Author's Profile Photo

Nwe Pyoe Pin

14/05/2024

"Stateကျောင်းမှငယ်ချစ်ဦး"

5 mins read
Art
18 Again
"Stateကျောင်းမှငယ်ချစ်ဦး"'s photo

ပျိုးကခုမှဝတ္ထုစရေးတာမို့အမှားပါရင်ဝေဖန်ပြောကြားပေးနိုင်ပါတယ်ရှင့်
ဇာတ်လမ်းထဲမှာပျိုးကိုယ်တိုင်တွေ့ကြုံခဲ့တဲ့အချစ်ဦးပုံစံလေးပုံဖော်ထားတာပေါ့နော်


2019-2020ပညာသင်နှစ်ရဲ့အစပိုင်းမှာ❣️❣️
ငြိမ်းရဲ့နဝမတန်းနှစ်..
ငြိမ်းမိဘတွေခရီးထွက်ဆဲအချိန်ဆိုတော့ငြိမ်းကဘွားနဲ့နေရင်းကျောင်းတက်ခဲ့တယ်
အဆောင်တွေမနေနိုင်တော့ငြိမ်းလည်းဘောဂတွဲပဲယူ‌လိုက်ရတယ်
ပထမဆုံး‌ကျောင်းဖွင့်ချိန်မှာနဝမတန်းCခန်းမှာပေါ့
ငြိမ်းနဲ့အတူပြည့်စုံဆိုတဲ့ကောင်မလေးရောတူတူရှိခဲ့တယ်။

"ငြိမ်းရေနင်နဲ့ငါတူတူထိုင်မယ်နော်"
အေးပါတူတူထိုင်ကြတာပေါ့..…

ငြိမ်းတို့ကနောက်ဆုံးခုံလေးမှာထိုင်ရတယ်
ကျောင်းတက်ငါးရက်မြောက်နေ့မှာ

"ငြိမ်းမုန့်ဝယ်သွားမှာလိုက်ဦးမလား"

တော်ပြီဟာငါမလိုက်တော့ဘူးနင်ပဲသွားတော့
ဒါဆိုငါသွားပြီနော်...
အေးအေးမြန်မြန်ပြန်ခဲ့အုံး.....

ပြည့်စုံသွားတော့ငြိမ်းတစ်ယောက်တွေးနေရင်းပြတင်းပေါက်ဖွင့်ပြီးအပြင်ကိုထကြည့်ရာက
အမလေးးးလန့်တာ?

ငြိမ်းမြင်လိုက်ရတာသူ..….…
အသားဖြူဖြူအရပ်မြင့်မြင့်နဲ့ပြုံးလိုက်ရင်ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းလေးးးးးး
အဲ့ဒီကောင်လေးကငြိမ်းကိုကြည့်ပြီးရယ်လိုက်တယ်.....
ငြိမ်းကတော့ရှက်သွေးဖျာပြီးပါးလေးတွေရဲတက်သွားတာပေါ့နော်အဲ့အချိန်ငြိမ်းရဲ့ဘယ်ဘက်ရင်အုံကတဒုတ်ဒုတ်နဲ့ပေါက်ထွက်မတတ်ပဲ

ဟာ.…ငါဘာဖြစ်သွားတာလဲကောင်‌လေးကချောလိုက်တာပေါ့☺️?
စိတ်ထဲရေရွက်ရင်းကောင်လေးကလှမ်းခေါ်တာမကြားတော့

"ဟိတ်...ဒီမှာမင်းဖောင်တိန်...ရော့
ရှင်...ဟုတ်...ဟုတ်ကဲ့ကျေးဇူးနော်..
ဟောဗျာ.....သူ့ကိုကိုက်စားမှာကျနေတာကြောက်နေပုံများ?
ခေါင်းလောင်းထိုးပြီသွားတော့မယ်နော်
ကောင်မလေး....?"

ငြိမ်းဆံပင်လေးကိုထိုးဖွသွားလေရဲ့
ငေးကြည့်ရင်ကျန်ခဲ့သူကတော့ငြိမ်းပဲပေါ့
မနက်ဖန်ဆိုကျောင်းကပိတ်ပြန်ပီ
ငြိမ်းတစ်ယောက်တော့ကျောင်းပိတ်တာကိုမပျော်နိုင်ဘူးအဲ့ကောင်လေးကိုတွေ့ချင်နေလေရဲ့❣️

ကျောင်းဖွင့်ရက်ရောက်ခဲ့ပြီ
ကျောင်းဝန်းထဲလျှောက်ရင်းဟိုငေးဒီငေးနဲ့ဝင်လာခဲ့ရာ
ငြိမ်းနောက်ကအသံရှင်ကဆွဲတာခံလိုက်ရတယ်

"ဟိတ်...ခေါ်နေတာကြာပြီမကြားတာလား
ဘာတွေငေးပြီးသွားနေတာလဲ ကိုယ့်ကိုတောင်မမြင်ဘူး
နင်....ဘာလို့ငါ့ကိုဆွဲတာလဲ?
စွာလိုက်တာကြောက်လာပြီနော် ဆွဲနမ်းမိတော့မယ်?
ဟာပိုင်စိုးပိုက်နက်နဲ့အရူးကောင်"***

ခြေထောက်တက်နင်းပြီးပြေးလာခဲ့တယ်
ဒေါသတွေအလိတ်လိတ်နဲ့ထွက်သွားတဲ့
ကောင်မလေးကိုကြည့်ရင်း☺️
ကောင်လေးကတော့ရယ်ပြီးကျန်ခဲ့တယ်
"ချစ်ဖို့ကောင်းလိုက်တာကောင်မလေးက......"?
အားလပ်ချိန်မှာငြိမ်းစာလုပ်နေတုန်း
ငြိမ်းရဲ့အခန်းသူရောက်လာတော့တယ်

"ဟိတ်စိတ်ဆိုးနေတုန်းလား....စတာပါကွာ
မင်းနာမည်ဘယ်လိုခေါ်လဲပြောပါလား"
မသိဘူးနင်ဘာလာလုပ်ပြန်ပြီလဲ...
စာအုပ်ဖုံးပေါ်ကအမည်လေးက?
ဪငြိမ်းပေါ့ လှတယ်နော်
☘️ကိုယ့်နာမည်ကရှိုင်းထက်ပါ ငြိမ်းနဲ့ခင်လို့ရမယ်မို့လား☘️
ငြိမ်းနဲ့သူငယ်ချင်းမဖြစ်ရရင်ကိုယ်မပြန်ဘူးနော်

ပြန်ချင်ပြန်မပြန်ချင်နေပေါ့ငါ့အပူမပါဘူးနော်?
အဲ့လိုပေါ့စိတ်ပုတ်လိုက်တာ ကောင်မလေးက
တကယ်မပြန်ဘူးနော်ကိုယ်ကထိုင်စောင့်နေမှာ
ငြိမ်းဘေးဝင်ထိုင်ရင်း ငြိမ်းကိုစိုက်ကြည့်နေလေရဲ့??

ဘေးကကျောင်းသူတွေကကွက်ကြည့်ကွက်ကြည့်လုပ်နေကြတယ်
ကြာတော့ငြိမ်းလဲမနေတတ်တော့ဘူး

"နင်ပြန်မှာလားမပြန်ဘူးလားငါဆရာမနဲ့သွားတိုင်မှာနော်"
ကိုယ်ပြောပြီးပြီပဲမပြန်ပါဘူးဆို
ဆရာမမေးလည်းကိုယ့်ကောင်မလေးကိုယ်ထိုင်ကြည့်တာလို့ပြောလိုက်မှာပေါ့?
နင်နော်....❣️ခြေချော်ပြီးရှိုင်းရင်ခွင်ထဲဝင်သွားလေရဲ့
ငြိမ်းမျက်နှာလေးပူထူသွားပါလေရော
ဟို..….နင်....နင်..ပြန်တော့နင်ပြောသလိုငါလုပ်မယ်
"ဟိတ်မျက်နှာကြီးဟိုဘက်လွှဲပြီးပြောနေပြန်ပြီ
စောစောတည်းကခုလိုဆိုပြီးနေပြီ"

ကိုယ်ကတော့ခြေချော်သွားတာလေးကိုကျေးဇူးတင်တယ်
ကိုယ့်ရင်ခွင်ထဲတစ်ခါတည်းဝင်သွားလို့
ဟီးဟီးးးးးသွားပြီနော်ကောင်မလေး❣️?

ညနေကျတူတူပြန်မယ် စောင့်နေနော် ပြန်နှင့်လို့ကတော့ဖက်နမ်းပစ်မှာ
ပြောချင်ရာပြောပြီးထွက်သွားလေရဲ့
ငြိမ်းလည်းမငြင်းသာတော့ဒီတိုင်းပဲနေလိုက်ရပြန်တယ်...

အဲ့ညနေကရင်ခုန်တတ်စအရွယ်လူငယ်နှစ်ယောက်ပိုပြီးရင်းနှီးသွားကြလေရဲ့
အဲ့လိုနဲ့ခင်လာကြတာသူငယ်ချင်းထက်ပိုတဲ့ခံစားချက်လေးတွေဖြစ်ခဲ့ကြတယ်??

တစ်နေ့မှာငြိမ်းတစ်ယောက်သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့စကားပြောတုန်း
ရှိုင်းရောက်လာပြီးဆွဲထိုးလိုက်တယ်??
ငြိမ်းလက်ကိုဆွဲခေါ်သွားပြီး
ရှိုင်းနင်ဘာလုပ်တာလဲ လွှတ်နော်...လွှတ်လို့ပြောနေတယ်လေ....ငြိမ်းအော်လိုက်တော့
လက်ကိုလွှတ်ချလိုက်တယ်...
ငြိမ်းနင်ငါကလွဲပြီးတခြားကောင်တွေနဲ့မရောပါနဲ့ဟာ?(မျက်ရည်တွေဝဲပြီးပြောလာတဲ့စကား)
ငါလေနင့်ကို....❣️
တော်လိုက်တော့ရှိုင်း....
နင်ဆက်မပြောနဲ့တော့...နင်လုပ်တာလွန်တယ်ဟာ
ငါလေနင့်ကိုတစ်ခါမှမငြင်းဖူးဘူး
နင်ပြောတာတွေအကုန်လုပ်ဖူးတယ်
ငါလည်းငါ့ဘဝနဲ့ငါပါဟာ..ငါ့ကိုမချုပ်ချယ်ပါနဲ့
ငါ့ဘာသာအေးဆေးနေပါရစေ
ငါအရမ်းပင်ပန်းလာပြီဟာ
ပြီးတော့နင်နဲ့ငါနဲ့ကသူငယ်ချင်းတွေလေ??
နင့်မှာလည်းချမ်းတစ်ယောက်လုံးရှိနေပြီလေ...

ချမ်းဆိုတာကရှိုင်းရဲ့8တန်းတုန်းကကောင်မလေး
မကြာသေးခင်ကငြိမ်းကိုပွဲလာကြမ်းသွားတဲ့သူပေါ့
ရှိုင်းမှာချစ်သူရှိတယ်ဆိုတာအဲ့တုန်းကမှသိရတာ
ရှိုင်းကငြိမ်းကိုမပြောပြဖူးဘူးလေ
အဲ့မတိုင်ခင်ကငြိမ်းလည်းရှိုင်းအပေါ်မရိုးသားတဲ့ခံစားချက်လေးတွေရှိခဲ့တာပေါ့?
ချမ်း‌လာပြီးနောက်ငြိမ်းသိလိုက်ရတာကခံစားချက်တွေကိုသိမ်းဆည်းထားလိုက်ဖို့ဆိုတာပေါ့??
အဲ့နေ့ကချမ်းပြောသွားတာရှိုင်းနဲ့ဝေးဝေးနေပေးပါတဲ့
အဲ့ကတည်းကငြိမ်းရှိုင်းကိုရှေုာင်နေခဲ့တယ်
ရှိုင်းလာပြီဆိုပုန်းနေခဲ့တယ်
မရှောင်သာဘူးဆိုရင်လည်းအကြောင်းအမ‌ျိုးမျိုးပြပြီးတခြားနေရာကိုထွက်ခဲ့တယ်
ရှိုင်းကရိတ်မိနေပေမဲ့မမေးခဲ့ဘူး
နောက်ဆုံးတော့ရှိုင်းဆီချမ်းရဲ့သတင်းရောက်ခဲ့တာပေါ့
ရှိုင်း..ချမ်းကိုဒေါသထွက်သွားတယ်
သူနဲ့ချမ်းကနဝမတန်းအစတည်းကပြတ်သွားတာကြာပြီလေ
ချမ်းကသူ့အပြင်တခြားတစ်ယောက်ကိုရွေးသွားတာလေ
ခုကျမှချမ်းကသူ့ဆီပြန်လာချင်တော့ရှိုင်းကလက်မခံဘူး
ချမ်းလည်းကြံရာမရတော့သူ့ကိုပြန်မတွဲနိုင်ရင်
ရှိုင်းလည်းမပျော်ရဘူးပေါ့အဲ့အချိန်ရှိုင်းချစ်နေတာငြိမ်းမှန်းသိသွားတော့
ငြိမ်းဆီမဟုတ်တဲ့စကားတွေသွားပြောတာပဲ

အဲ့အကြောင်းကြောင့်ငြိမ်းရှောင်နေတာသိတော့
ရှင်းပြဖို့လာရာကတခြားကောင်လေးနဲ့စကားပြောနေတာတွေ့သွားပြီး
ဒေါသမထိန်းနိုင်ဘဲထိုးချလိုက်ရင်းဆွဲခေါ်လာခဲ့တယ်....
အစကတော့ရှင်းပြမလို့ပဲနောက်တော့
ငြိမ်းဆီကမထင်မှတ်တဲ့စကားတွေကြောင့်

အေးပါဟာ....နင်ငါ့ကိုမရှိစေချင်ဘူးဆိုလည်း
ငါထွက်သွားမယ်ငြိမ်း...?
ငြိမ်းလည်းငိုချပလိုက်တယ်??
...........
ကိစ္စတွေကတစ်ခုပြီးတစ်ခုဖြစ်သွားတယ်
နှစ်ဝက်စာမေးပွဲမတိုင်ခင်
အဲ့ကိစ္စတွေဖြစ်ပြီးနောက်ပိုင်း
ငြိမ်းနဲ့သူနဲ့စကားမပြောဖြစ်တော့ဘူး
စာမေးပွဲလည်းပြီးရောရှိုင်းတစ်ယောက်ကျောင်းပြောင်းသွားခဲ့တယ်။
ငြိမ်းကိုတော့ပြည့်စုံဆီကတဆင့်
လက်ဆောင်ဘူးလေးပါးထားခဲ့လေရဲ့??
"ငြိမ်း...နင်သိပြီးပြီလား"

ဘာကိုလည်းပြည့်စုံ
ရှိုင်းလေ....ကျောင်းပြောင်းသွားပြီဟ...
ဟင်..ငါလည်းမသိရပါလား
အေးဟ...သူမနေ့ကငါ့ဆီပြောသွားတာ
ရော့...ဒါသူပေးသွားတာနင့်အတွက်တဲ့?❣️

နင်ကသူရှင်းပြတာပါ့နားမထောင်တာ
သူနဲ့ချမ်းကပြတ်တာကြာလှပြီ
ချမ်းကတမင်အကျင့်မကောင်းတာ
ခုတော့ရှိုင်းလည်းသွားပြီနင်လည်းလွတ်လပ်သွားပြီပေါ့☘️
ငြိမ်းများပြောလိုက်တာလွန်သွားပြီဆိုပြီးစိတ်ထဲတွေးရင်းငေးသွားတယ်
လက်ဆောင်ဘူးလေးကြည့်ရင်း
ငြိမ်းတွေးရင်းတွေးရင်းငိုချလိုက်တော့တယ်။
☘️☘️☘️❣️❣️❣️❣️
ရှိုင်းရယ်ငါနင့်ကိုတောင်းပန်ပါတယ်ဟာ??
ငါသူ့ကိုအဲ့လောက်ထိမရည်ရွယ်ပါဘူးဟာ
ချမ်းပြောသွားတာလည်းနင်ခံစားကြည့်လေ
နင်သာငါ့နေရာမှာဆိုရင်.....??
အေးပါငါနားလည်ပါတယ်...
ဘယ်တတ်နိုင်မလဲနင်နဲ့သူနဲ့ကဒီလောက်ပဲကံပါလာတယ်ယူဆရုံပေါ့
ကံမကုန်ရင်တော့ပြန်တွေ့မှာပါ...
အေးပါဟာ...
ငြိမ်းတစ်ယောက်လက်ဆောင်ဘူးလည်းဖွင့်မကြည့်တော့ဘူး
အဲ့လိုနဲ့ငြိမ်းလည်းကျောင်းဆက်တက်ရင်း
ကိုးတန်းအောင်သွားတယ်
ကြားထဲမှာရှိုင်းဆီကစာတွေရပေမဲ့ဖွင့်မဖတ်ဖြစ်ဘူး
ဆယ်တန်းရောက်တော့လည်းစာတွေပဲလုပ်နေရတော့
အဲ့အကြောင်းတွေမတွေးဖြစ်တော့ဘူး
စာတွေလည်းရပ်သွားတယ်။
??????

ဆယ်တန်းနှစ်ဝက်မှာရှိုင်းရဲ့သတင်းတစ်ခုကြားလိုက်ရတယ်ရှိုင်းတခြားမြို့ကိုပြောင်းသွားပြီဆိုတဲ့သတင်း
အဲ့မတိုင်ခင်ရှိုင်းကျောင်းကိုရောက်လာခဲ့ပြီး
သူသွားတော့မယ်ဆိုတဲ့အကြောင်း
ငြိမ်းကိုသူနှုတ်ဆက်သွားသေးတယ်
အဲ့နေ့က.......
ကိုယ်သွားတော့မယ်?
ငြိမ်းဆီပို့ထားတဲ့စာလေးတွေကမရောက်တာလား
ငြိမ်းမကြည့်မိတာလားတော့မသိပေမဲ့ဖတ်ဖြစ်အောင်ဖတ်လိုက်ပါနော်
တစ်နေ့တော့ငြိမ်းဆီကပြန်စာလေးရချင်သေးတယ်....❣️
ငြိမ်းဘာမှမပြောလိုက်နိုင်ဘူးသူ့ကိုလက်ဆောင်တော့ပေးလိုက်ပါတယ်။
ငြိမ်းမပြောလိုက်ရမှာစိုးလို့သူ့ကိုလက်လွှတ်ရမယ်ဆိုလည်းနောင်တမရှိအောင်?
အမြဲတမ်းဖုန်းကွယ်ထားခဲ့တဲ့အရာလေး
ဒိုင်ယာရီစာအုပ်လေးတစ်အုပ်..

သူပေးတဲ့စာတွေမဖတ်ဖြစ်ဘူးဆိုပေမဲ့မနေ့ကငြိမ်းဖတ်လိုက်တယ်.......
ငြိမ်းရဲ့လက်ဆောင်ကတော့သူ့ကိုပျော်စေမှာပါ။

ပြောလိုက်သေးတယ်လက်ဆောင်ကိုဟိုရောက်မှဖွင့်ကြည့်ပါနော်ကံမကုန်ရင်ပြန်ဆုံမယ်ရှိုင်း❣️
"အရူးကောင်နင့်ကိုငါလွမ်းနေတော့မှာ"
ငြိမ်းပြောလိုက်တဲ့စကားကြောင့်
သူရယ်ပြသွားတယ်သူနဲ့စတွေ့တုန်းကငြိမ်းကြွေရတဲ့အပြုံးလေး??
သူ့ရဲ့ရည့်မှန်းချက်တွေငြိမ်းကြောင့်မပျက်စေချင်ဘူးလေ

အဲ့လိုနဲ့သူနဲ့ငြိမ်းဝေးသွားကြတယ်ဆိုပါတော့....

ငြိမ်းရဲ့လက်ဆောင်လေးသူဖွင့်ကြည့်ဖြစ်ရင်
သူငြိမ်းဆီပြန်လာမှာပါ??
အဲ့အကြာင်းတွေကိုမေ့ထားရင်းစာပဲလုပ်လာခဲ့တာ
‌ဆယ်တန်းမှာဂုဏ်ထူး5ဘာသာပါခဲ့တယ်
ငြိမ်းလည်းနည်းပညာကျောင်းဆက်တက်ပြီးနည်းပြဝင်လုပ်ခဲ့တယ်အဲ့နောက်ပိုင်းတော့........

ငြိမ်းရေ......
မေကြီး....❣️❣️
ပြိုင်တူခေါ်လိုက်တဲ့အသံကြောင့်ငြိမ်း‌အတွေးတွေရပ်သွားပြီးလှည့်ကြည့်လိုက်တယ်။
ငြိမ်းတွေ့လိုက်တာကနှစ်လိုဖွယ်ကောင်းတဲ့သမီး‌‌ေလးရယ်ဘေးကနွေးထွေးမှု‌ေလးဖြစ်တဲ့တစ်ချိန်ကငြိမ်းရဲ့ရင်ခုန်သံလေးရယ်ပေါ့နော်

ငြိမ်းကလည်းကိုယ်တို့ရဲ့အကြောင်းတွေးနေပြန်ပြီထင်တယ်☺️
ဒါပေါ့ကိုရယ်....
ငြိမ်းပြောရတာမောနေမှာစိုးလို့ကျွန်တော်ကပဲရှင်းပြပါ့မယ်ဗျာ.....
ဒီလိုဗျ....
ကျွန်တော်တခြားဆီပြောင်းတော့မယ်အချိန်ငြိမ်းဆီကလက်ဆောင်ရခဲ့တယ်လေ
သူပြောသလိုပဲဟိုကိုရောက်တော့ဖွင့်ကြည့်ခဲ့တယ်
အဲ့မှာရေးထားတာက....❣️❣️
ငါနင့်ကိုချစ်တယ်ရှိုင်း....စတွေ့တည်းကနင့်ကိုသဘောကျခဲ့တာ..
နင်‌ပို့တဲ့စာတွေငါရပါတယ် ဖတ်လည်းဖတ်တယ် နင့်ရဲ့အိမ်မက်တွေနောက်လိုက်ပါနော် ငါ့ကြောင့်မပျက်စီးစေချင်ဘူး ငါ့ဆီကပြန်စာလည်းရပြီဆိုတော့နင်စိတ်ချပါ....ငါနင်ကလွဲပြီးစောင့်စရာလူလည်းမရှိပါဘူး အရူးကောင်
မှ
ငြိမ်း

ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်ကတော့ ကျောင်းဆရာပေါ့ဗျာ...

အဲ့ပြန်စာလေးကြောင့်ကျွန်တော်
ပညာရေးတက္ကသိုလ်မှာပဲဝင်ခွင့်လျှောက်ခဲ့တယ်
First year ပြီးတော့
ကျွန်တော်ငြိမ်းဆီပြန်ခဲ့ပြီး
လက်ထပ်ခွင့်တောင်းခဲ့တယ်finalပြီးတော့ကျွန်တော်တို့နှစ်ယောက်လက်ထပ်ကြတာပေါ့။

ခုတော့ကျွန်တော့ချစ်ရတဲ့ဇနီးရယ်၊ချစ်ရတဲ့သမီးလေးရယ်ပေါ့ဗျာ....☺️❣️

The End☘️☘️

ဒီဇာတ်လမ်းလေးမှာပြည့်စုံအကြောင်းလေးကခဏပဲပါသွားတယ်sryနော်
ချမ်းကတော့ဗီလိန်မလေးပေါ့??
‌ပျိုးကခုမှစရေးတာဆိုတော့ဇာတ်အိမ်ကသိပ်မကောင်းလို့စာဖတ်သူလေးတွေသည်းခံဖတ်ပေးနော်...အမှားပါရင်လည်းခွင့်လွှတ်ပါရှင့်
လိုအပ်တာလေးရှိရင်cmမှာအကြံပြုပေးပါအုံး
ပျိုးကစာစီစာကုံးအရမ်းညံ့ပါတယ်
ဝါသနာအရ‌ပထမဆုံး
စိတ်ကူးနဲ့ပုံဖော်ထားတဲ့ဇာတ်လမ်းလေးမို့အားပေးပါအုံးရှင့်။
#pyoe
14.5.2024(Tuesday)








Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့