Author's Profile Photo

Hnin

24/04/2024

တန်ပြန်သက်ရောက်မှု

1 min read
General Knowledge
တန်ပြန်သက်ရောက်မှု's photo
ဥပမာ.မှန်တစ်ချပ်ကို ကြည့်လိုက်တယ်ဆိုပါစို့။ကိုယ်ရီရင်သူလည်းလိုက်ရီမယ်၊ကိုယ်ငိုရင်တော့သူလည်းလိုက်ငိုမှာဘဲ။ ကိုယ်လုပ်ဆောင်တဲ့အရာတိုင်း တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာတော့ ရှောင်လွှဲမရတဲ့အမှန်တရားပါ။
  • ဒါပေမဲ့လည်းလေ ကျွန်မအမြင်ပေါ့နော။လူရယ်လို့ ဖြစ်လာရင် တစ်ယောက်ထဲရပ်တည်လို့မရတော့ဘူး။တစ်ခြားသူတွေနှင့်ပေါင်းသင်းရမယ်၊ပြောဆိုဆက်ဆံရမယ်။အဲဒိထဲမှာ positive သမားတွေရှိမယ်၊ negative သမားတွေရှိမယ်။
  • အဲလိုလူတွေနှင့်ဆက်ဆံကြတဲ့အခါ ကိုယ့်အပေါ်ကိုအမြဲ negative ကြည့်တတ်တဲ့သူတွေနှင့်ဆုံတဲ့အခါ ဒီတိုင်းထားလိုက်ပါ။ကိုယ့်အလှည့်ကျရင်ဆိုတဲ့အတွေးမျိုး မတွေးကြပါနှင့်။ပြီးတော့ အဲဒိလူနှင့်ကိုယ်ကတစ်သက်လုံးအတူတူနေရမှာမှ မဟုတ်တာ သည်းခံပေးလိုက်။သည်းမခံနိုင်တဲ့အဆုံး အထိ သည်းခံပေးလိုက်။ကိုယ်က ဘယ်တော့မှပြန်ပြီးလက်စားချေဖို့မကြိုးစားပါနှင့်။စိတ်တိုလား စိတ်ထဲကြိတ်ဆဲပစ်၊ (ကိုယ်တွေဆိုမှန်ထဲသွားကြည့်ပြီး အမြဲဆဲတယ်?)။
ပြောချင်တာကတော့ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတဲ့အတွက် ကိုယ့်အပေါ်ကိုမကောင်းတဲ့သူတွေကို ကိုယ်က လက်စားချေဖို့မကြိုးစားပါနှင့်။အချိန်ကုန်တယ်၊အချိန်တန်ရင် သူ့အလိုလိုခံစားသွားရမှာပါ။
Hnin(24.4.24)

Keep Reading

Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲErnest Hemingway ဘဝဟာသများပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the Parlourအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝ