Author's Profile Photo

Nicolette

27/04/2024

Mindset :The New Psychology of Success စာအုပ် review

2 mins read
Life Style
Personal Development
Book Review
Mindset :The New Psychology of Success စာအုပ် review's photo

စိတ်နေစိတ်ထားကိုပြောင်းလဲရုံနဲ့ ဘဝတိုးတက်အောင် လုပ်ပေးနိုင်တဲ့ Mindset စာအုပ်


2006 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒီ Mindset စာအုပ်ဟာ ပုံသေစိတ်ထား (fixed mindset) နဲ့


တိုးတက်စိတ်ထား (growth mindset) ဘာတွေကွာခြားလဲ၊ လူမှုဘဝတွေကို ဘယ်လိုသက်ရောက်နိုင်လဲဆိုတာကို အသေးစိတ် ဆွေးနွေးတင်ပြထားပါတယ်။


Mindset စာအုပ်ကို ရေးသားပြုစုခဲ့တဲ့ စာရေးဆရာမ Carol Dweck ဟာ Stanford University က စိတ်ပညာဆိုင်ရာပါရဂူတစ်ယောက်ဖြစ်ပါတယ်။


Mindset စာအုပ်အပြင် Self-Theories: Their Role in Motivation, Personality and Development နဲ့ Handbook of Competence and Motivation စာအုပ်တွေကိုပါ ထုတ်ဝေခဲ့ပါတယ်။


Review


လူတွေရဲ့ စိတ်ထား (Mindset) ဟာ သူတို့ရဲ့ဘဝကိုပုံဖော်ပါတယ်။


သင်ယူနိုင်တယ်လို့ တွေးထားရင် သင်ယူနိုင်ပြီး ပြောင်းလဲ ကြီးပွားနိုင်တယ်လို့ တွေးထားရင် ပြောင်းလဲ ကြီးပွားနိုင်ပါတယ်။


ကျွန်ုပ်တို့ရဲ့ ဦးနှောက်ဟာ ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စွမ်းအင်ကြီးမားသောအရာပါပဲ။


ဉီးနှောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဝကို ရှေ့ဆက်နေရတာပါ။


ဒါကြောင့် ဦးနှောက်ရဲ့ ပြင်းထန်တဲ့ ယုံကြည်မှု၊ စိတ်အား တက်ကြွမှုတွေ လိုအပ်ပါတယ်။


ဒီလိုစိတ်အားတက်ကြွမှုတွေကို ဖျက်စီးနိုင်တဲ့အရာတွေအများကြီးရှိပါတယ်။


ပန်းချီဆွဲတာ ၊ စာရေးတာ၊ ရုပ်ရှင်သရုပ်ဆောင်၊ စီးပွားရေးပညာရှင်နဲ့ အခြားသောနယ်ပယ်မှာ အောင်မြင်သူတွေကို ပါရမီပါတယ်လို့ အောင်မြင်တယ်ထင်ပါသလား။


ဒါမှမဟုတ် သင်ယူလို့အောင်မြင်တယ်ထင်ပါသလား။


သိပ္ပံပညာရှင်နဲ့ စိတ်ပညာလေ့လာသူတွေကတော့ ပါရမီပါကြောင့် အောင်မြင်တယ်လို့ ယုံကြည်ချက်ဟာ ဉီးနှောက် စိတ်အားတက်ကြွမှုကို ပိတ်ဆို့စေတဲ့အရာလို့ ဆိုပါတယ်။


သင်ဟာ တယောပညာရှင်တစ်ယောက်ဖြစ်ချင်ရင် မွေးရာပါ ပါရမီကိုအားကိုးလို့မရပါဘူး။


ပြင်းထန်တဲ့ယုံကြည်ချက်နဲ့ နှစ်ပေါင်းရှည်ကြာတဲ့လေ့လာမှုတွေ လိုအပ်ပါတယ်။ နောက်မှ အောင်မြင်မှုက လိုက်လာမှာပါ။


ပါရမီကြောင့် တယောပညာရှင်အောင်မြင်တာပါလို့ ယုံကြည်ထားသူတွေဟာ တစ်လလောက် တယောသင်ပြီးတာနဲ့ သူတို့ကိုယ်သူတို့ ပါရမီမပါဘူးဆိုပြီး လက်လျော့လိုက်ကြပါတယ်။


ဒီလိုလူတွေဟာ fixed mindset ရှိသူတွေပါ။ ပါရမီကို ယုံကြည်ပြီးတော့ ခဏလောက်သင်ပြီးတာနဲ့ ကိုယ်တော့ဖြင့် မလုပ်နိုင်လောက်ပါဘူးဆိုပြီး သတ်မှတ်ကြပါတယ်။


Growth mindset ရှိသူတွေကတော့ ပြင်းပြင်းထန်ထန်လေ့ကျင့်မှ အောင်မြင်မယ်ဆိုတာကို ယုံကြည်ပြီး ကြိုးစားတဲ့အတွက်ကြောင့် အခွင့်အလမ်းတွေ အများကြီးပွင့်လာပါတယ်။


Fixed Mindset ရှိသူတွေဟာ အပြောင်းအလဲတွေကို လက်ခံဖို့ခက်ခဲတယ်။


ဆရာဝန်မိသားစုက မွေးလာရင် ဆရာဝန်ပဲ လုပ်ရမယ် စသည်ဖြင့် ယုံကြည်လက်ခံပြီး ကိုယ့်ရဲ့နောက်မျိုးဆက်တွေကို ပုံသွင်းတာကလဲ Fixed Mindset ပါပဲ။


ဆရာဝန်အသိုင်းအဝိုင်းကနေလဲ ပန်းချီဆရာတွေ ထွက်ပေါ်လာနိုင်ပါတယ်။


မိသားစုတစ်ခုထဲမို့လို့ ဝါသနာတွေ ၊ ရည်မှန်းချက်တွေ ထပ်တူကျရမယ်ဆိုတာ မမှန်ပါဘူး။


Fixed Mindset သမားတွေဟာ သူများကို အမြဲတမ်းစောင့်ကြည့်အကဲခတ်ကြပြီး တခြားသူတွေကလဲ သူတို့ကို လိုက်ယှဉ်ပြိုင် အကဲခတ်နေတယ်လို့ ခံယူထားတာကြောင့် စောင့်ကြည့်ရတာနဲ့တင် အလုပ်ရှုတ်နေတတ်ကြပါတယ်။


အခက်အခဲတစ်ခုခု ကြုံလာရင်လဲ Fixed Mindset သမားက အရင် လက်မြှောက် အရှုံးပေးလိုက်ပါတယ်။


Growth Mindset ဟာ တီထွင်နိုင်စွမ်းရှိပါတယ်။


ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး လက်မလျော့တက်သူတွေနဲ့ စူးစမ်းလေ့လာပြီး အသစ်တွေကို တီထွင်နိုင်သူတွေဟာ Growth Mindset ရှိသူတွေရဲ့ လုပ်ရပ်ပါ။


အတွေးအခေါ်တွေကို ကန့်သတ်ထားခြင်းမရှိတာကြောင့် Growth Mindset ဟာ အောင်မြင်နိုင်ချေပိုများပါတယ်။


Mindset တွေဟာ ငယ်ဘဝနဲ့ အရမ်းသက်ဆိုင်ပါတယ်။


ငယ်ငယ်တုန်းက ကျောင်းမှာ သင်ယူခဲ့ရတာတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ နေထိုင်တဲ့နေရာတွေက Mindset အပေါ်အများကြီးသက်ရောက်ပါတယ်။


ဒါပေမယ့် Mindset ကို ပြောင်းလဲလို့ရပါတယ်။


မတိုးတက်တဲ့ Fixed Mindset ကနေ တိုးတက်တဲ့ Growth Mindset ကို ဖြည်းဖြည်းချင်း ရောက်အောင်သွားလို့ရပါတယ်။


ငယ်ငယ်ကတည်းက အမြစ်တွယ်နေတဲ့ Mindset တစ်ခုကို ပြုပြင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။


အတွေးသေးသေးလေးတွေက စပြီး ပြောင်းပစ်ရမှာပါ။


ဉပမာ - သင် ပန်းကန်တစ်ချပ် မတော်မဆလွတ်ကျပြီးကွဲသွားတယ်ဆိုပါတော့ “အရမ်းပြာယာခပ်နိုင်တဲ့ငါပဲ ဘာလို့ ဂရုမစိုက်မိတာလဲ” ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မယ့်အစား


“ဒါက ဖြစ်တတ်ပါတယ် နောက်တစ်ခါ ပိုသတိထားမယ်” လို့တွေးပြီး သတိပိုထားတာမျိုးလုပ်ပါ။


ကိုယ့်ကိုကိုယ် အပြစ်တင်တာတွေ စိတ်တိုတာတွေကို ကိစ္စငယ်လေးတွေကနေ စပြီးလျော့ပစ်ပါ။


အမြဲသင်ယူလေ့လာမှ တတ်မယ် ။


ပါရမီဟာ ယုံကြည်လို့မရဘူးဆိုတာ နားလည်ထားရပါမယ်။


နေရာတစ်ခုမှာ ကျဆုံးပေမယ့်လဲ နောက်နေရာတစ်ခုမှာ အောင်မြင်နိုင်တယ်ဆိုတာ အမြဲယုံကြည်ထားကြတာက Growth Mindset ရဲ့ သဘောတရားပါပဲ။


Mindset :The New Psychology of Success မူရင်း English စာအုပ် epub ကို အောက်ပါ Telegram Channel မှာ download လုပ်ပြီးရယူနိုင်ပါတယ် ✌?


https://t.me/+fDx3Hhe9OWoyZmY1

ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေ၊ learning tips တွေ နဲ့ ဘာသာပြန်ဝတ္ထုတွေကို ရေးသားသွားဦးမှာဖြစ်လို့ အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ?

Keep Reading

အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ