SarPhat Author
အပိုင်း (၂)
အစပထမတွင် ကင်နချ် ဂွတ်သည် လူမျိုးစု အကြီး အကဲ၏ အကြံပေးစကားကိုငြင်းပယ်ခဲ့ပေမည့်လည်း အချိန်ကြာလာသောအခါ အတွေးတစ်ခု သူ့ခေါင်းထဲ့ဝင်လာခဲ့သည် ။
''ဒီအရပ် ဒီဒေသမှာ အရိုင်းမိန်ကလေးတစ်ဦကိုလက်ထပ် ပေါင်းသင်းနေထိုင်တာ အလွန်အမင်းဆိုးရွားလောက်မှာလည်းမဟုတ်ဘူလေ… ဒါဟာ သူတို့ရဲ့ဓလေ့ထုံးတမ်းနဲ့အညီဖြစ်လာလိမ့်မယ်လို့ သူကိုယ်တိုင်ကပင် တွေ့ကြည့်လာမိတယ်။ တစ်နည်းအားဖြင့် အဲဒီ စိတ်ကူးသည်ပင် သူ့အတွက် ဆွဲဆောင်မှုရှိလာခဲ့သည်။''
တကယ်လည်းပဲ သူနဲ့ ဟစ်ဆိုပွာတာရီရွာသားတွေ ပေါင်းစည်းနေထိုင်ခြင်ဟာ ဘယ်အတိုင်းအတာထိ ပိုပြီးခိုင်မာမှုရှိနိုင်မှာလည်း ” ဟူသော မေးခွန်းများနဲ့ သူကိုယ်သူယောင်ချာချာဖြစ်နေခဲ့သည်။
နောက်ဆုံ သူ့ဖက်က လက်ခံတဲ့အကြောင်း ပြောလိုက်အချိန်မှာ
” ယာရီမာကို ယူလိုက်ပါ။ ယေက္ဖကြီးက အဲဒီကလေးမကို ကြိုက်တာပဲလေ ။ ခုအချိန်ကစလို့ ယာရီမာကို ယေက္ဖကြီး ပိုင်သွားပြီ ” ဆိုပြီး လူမျိုးခေါင်းဆောင်က သူ့ကို
ပြောသည်။
မျိုးနွယ်စုအကြီးအကဲ၏ အငယ်ဆုံး ညီမတစ်ဦးဖြစ်သော ယာရီမာသည် ဖြတ်လပ်တက်ကြွနေတတ်သော အပျိုပေါက်မလေးတစ်ဦးဖြစ်ပြီး ထိုမိန်းကလေးအပေါ်မှာ ကင်နက်ချ်ဂွက်သည် အမှန်တယ် သဘောကျ နှစ်သက်ခဲ့သည်။ သို့သော် သူတို့နှစ်ဦအသက်က အများကြီးကွာဟနေသည်။ သူ့၏အသက်က ၃၆နှစ်ပြည့်နေချိန် ယာရီမာလေး၏အသက်က ၁၂နှစ်တောင် တင်းတင်းမပြည့်သေးပေ။
မင်္ဂလာ အခန်းအနားမလုပ်သရွေ့ အကြင်လင်မယားအဖြစ်မမြောက်သေးပေ။ ထိုအစဥ်အလာသည် နှစ်ဖက် မိသားစုများကြား ဆက်ဆံရေးကိုပိုပြီး ခိုင်မာစေသည်။ ဒါ့အပြင် နှစ်ဖက်အသိုင်းအဝိုင်းကြားက ပဋိပက္ခတို့ကိုလည်း တားဆီးကာကွယ်ရာရောက်သည် လို့ယုံကြည်ကြသည်။ ယာရီမာသည် ရှာပိုနိုရွာ၌ မိခင်နဲ့အတူး ဆက်လက်နေရသေးသည်။ အခါအားလျှော်စွာ ကင်နချ်ဂွတ်အတွက် အစားအသောက်များကို ယူလာပေးတတ်သည်။ ကင်နချ် ဂွတ်သည်လည်း အခြားကလေးများထက် ယာရီမာနဲ့အတူ နေပေးတဲ့အချိန်က
ပိုများလာသည်။
မြစ်ညှာပိုင်းကို ကင်နချ် ဂွတ်သွားရသောအခါတိုင်းမှာလည်း ကင်နချ်ဂွတ်နှင့် ယာရီမာတို့ ပိုပြီး ရင်းနှိီးလာခဲ့ကြသည်။ ထင်ကြေး ပြောရမယ်ဆိုရင် သူတို့နှစ်ဦးကြားဆက်ဆံရေးသည် ပိုပြီးလက်တွေကျသည်ဟု ဆိုရမည်ဖြစ်သည်။ ရွားသားများကလည်း သူတို့နှစ်ဦးကို အတူနေ ဇနီးမောင်နှံအဖြစ် ဝေဖန်သုံးသတ်လာကြသည်။ကင်နချ်ဂွတ်သည် အမေဇုန်တောနဲ့ အဝေးတစ်နေရာသို့ သွား ရောက်နေချိန်ဆို ယာရီမာလေးကို ပိုပိုပြီးလွမ်းမိလာတတ်သည်။
ဆရာဝန်များ၊ စိတ်ပညာရှင်များနှင့် မတူသည်မှာ မနုဿဗေဒပညာရှင်များသည် ၎င်းတို့၏ သုတေသနနဲ့ပတ်သက်လို့ လူမှုဆက်ဆံရေးနယ်ပယ်တွင် ဆက်ဆံရေးကို ကန့်သတ်ထားသည့် ကျင့်ထုံးစံနုန်းကုဒ်မျိုး မရှိကြပေ။ အပျော်အပါးအတွက်ဖြစ်စေ၊ လေ့လာစမ်းသပ်လိုလို့ဖြစ်စေ လိင်မှုနယ်ပယ်တွင် လိင်ဆက်ဆံကြတာကို အမြဲတမ်း ခွင့်ပြုထားသလားဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုံစရာများ လည်း တစ်ပုံကြီးရှိနေကြသည်။
ကင်နချ်ဂွတ်၏ကိစ္စ၌ သုတေသန အကြောင်းနဲ့ပတ်သက်မှုမရှိသော်လည်း သူနှင့် ယာရီမာတို့ကြားမှာ တွယ်တာမှုသံယောဇဥ်တစ်ခု ဖြစ်ထွန်းလာခဲ့သည်။ ယာရီမာက ကင်နချ်ကို ချစ်စနိုးနဲ့ ''နဖူးကြီး''လို့ ခေါ်လေ့ရှိသည်။ ကင်နချ်ကလည်း ယရီမာကို (ဘူချီခါ) ကလေးရယ်လို့ ချစ်စနိုးနှင့် အပြန်အလှန် ခေါ်လေ့ရှိကြသည်။
ယာနိုမာမီ လူမျိုးစုတို့၌ ရေတွက်သော စနှစ် မရှိတာကြောင့် ၎င်းတို့၏အသက် ဘယ်လောက် ရှိတယ်ဆိုတာကိုလည်းမသိကြပေ ။၎င်းတို့မှာ တစ်ခု ၊နှစ်ခု အများကြီး ဟူသော စကားလုံးများလောက်သာ ရှိကြသည်။ ဒါကြောင့် သူ၏ကိုယ်တွေ့ မှတ်တမ်း၌ ယာရီမာ၏အသက်နဲ့ပတ်သက်လို့ သူတို့ဇနီးမောင်နှံ ပထမဆုံး သံဝါသပြုသောအချိန်ကို ကင်နချ်ဂွတ်သည် အတိအကျမပြောနိုင်ပေ။ သူမအသက် ၁၅ နှစ်ခန့်ဆိုပြီး သူကရေးသားခဲ့သည်။
ကင်နချ်ဂွတ်ဖက်ကနေ ၎င်းတို့ စေ့စပ်ထားတာကို ပယ်ဖျက်လိုက်မည်ဆိုရင်လည်း ယာရီမာ အနေနဲ့ အခြားတစ်ယောက်ကို လပ်ထပ်ပေါင်းသင်းမှာပဲဖြစ်သည်။ ယာနိုမာမီလူမျိုးစုတို့ ဓလေ့အရ ယာရီမာအနေနဲ့ ခုလိုမျိုး ပထမအကြိမ် လိင်ဆက်ဆံလိုက်ပြီဆိုရင် ယောက်ကျားနဲ့အတူနေပြီး မိသားစုဘဝကို ထူထောင်သောအသက် အ ရွယ်တစ်ခု ဖြစ်သွားရသည်။
“ကျွန်တော်တို့တွေဟာ မိမိတို့ရဲ့ယဥ်ကျေးမှုကို ဗဟိုပြု ရှုထောင့်ကနေပြီး ကျွန်တော်တို့တွေရဲ့ ကိုယ်ပိုင်အမြင်တွေနဲ့ အကဲဖြတ်ဖို့ အမြဲကြိုးစားနေကြတယ် ။
ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေဟာ ကျွန်တော်တို့ ဖြတ်သန်းနေကြတဲ့ ခေတ်သစ်ကမ္ဘာနဲ့ အံဝင်ဂွကျ မရှိသေး ဘူးဆိုတာကို သတိပြုစေလိုတယ်။
မိန်းကလေးတွေဆိုရင်လည်း သူတို့ပထမအကြိမ် လိင်ဆက်ဆံလိုက်ပြီဆိုရင် အိမ်ထောင်ကျပြီးသား ဖြစ်သွားကြပြီ..။ ပြီးတော့ ကလေးတွေမွေးကြတော့တယ် ” ဟူ၍
ကင်နချ်ဂွတ်၏ သားဖြစ်သူ ဒေးဗက်ဂွတ်က ကဆိုသည်။
” ကျွန်တော် လူတွေကို အမြဲပြောပြတယ်… ကျွန်တော် အဖေဟာ ကျွန်တော်အမေကို လက်ထပ်ခဲ့တယ်… အမေကလည်း ကျွန်တော် အဖေကို လက်ထပ်ခဲ့တယ်… အားလုံးသိတဲ့အတိုင်း… ဒါဟာ လူးသားနှစ်ဦးကြား အပြန်အလှန် သဘောတူညီမှုတစ်ခုပဲလေ ၊ အဖေက အမေ့ကို ခိုးယူပေါင်းသင်း တာလည်းမဟုတ်ဘူး ။ ဒါဟာ သူတို့တွေရဲ့ ချစ်ခြင်း မေတ္တာ ခင်မင်မှုတို့အပေါ်မှာ အခြေပြုပြီး လက်ထပ်ခဲ့ကြတာ ” ဟုဒေးဗက်က ပြောပြသည်။
လှေပေါ်ကဆင်းခါတုန်းက ဒေးဗက်ကို အုပ်အာသောင်းသဲ ဝိုင်းအုံလာကြသော အကြောင်းရင်းသည် ဒေးဗက်အကြောင်း သူတို့က သိနှင်းထားပြီးသောကြောင့်ဖြစ်သည်။ သက်ကြီးပိုင်း ဟစ်ဆိုပွာတာရီရွာသားများက ဒေးဗက်ဂွတ်ရဲ့ဖခင် ကင်နချ်ဂွတ်ကို အမြဲ သတိတရ ရှိနေကြသည်။ ဟစ်ဆိုပွာတာရီ လူငယ်မျိုးဆက်သစ်တို့မှာလည်း ယာရီမာ နှင့် ကင်နချ်ဂွတ်တို့၏ ရင်သွေးများသည် လူဖြူအသိုင်းအဝိုင်းတွေကြားမှာ မွေးဖွား ကြီးပြင်းလျှက်ရှိကြောင်း သက်ကြီးပိုင်းတွေက ပြောပြထားတာကြောင့် နားယဥ်ပြီးသား ရှိနေကြသည်။
နောက်ထပ် ၁၀ မိနှစ်လောက် မြစ်အထက်ပိုင်းကို သွားရောက်တာနဲ့ ယိုရိုခတ်တာရီဆိုသော ရွာကိုရောက်တော့မည်။ အဆိုပါရွာတွင် ဒေးဗက်၏ မိခင်နေထိုင် နေကြောင်းကို ရွားသားများက ဒေးဗက်ကို ပြောပြကြသည်။ သို့သော်လည်း လှေဖြင့် ခရီးဆုံးအောင် သွား
ခွင့်ရပါ့မလား ဒေးဗက်တစ်ယောက်အလွန် အမင်း စိတ်ဝင်စားနေမိသည်။
လှေပေါ် ပြန်ရမည့်အစား သူ့ကို့ ရှာပိုနို ရွာထဲ့သို့ခေါ်သွားကြပြီး မူကာချီဟုခေါ်သော လူငယ်တစ်ယောက်နဲ့ မိတ်ဆက်ပေးကြသည်။ မူကာချီ သည် ဒေးဗက်နဲ့ဆိုရင် အမေတူ ဖအေကွဲ ညီအစ်ကို အရင်းလည်းဖြစ်နေသည်။ မူကာချီသည် ဒေးဗက်တို့၏ အမေ ယာရီမာကို ခေါ်ရန် တောထဲ့သို့ ပြေးဝင်သွားခဲ့လေသည်။ ၁၉ နှစ်လုံးလုံ စောင့်စားနေခဲ့ရသော ဒေးဗက်သည် မိခင်နဲ့တွေ့ဆုံရဖို့ နောက်ထပ် နာရီအနည်းငယ် စောင့်ရအုံမည်။
ဒေးဗက်၏ ဖခင်သည် အမေဇုန်လူမျိုးစု အမျိုးသမီးတစ်ဦးနဲ့ အကြောင်းပါခဲ့သော်လည်း ၎င်းအဖို့ အမေဇုန်တောကြီးထဲ့မှာ သက်ဆုံးတိုင်နေထိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။
တကယ့် ယာနိုမာမီလူမျိုးစုဝင် တစ်ယောက်လို အမဲလိုက်ပြီး ဘဝရပ်တည်နိုင်ဖို့ ဆိုတာ သူ့အတွက် လုံးဝမဖြစ်နိုင်။ သူ့အနေနဲ့ အဲဒီဒေ၌ ဆက်လက်နေထိုင်နေမည်ဆိုရင် အပိုအစားအသောက် နှင့် ဆေးဝါးမျာသာမက အထူးခွင့်ပြုချက် ရဖို့လည်း လိုအပ်သည်။ သို့မှသာ သူ၏ လေ့လာဆည်းပူးနေသော အလုပ်ကို ဆက်လက်ပြီး လုပ်ကိုင်လို့ရမှာလည်းဖြစ်သည်။
သို့သော်လည်း ကွင်းဆင်းလေ့လာမှုအတွက် ထောက်ပံ့ကြေးရဖို့က ခက်ခဲ့နေပြန်သည်။ ဒါ့အပြင် ပညာရှင်များနှင့် ဆက်သွယ်ရန် သို့မဟုတ် ရန်ပုံငွေရှာရန် သူခေတ္တခဏ ထွက်ခွာသွားရသည့်အခါတိုင်းမှာလည်း ယာရီမာအဖို့ အမျိုးသားများကြီးစိုးသော ယာနိုမာမီ လူ့အဖွဲ့အစည်းတွင် အန္တရာယ်များကြားမှာ ထားခဲ့ရမှာကို အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ရသည်။
တစ်ခါမှာ ကင်နက်ချ်ဂွတ်သည် လအတော်အကြာ မြစ်အောက်ပိုင်းသို့ ခရီးသွားနေရသောအချိန် ယာရီမာအား ပြန်ပေးဆွဲခံရကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာကို ခံရလိုက်ရပြီး ဆိုးဆိုးရွားရွား နှိပ်စက်ခံခဲ့ရတာကြောင့် သူမ၏နား ရွက်ပါ စုတ်ပြဲသွားခဲ့ရသည်။
ထိုအချိန်မှစပြီး ယာရီမာအဖို့ ခေါတ်သစ်ကမ္ဘာကြီးနဲ့ စတင်မိတ်ဆက်ခွင့်ရဖို့ မမျော်လင့်ဘဲ အကြောင်းဖန်လာခဲ့သည်။ ကင်နချ်ဂွတ်သည် ယာရီမာအား ခေါ်ယူကာ သူမရဲ့နားကို ဆေးကုသပေးဖို့ ပွာတိုအာယာခါချို မြို့သို့ သွားရောက်ခဲ့သည်။
သိပ်မဝေးလှသော လေကြောင်းခရီးဆိုသော်လည်း ယာရီမှာအတွက်က ကြောက်လန့်စရာဖြစ်နေသည်။ မြစ်ညာဖက်၌ နေထိုင်လျှက်ရှိကြသော ယာနိုမာမိ လူမျိုးစုတို့သည် လူဖြူများအား သူတို့လိုမျိုးပဲ ရွာများနဲ့ နေထိုင်နေကြလိမ့်မည် သို့သော် အဝတ်အစားများဝတ်ဆင်သောအခါ၌ သူတို့လူဖြူမျာ၏ အဝတ်အစားကိုသာ ဝတ်ကြလိမ့်မည် ဟူ၍ စိတ်ကူးထားကြသည်။
အေးမြပြီးမာကျောသော မြေကွက်လပ်များ၌ ကြီးမားလှသော စတုရန်းပုံ အိမ်များနဲ့ ပြန်လည်အစားထိုးစရာ သစ်တောများ အလျှင်အမြန် ဆုံးရှုံးနေကြရနေပြီ ဆိုတာကိုလည်း သူတို့မသိကြ။
”မမြင်ဖူး အရူးတမျှ ဆိုသလို အသေးအမွားကအစ ဒီလောကကြီး၌ မြင်မြင်သမျှ အရာတို့သည် ကျွန်တော်၏ အမေ အတွက် ထူးဆန်းပြီးရင်း ထူးဆန်းလို့နေလေသည်။ ကားရှေ့မီးမြင်ရင်လည်း အရိုင်းတိရိစ္ဆာန်တစ်ကောင်လိုပါပဲ။ ချုံပုတ်ထဲဝင်ပုန်းနေခဲ့တယ်လို့တောင် ကျွန်တော်ကြားသိခဲ့ရတာလည်းရှိတယ်။ အဖေ နှင့် အမေ တို့ ဟိုတယ်တစ်ခုမှာ တည်းကြတော့ အမေ့အတွက် နောက်ထပ် အံသြစရာတစ်ခု စောင့်မျော်နေတာက မှန်ပါပဲ။ အမေ့ဘဝမှာ ဘယ်တုန်ကမှလည်း မှန်ဆိုတာကို မြင်ဖူးခဲ့တာ မရှိဘူလေ ။ ဒီတော့ မှန်ထဲ့က အရုပ်မြင်တိုင်း အသေအလဲကြောက်တာပေါ့ ။ ကြောက်တော့ အမေက အိပ်ရာနောက်ကို ဝင်ပုန်းတယ် ။ အဖေက မှန်ကို စောင်နဲ့ ကာပေးလိုက်ခါမှ အမေ့ရဲ့ အကြောက်တွေလည်း သက်သာသွားရတယ်” ဟူ၍ သားတော်မောင် ဒေးဗက်ဂွတ်က သူအမေအကြောင်းကို ဖွင့်ဟပြောပြသည်။
သိပ်မကြာခင်မှာပဲ ယာရီမာသည် အချို့အရာများနဲ့ နေသားတကျဖြစ်လာခဲ့သည်။
အဝတ်အစားများကို သုံးပြီး အလှဆင်ဖို့ စိတ်ကူးကို ရလာခဲ့ပြီး စျေးဝယ်ထွက်ရတာကို သဘောကျလာသည်။ ကနဦးက အကြောက်တရားတို့ကို ဖယ်ရှာလာနိုင်ပြီး...နောက်ပိုင်းမှာ..... ကား၊ မော်တော်ဆိုင်ကယ်၊ လေယာဥ်စသည်တို့နဲ့ ခရီးသွားလာရတာကို သဘောကျနှိုက်ချိုက်လာခဲ့သည်။
ဓာတ်လှေကားများကဲ့သော အံသြစရာ စက်တို့ကိုလည်း လူဖြူတို့၏ အံံ့ဖွယ်သရဲ့ အံ့ကျောက်ခဲ့အလား လက်ခံလာခဲ့သည် ဟူ၍ ကင်နချ်ဂွက်က သူ၏ကိုယ့်တွေ့မှတ် တမ်း၌ ရေးသားထားသည်။ သို့သော်လည်း တစ်ချို့အရာများကို နားလည်သဘောပေါက်နိုင်ဖို့ ယာရီမာအတွက် အများကြီးအခက်အခဲ့ရှိနေသည်။
အမေဇုန်တောထဲ့၌ဆိုလျှင် အစားအသောက်အတွက် အမဲလိုက်ဖို့ စိုက်ပျိုးဖို့ အချိန်ပေးရသည် ။ အလေအလွင့် အဖိတ်အစင် လုံဝမရှိရ ။
” ဒီမှာဆိုရင်...‘ ဗိုက်ဆာနေ သလား ဆိုတဲ့မေးခွန်းက အဓိပ္ပါမရှိတဲ့မေးခွန်းတစ်ခုပါပဲ” လို့ ကင်နချ်ဂွတ်က ရေးသားခဲ့သည်။
ဒါကြောင့် အစားအသောက်များ ဘာမဆို အဆင်သင့်ကောက်ထည့်ပြီးရယူနိုင်သော အကန့်အသတ်မရှိ တင်ပြီးရောင်းချလျှက်ရှိသော စူပါမားကတ်တစ်ခု၏ အတွေ့အကြုံ၊ စားချင်တာမှန်သမျှရွေးချယ် စားသောက်လို့ရနိုင်အောင် ရောင်းချနေသော စားသောက်ဆိုင်များသည် သူမအတွက်တော့ ကမ္ဘာကြီးကို ဇောက်ထိုးဖြစ်စေခဲ့ရသည်။
ယာရီမာသည် ရဲများကိုမြင်ရင်လည်းကြောက်သည်။
၁၉၈၀ နှစ်လယ်လောက်မှာ ယာရီမာ တောတွင်းမှထွက်ခွာလာချိန် မြစ်ညာပိုင်းမှာ နေထိုင်ကြသော ယာနိုမာမီလူမျိုးစုများသည် ရဲများနဲ့ပတ်သက်လို့ကြားဖူးနားဝရှိနေကြသည်။ ၎င်းတို့က ရဲများကို တစ်ရွာတည်းတွင် နေထိုင်လျှက်ရှိသော အထူးရက်စက်ကြမ်းကြုတ်သော လူမျိုးစုများသကဲ့သို့ ရှုမြင်ထားကြသည်။ အကယ်၍ ရဲတွေဖမ်းမိသွားရင် ရဲများက ဘာလုပ်တယ် ၊ညာလုပ်တတ်တယ် ဆိုသော ကောလဟာလပုံပြင်များကလည်း ၎င်းတို့ကြားမှာ ပြောမဆုံးပေါင် တောသုံးတောင် ပျံနှံလျှက်ရှိခဲ့ကြသည်။
ယာရီမာသည် ဗင်နီဇွဲလားနိုင်ငံ၏မြို့တော် ကာရာကစ်တွင် သေနပ်ကိုယ်စီကိုင်ပြီး သွားလာနေကြသော ရဲသားများ၊ ရဲမေများကို သေသေချာချာ အထူးသတိထားပြီး စောင့်ကြည့်ခဲ့သည်။ ရဲများကိုမြင်တိုင်း သူမ၏မျက်လုံးများသည် ရဲများ၏ သားသမီးများနှင့် ကလေးများကို လိုက်ရှာတတ်သည်။
၁၉၈၆ခု နှုစ်အရောက်တွင် ကင်နက်ချ်ဂွတ်နှင့် ယာရီမာတို့၏ အမေဇုန်တောတွင်းဘဝ၏ အဆုံးသတ်ပိုင်းသည် သူတို့၏ အိမ်ထောင်သက်က လေးနှစ် ၊ နှစ်ဦသဘောတူ ပေါင်းသင်းဖို စေ့စပ်ထားသောကာလက ရှစ်နှစ်သို့ ချင်းနင်းဝင်ရောက်လာခဲ့သည်။
ကင်နချ်ဂွတ်သည် အမေဇုန်မှာ ရပ်တည်နေထိုင်ဖို့ လိုအပ်သော ထောက်ပံ့ကြေးများကို မရရှိတော့တာကြောင့် အကြွေးများ နစ်သထက်နှစ်လာခဲ့ရသည်။ ၁၉၈၆ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် သူတို့နှစ်ဦးသည် နယူးယောက်သို့ Pan Am လေကြောင်းဖြင့် ထွက်ခွာခဲ့ကြသည်။
တစ်ပတ်အတွင်းမှာပဲ ဒီလာဝါရီ ရပ်ကွက်က တစ်ရားရုံးမှာ သူတို့နှစ်ယောက် တရားဝင်လက်ထပ်လိုက်ကြသည်။ လက်ထပ်ပြီး ကိုးရက်အကြာမှာတော့ ဖီလာဒဲလ်ဖီးယားမှ ဆေးရုံတစ်ခုမှာ ဒေးဗစ်ဂွက်ကို မွေးဖွားခဲ့ကြသည်။
မိသားစုလိုက် ဟစ်ဆိုပွာတာရီရွာကို ပြန်ရောက်နေကြတဲ့အချိန် ဒေးဗစ်ကို မွေးပြီး တစ်နှစ် အကြာမှာ ဒေးဗက်ရဲ့ညီမ ဗင်နက်စ်ဆာကို အမေဇုန်တောထဲ့က ငှက်ပျောဖက်ပေါ်မှာ မွေးဖွားခဲ့သည်။ နောက်သုံးနှစ်ကြာသောအခါ ဒေးဗစ်ရဲ့ နောက်ညီငယ်လေး ဒင်နီလ်ကို မွေးပြန်သည်။ဒါကြောင့်လည်း ဒေးဗစ်မှာ မိခင်နဲ့အတူပျော်ရွင်ခဲ့ရသော အတိတ်များကရှိနေသည်။
ဒေးဗစ်က
'' ကျွန်တော် အမေနဲ့အတူ ဒန်ကင်ဒိုးနပ် ဆိုင်မှာ အမြဲလိုလို ကော်ဖိီနှင့် ဒေါနပ်မုန့်တွေဝယ်ကြတယ် အဲဒီလို အမေနဲ့အတူ နေခဲ့ရတဲ့အချိန်တွေကို အမြဲ အမှတ်ရနေမိတယ် ”
နောက်ပြီး
သူ့အမေက ရိုလာကိုစတာစီးရတာကို နှစ်သက်သဘောကျတဲ့အကြောင်း၊ သူတို့နှစ်ယောက်အတူတကွ နပန်းလုံးကြပုံတို့ကို သတိတရနဲ့ ပြန်ပြောင်းပြောပြရှာသည်။
” ကျွန်တော် အမေနှင့်ပတ်သက်ပြီး ဝမ်းနည်းစရာ ၊စိတ်ဆင်းရဲ့စရာတွေ ဆိုရင် လုံးဝကိုမတွေးချင် ၊ သတိလည်းမရချင်ဘူး” လို့လည်း သူ့ရခံစားချက်တွေကို ပြောပြတတ်သည်။
နယူးဂျာစီမှာ နေရသောဘဝသည် ယာရီမာအတွက် ငြိီးငွေ့လာခဲ့သည်။ ယာရီမာ ငြီးငွေ့လာရသော အကြောင်းရင်းသည်ကား ရာသီဥတု ၊ အစားအသောက်၊ ခေါ်မှီနည်းပညာတို့ကြောင့်မဟုတ်ပဲ လူအများနဲ့ ရင်းရင်းနှီးနှီး မနေရသောကြောင့် ဖြစ်သည်။
ယာနိုမာမီလူမျိုးစုတို့သည် နေ့တစ်နေ့ကို ရှာပိုနိုရွာထဲ့၌ ဆွေမျိုး၊မိတ်ဆွေ ၊အိမ်နှီးချင်းများနှင့် ရန်သူများပါမကျန် နေထွက်က နေဝင် ဧည့်ခံကြိိုဆို နှတ်ဆက်တတ်ကြသည်။ သို့သော် အမေရိက၌ ယာရီမာ၏ နေထွက်ကနေဝင် ဖြတ်သန်းနေရသော နေ့များရက်သည် လူမှုအသိုင်းအဝိုင်းများနဲ့ ဖြတ်တောက်ခံနေရပြီး သေတ္တာထဲ့၌ အလုံထည့်ပိတ်ခံနေရသလိုမျိုး ဖြစ်နေရရှာသည်။
လင်သားဖြစ်သူ ကင်နချ်ကလွဲလို့ ယာရီမာ၏ဘာသာစကားကို ပြောနိုင်သူကလည်းမရှိ။ အိမ်ကိုပြန်ပြီး သူမ၏မိသားစုများနဲ့လည်း စကားပြောလို့မရ။
ဟစ်ဆိုပွာတာရီရွာမှာဆိုရင် နေ့အချိန်၌ အမျိုးသားများသည် အမဲလိုက်ထွက်နေချိန်ဖြစ်တာကြောင့် နာရီအနည်းငယ်အကြာလောက် ပျောက်နေတတ်ကြသည်။
သိုသော်လည်း လင်သားလုပ်သူတို့သည် နေ့တိုင်းလိုလို တစ်ချိန်လုံး ဇနီးများနဲ့အတူ ရှိနေတတ်ကြသည်။ ယာရီမာသည် အိမ်မှာပဲ တစ်ကုတ်ကုတ် နေရင်နေ ဒါမှအဟုတ်ရင်လည်း စျေးဝယ်စင်တာများကို လျှောက်သွားနေတတ်သည်။ ကင်နချ်ဂွတ်သည် ဟစ်ဆိုပွာတာရီရွာ၌ ရိုက်ကူးလာခဲ့သော ဗီဒီယိုများ ၊ ရီကောဒ်လုပ်ထားသော အသံများကို ဖွင့်ပေးထားသည်။ သို့သော် ထိုအသံရီကောဒ်နှင့် ဗီဒီယိုတို့မှာ အပ်ကြောင်းများ ထပ်နေလောက်အောင် ယာရီမာ နားထောင်ပြီးသားဖြစ်နေသည်။
#Kyi San Khin
By William Kremer ရဲ့ Return to the rainforest: A son’s search for his Amazonian mother ကိုဘာသာပြန်ဆိုသည်။
ဓာတ်ပုံ Google မှ ကူးယူ ဖော်ပြသည်။
Keep Reading