Author's Profile Photo

SarPhat Author

12/05/2024

myanmar font တွေကို smart ကျကျ ရိုက်တတ်ဖို့ [ plan included ]

1 min read
Life Style
Education
General Knowledge
myanmar font တွေကို smart ကျကျ ရိုက်တတ်ဖို့ [ plan included ]'s photo

ကွန်ပျူတာ keyboard တွေကိုခဏခဏငုံ့ကြည့်ပြီး Myanmar Font တွေရိုက်နေရသေးတယ်ဆိုရင်တော့ website ကောင်းလေးနှစ်ခုနဲ့လေ့ကျင့်ကြည့်ပါ။

?(1) Myantype

သူက Beginner , Intermediate , Advance ဆိုပြီး အဆင့်ဆင့်ခွဲထားပေးပါတယ်။Lesson အသေးလေးတွေ တစ်ခုပြီးတိုင်း Review တစ်ခါ ၊ Practice တစ်ခါ ထပ်လုပ်ရတာမို့ မှတ်မိလွယ်ပါတယ်။ ကိုယ်မကျွမ်းကျင်သေးဘူးထင်ရင် နောက်တစ်ခေါက်ပြန်လေ့ကျင့်လို့ရပါတယ်။ ဘယ်လောက်အမြန်နှုန်းနဲ့ပြီးတယ် error ဘယ်လောက်ရှိတယ်ဆိုတာစစ်ပေးပါတယ်။

Website design ကရိုးရိုးရှင်းရှင်းလေးပါ။ အကြိုက်ဆုံးကတော့ ဘာကြေညာမှမပါတာကြောင့် မျက်စိရှုပ်သက်သာပြီး စာရိုက်တဲ့အပေါ် ပိုအာရုံထားစေနိုင်ပါတယ်။

?Review နဲ့ Practise အပိုင်းမှာ error တစ်ခု ပါသွားပြီဆိုရင် သူအပေါ်ကအကွက်ထဲမှာပေးတာတဲ့ စာနဲ့ အောက်က - (ဒတ်)ချ် အပြာလေးကိုသေချာကြည့်ပြီးရိုက်ပါ။သုံးကြည့်ရင် သဘောပေါက်သွားပါမယ်။

မြန်ဖို့ထက် ထက်မှန်ဖို့ကိုပဲ ဒီမှာအာစုံစိုက်လုပ်ပေးပါ။ လက်ချောင်းလေးတွေက ဘယ်နေရာမှာဘာရှိလဲ ဆိုတာ အကျင့်ပါစွာ အလိုအလျောက် မှတ်မိနေမှ speed တက်အောင်လေ့ကျင့်တဲ့အချိန် ထိရောက်မှာပါ။


ကျွန်မ english typing လေ့ကျင့်ခဲ့တုန်းက အတွေ့အကြုံပါ။

?(2) 10 Fast Finger Myanmar

မြန်မာ font တွေအားလုံးမှတ်မိသွားပြီဆိုမှ
( Myantypeက lessons တွေအကုန်ပြီးသွားပြီ)
ဒီ website ကိုလာဖို့ဆုံးဖြတ်ထားပါတယ်။ သူက စာရိုက်နှုန်းမြန်အောင်လေ့ကျင့်ပေးတာမို့ lesson တွေ အကန့်လိုက်နဲ့မလာပါဘူး။ သူပေးချင်တဲ့ စာလုံးတွေအများကြီးပေးထားမယ်။ ကိုယ်ကလိုက်ရိုက်ရမယ်။ အဓိက က မြန်နှုန်းကို train ပေးတာပါ။လက်ကွက်တွေမှတ်မိပြီးသား speed တင်ချင်တာဆိုရင်တော့ 10 fast finger ဆီသွားလို့ရပါပြီ။

?အနောက်က Myanmar ဆိုတာလေးပါ ထည့်ပြီးရှာရင်ပိုမြန်မြန်တွေ့ပါလိမ့်မယ်။ သူက ဘာသာစကားတော်တော်များများရဲ့ Font တွေကို train ပေးတော့ (မြန်မာသီးသန့်မဟုတ်) website ထဲသွား ဘာသာစကားရွေးနဲ့ နှစ်ခါမောနေမှာစိုးလို့။

ပုံမှန်ဆို ကိုယ်တိုင်က စာရှည်တွေကို laptop နဲ့ရေးရတာပိုသဘောကျတယ်။ ဒါပေမယ့် myanmar font ရိုက်တဲ့စကေးက အရမ်းနှေးပါတယ်။SarPhat app သုံးဖြစ်တော့ နောက်လည်းစာတွေရေးဖြစ်နေမှာ keyboard ပေါ်ရိုက်နိုင်အောင်လေ့ကျင့်တော့မယ်ဆိုပြီးမနေ့က websearch လုပ်ရင်း အဲ့ဒီ website လေးတွေ တွေ့တော့ အဆင်ပြေတာမို့ စာဖတ်သူတွေကိုပါ ဝေမျှပေးဖြစ်လိုက်ပါတယ်။ အဆင်ပြေကြပါစေ။


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ