ခေတ်က ပြောင်းသွားပြီ။
အလုပ်တခုထဲမှာ အကြာကြီးနေတဲ့ ခေတ်မဟုတ်တော့ဘူး။
အသစ် အသစ်တွေ ပြောင်းမှ စိန်ခေါ်မှုကို လက်ခံတဲ့သူ အတွေးသစ် အမြင်သစ် အတွေ့အကြုံသစ်တွေ ရမှာပေါ့။
ဒါဟာ ကိုယ်နဲ့ အင်ဂျင်နီယာ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာလေးပါပဲ။ ကိုယ်တို့တွေထက် Knowledge level, IQ မြင့်တဲ့သူဖတ်မိခဲ့ရင် ဒီထက်အများကြီး တွေးခေါ်ကြံဆနိုင်မှာပါ။ အားရမှာတော့ မဟုတ်ပါဘူး။
ခင်ခင်ချော
Photo from goggle.
Keep Reading