Author's Profile Photo

အက္ခရာ - Haruki

2/05/2024

ခြင်နဲ့ ဂေဟစနစ်

1 min read
Health
Education
General Knowledge
ခြင်နဲ့ ဂေဟစနစ်'s photo

ခြင်မျိုးစိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ကမ္ဘာပေါ်မှာ စတင်တွေ့ရှိခဲ့တဲ့ ရှေးအကျဆုံး အင်းဆက်ပိုးမွှား မျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ခြင်မျိုးစိတ်ပေါင်း ၃၀၀၀ ထက်မနည်း ရှိတယ်လို့ ယူဆရပြီး မျိုးစိတ်ပေါင်း ၁၇၆ မျိုးကို တော့ မြောက်အမေရိကခြမ်းမှာ တွေ့ရနိုင်ပါတယ်။

လက်သည်းခွံအရွယ်အစားလောက်သာရှိတဲ့ ခြင်တွေကို အန္တာတိကတိုက်မှလွဲ ကမ္ဘာပေါ်ကတိုက်ကြီးတိုင်းမှာ ကျယ်ပြန့်စွာနေထိုင်ကြပါတယ်။

ခြင်မျိုးစိတ်တစ်ခုစီမှာ သူတို့ရဲ့ ကိုယ်ပိုင် ဝိသေသလက္ခဏာများ ပါရှိပြီး တစ်ခုစီမှာ အမျိုးမျိုးသော ရောဂါတွေကို သယ်ယူ ကူစက် နိုင်စွမ်းရှိတာကြောင့် အန္တာရာယ်ရှိတဲ့ အင်းဆက်မျိုးတွေပဲ ဖြစ်ပါတယ်။

ပူတွေးစိုစွတ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ကြပြီး

ရေစပ် ၊ မြစ် ၊ ချောင်း ၊ အိုင် စတဲ့ ရေရှိတဲ့ဒေသတိုင်းမှာ ပေါက်ဖွားမျိုးပွားနိုင် ကြပါ တယ်။ ထမင်းစားဇွန်း တစ်ဇွန်းစာ ရေရှိရုံနဲ့တင် အလွယ်တကူ ပေါက်ဖွားနိုင်တဲ့ ခြင်မျိုးစိတ်တွေကြောင့် နှစ်စဉ် လူပေါင်း ခုနှစ်သိန်း ရှစ်သောင်းကျော် သေဆုံးနေရပါတယ်။ 

ကမ္ဘာပေါ်က အန္တာရာယ်အများဆုံး တိရစ္ဆာန်ထဲက နံပါတ် ၁ နေရာမှာ ရှိတဲ့ ခြင် မှာ လူသိ များပြီး အန္တာရာယ်အများဆုံးခြင်မျိုးစိတ်တွေကတော့ Anopheles ၊ Aedea နဲ့ Culex ခြင်မျိုးစိတ်တို့ပဲ ဖြစ်ပါတယ်။ ခြင်တွေဟာ တိရစ္ဆာန်တွေဆီက သွေးစုပ်ယူပြီး ရောဂါပိုးသယ်ဆောင်လာကာ လူတို့ကို ကူးစက်စေတဲ့နည်းနဲ့ နှစ်စဉ် လူပေါင်းများစွာရဲ့ အသက် ကို ခြွေယူနေလျက် ရှိပါတယ်။

လူသားတွေအတွက် ?

ဘာကောင်းကျိုးမှ မရှိတဲ့ ခြင်မျိုးစိတ်တွေဟာ ဂေဟစနစ်အတွက်တော့ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ခြင်သားလောင်းတွေဟာ ငါးတို့အတွက် အစာအဖြစ်လည်းကောင်း ၊ အရွယ်ရောက်ပြီး ခြင်တွေဟာ လင်းနို့ နဲ့ ဖားတို့ရဲ့အစာအဖြစ်လည်းကောင်း ဖြစ်တာကြောင့် ခြင်တွေမျိုးတုန်းသွားခြင်းကလည်း ဂေဟစနစ်အတွက် အဟန့်အတား အနည်းငယ်ဖြစ်စေနိုင်ပါတယ်။ 

ခြင်အထီးတွေဟာ ?

သွေးမစုပ်တာကြောင့် ပျမ်းမျှအားဖြင့် ၆ ရက် ၊ တစ်ပတ်လောက်ပဲ ရှင်သန်နိုင်ကြပြီး သွေးစုပ်တဲ့ အမ တွေကတော့ ၆ ပတ် မှ ၅ လကျော်အထိ ရှင်သန်နိုင်ကြပါတယ်။ ဒါကြောင့် နှစ်စဉ် လူပေါင်း ၇၈၀၀၀ ကျော်တို့ရဲ့ အသက်ကိုနှုတ်ယူတဲ့ခြင်တွေဟာ ကမ္ဘာပေါ်က အန္တာရာယ်အများဆုံးတိရစ္ဆာန်ပဲဖြစ်ပါတယ်ခင်ဗျာ။

နွေဦးအက္ခရာ ( May 2, 2024 . 10:15 AM )

Keep Reading

အမြဲလိုလို ချွေးထွက်နေတတ်တဲ့လက်ဖဝါးတွေ သင့်မှာရှိနေပြီလားသင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…ဖားပြုပ်အဆိပ်အရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?မှန်ကန်စွာ သင့်စွမ်းအင်ကိုစီမံခန့်ခွဲပြီး အောင်မြင်မှုကိုရယူလိုက်ပါလူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု Doorway Effectငိုစရာ မျက်ရည်တွေ မကျန်တော့တဲ့အထိ ငိုပါ‘Me Time များများပေးပါ’