ယဥ်သီရိလှိုင်(ဆောင်း)
ဒီကမ္ဘာပေါ်မှာနိုင်ငံပေါင်းများစွာရှိပါတယ် ကျွန်မတို့မြန်မာနိုင်ငံအပါဝင်နိုင်ငံတွေထဲမှာသေကြောင်းကြံစည်မှုအများဆုံးနိုင်ငံဟာဂျပန်နိုင်ငံလို့ စာအုပ်တအုပ်မှာဖတ်ဘူးပါတယ်(စာအုပ်နာမည်မမှတ်မိတော့လို့sorry?♀️) ဒါနဲ့ဘာကြောင့်သတ်သေမှုတွေများရတာလဲဆက်ဖတ်ကြည့်တဲ့အခါ စိတ်ရှုပ်ထွေးမှု စိတ်ဖိစီးမှုမှာတွေကြောင့်လို့သိခဲ့ရတယ် ပြန်တွေးကြည့်လိုက်တဲ့အခါမှာဒါဟာမှန်နေတယ် လူတွေတယောက်နဲ့တယောက်မတူကြတဲ့အထဲမှာကျွန်မကတော့စိတ်ရှုပ်မခံနိုင်တဲ့လူထဲပါတယ်တခုခုဆိုစိတ်ထဲမထားတတ်ဘူးအပြင်မှာထုတ်ပြောရတာသဘောကျတယ်တကယ်လို့စိတ်ရှုပ်ထွေးစရာတခုခုရှိနေခဲ့ရင်ကျွန်မမျက်နှာမှာပေါ်နေတတ်တာ အဲ့လိုဘဲလူတွေမတူကြဘူးပေါ့ လူတယောက်ဟာကိုယ့်အတွက်မိမိအတွက်စိတ်အနားပေးဖို့အချိန်တခုထားပေးရပါတယ် ဒါကတော့ကျွန်မအမြင်ပါစာဖတ်သူတို့အတွက်အထောက်အကူလဲဖြစ်သွားနိုင်ပါတယ်ဒီနည်းလမ်းလေးတွေကြောင့်စာဖတ်သူတို့စိတ်ပျော်သွားရရင် နည်းလမ်းလေးရသွားရင်ကျွန်မအတွက်ပီတိတခုပါဘဲ ဆိုတော့ကာဘယ်လိုအချိန်မျိုးပေးရမှာလဲတလ လား တနှစ်လား မလိုပါဘူးရှင်ဒီလောက် အရမ်းစိတ်ညစ်လာတဲ့အခါစိတ်ထွက်ပေါက်ရှာမရတော့တဲ့အခါတယောက်ထဲသီးသန့် နားအေးမယ့်နေရာတခုကိုသွားပါ ဘယ်သူမှမရှိတဲ့အခါကိုယ်ခံစားနေရတာတွေကိုဖွင့်ထုတ်လိုက်ပါငိုစရာရှိရင်ငိုလိုက်စိတ်ညစ်ရင်ဘေးနားကပုရွက်ဆိတ်ကိုဖြစ်ဖြစ်အော်ပြောလိုက် သက်ရှိတယောက်အနားရှိနေတဲ့အခါရင်ဖွင့်စရာအဖြစ်သတ်မှတ်ပါ လူမဟုတ်တဲ့ဘယ်သက်ရှိကိုမဆိုရင်ဖွင့်ပြီးစိတ်ထဲရှိတဲ့အစိုင်ခဲတွေရှင်းထုတ်ပစ်လိုက်ပါ တိရစ္ဆာန်တွေနဲ့စကားပြောလို့ကိုယ့်ကိုကိုယ်အရူးလို့မသတ်မှတ်ပါနဲ့ သင်ဟာလူတိုင်းထက်ပိုပြီးညာဏ်ရည်ထက်မြတ်သူသဘောထားကြီးသူတယောက်ဖြစ်လာတဲ့အခါ ဒါကိုနားလည်လာလိမ့်မယ် ဒီလိုလုပ်ခြင်းအားဖြင့်စိတ်ဖိစီးမှုတွေလျော့ကျနိုင်ပါတယ် နောက်ထပ်အများဆုံးကပင်ပန်ူမှုဒဏ်ပေါ့ လူအများစုကပိုက်ဆံရှာနေရတဲ့လူတွေကြီးဘဲ အဲ့ထဲမှာမှအလုပ်လောဘကြီးသူတွေပါတယ်အလုပ်မကြိုက်သူတွေပါတယ် လောဘကြီးတဲ့သူတွေကပိုက်ဆံပိုရှာချင်တယ်ဒီလိုရှာမှသူတို့မိသားစုစားဖို့သောက်ဖို့နေဖို့ကို ချောင်လည်မှာသိတယ် တချို့ကြတော့ကိုယ့်တယောက်အတွက်သာကြည့်ပြီးအချောင်ခိုပျင်းရိနေကြတာပေါ့ ဒါကြောင့်အမျိုးမျိုးဘဲလို့ပြောတာလူတိုင်းကတော့အလုပ်ကိုဘယ်ကြိုက်ကြမလဲ ပိုက်ဆံရလို့သာလုပ်နေရတာ ဒီအခါမှာအလုပ်ထဲမှာအလုပ်ပင်ပန်းမှုတွေစိတ်ဖိစီးမှုတွေအမျိုးမျိုးသဘောထားကွဲလွဲတာတွေအစုံကော့ကြုံကြရတယ် တချို့လူတွေကျတော့လဲခံနိုင်ရည်ရှိကြတယ်တချို့ကြတော့မရှိကြဘူး သူတို့ရဲ့အတွင်းစိတ်ထဲမှာချုပ်တည်းရတာတွေများလာတယ် အတတ်နိုင်ဆုံးတော့ထိန်းထားပါတယ်နောက်ဆုံးမှာသူတို့ရဲ့စိတ်တွေကိုဆွဲမထားချင်တော့ဘူး လူရဲ့စိတ်ဟာချုပ်တည်းထားလေလေ အသိစိတ်ကိုပျောက်စေလေပါဘဲ သူတို့အကုန်လုံးကိုလွှတ်ချလိုက်ကြတဲ့အခါ တချိုကြတော့ရင်ဖွင့်တာပေါ့ တချိုကြတော့မကောင်းတဲ့စိတ်တွေဝင်လာကြတယ် ငါသာမရှိတော့ရင်ဒါတွေကနေကင်းလွတ်သွားမှာဆိုတဲ့စိတ်တွေဖြစ်လာတယ် အဲ့ဒီကနေသေကြောင်းကြံစည်မှုတွေစဖြစ်လာတာပေါ့ ဒီတော့စိတ်ကိုချုပ်တည်းမထားပါနဲ့ကြိုးတခုဟာအရမ်းကြပ်တဲ့အခါတင်းသလို အရမ်းလျော့တဲ့အခါမှာလည်းအသုံးမဝင်ဖြစ်သွားတတ်တာကြောင့်ပါ ဒီတော့ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းကြဖို့ဟာအဓိကပါဘဲ အချိန်ပေးပါကိုယ့်အတွက်အချိန်လေးတခု အဲ့ချိန်လေးမှာပျော်စရာတွေဘဲတွေးပါ စာဖတ်သူလေးတွေလည်းစိတ်ဖိစီးမှုတွေမှကင်းဝေးကြပါစေ။
ချစ်သောreaders လေးတွေ?
Keep Reading