Author's Profile Photo

SarPhat Author

3/05/2024

အားမကျပါနဲ့ အတုယူပါ

1 min read
Life Style
General Knowledge
18 Again
အားမကျပါနဲ့ အတုယူပါ's photo

ကျွန်မတို့လူသားတွေဟာ ကောင်းတာတွေဘဲဖြစ်ချင်ကြပါတယ်။ကားအကောင်းစားကြီး စီးနိုင်တဲ့သူတွေကို အားကျတယ်။ အိမ်အကောင်းစားကြီးနဲ့ နေနိုင်တဲ့သူတွေကို အားကျတယ်ဟုတ်?
အဲ့ဒီလူတွေ အဲ့လို ကားအကောင်းစားကြီးတွေ အိမ်အကောင်းစားကြီးတွေ ဘယ်ကရလဲ ဘယ်လိုရလဲဆိုတာ စိတ်မဝင်စားကြပါဘူး။ ၂၀% လောက်သာ စိတ်ဝင်စားမယ်ထင်ပါတယ်။
သူတို့တွေလည်း အောက်ခြေကစပြီးကြိုးစားကြရတာပါဘဲ။ ဘယ်အရာမှ လွယ်လင့်တကူ မရနိုင်ပါဘူး။
လမ်းဘေးက ပလုံကောက်တဲ့သူတွေတောင် အချိန်ကာလမှာ ဝီရိယရှိရတယ် ခွန်အားစိုက်ထုတ်ရတယ် အရှက် တရားစွန့်ပယ်ရတယ်မလား?

  • ငါဒီဘူးခွံလေးကိုနောက်မှ ကောက်မယ်?
  • ငါဒီဘူးခွံတွေ မသယ်ချင်ပါဘူး?
  • ငါဒီဘူးခွံတွေ သယ်ရမှာ ကောက်ရမှာရှက်တယ်?

စသည်ဖြင့် ဂျီးများနေရင် ပလုံကောက်တဲ့နေရာမှာတောင် အောင်မြင်မှာမဟုတ်ဘူးနော်?
အဲ့ဒါကြောင့်ပြောတာပါ အောင်မြင်တဲ့သူတွေကို ကြည့်ပြီး အားမကျနဲ့ သူတို့လို အတုယူပြီး ချက်ချင်းထလုပ်လိုက် အောင်မြင်ဖို့ ၁၀% သေချာသွားပြီနော် ကျန်တာက မင်းရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ နည်းနည်းစီ ထပ်ထည့်လိုက်ရင် မင်းလည်း သူတို့လိုဘဲ တစ်နေ့မှာ ကားအကောင်းစားကြီး အိမ်အကောင်းစားကြီးနဲ့ ဖြစ်နေမှာပါ။ ဪ ဒါနဲ့ အပိုဆုအနေနဲ့ ရိုးသားမှုရယ် စေတနာလေးရယ် ပိုထည့်လိုက်နော်?
Fri,3 May,2024(2:00)

Keep Reading

အိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ