SarPhat Author
ကိုယ် က တစ်စုံတစ်ယောက်ကို ချစ်တော့မယ်
ဒါမှမဟုတ် ပြန်ချစ်ဖို့ဆိုရင် ကိုယ့် အနေနဲ့ အချက် (၃) နဲ့ စဥ်းစား လေ့ရှိတယ်။
(၁) က "အချစ်" "Love"ဖြစ်ပါတယ်။ ကိုယ်က သူ့အပေါ် တကယ်ပဲ စစ်မှန်တဲ့ ခံစားချက်ရှိနေပြီလား ဆိုတာ မေးစရာ၊ စဥ်းစားစရာ မလိုလောက်တဲ့အထိ ပျော်ဝင်နေတဲ့အချိန် ဖြစ်ပြီး ကိုယ့်အပေါ် သူကလည်း တကယ်ချစ်မြတ်နိုးပါလား ဆိုတဲ့ အသိကို ကိုယ့်ဘက်က ခံစားရတဲ့အထိ "အချစ်" ဖြစ်ေနဖို့လိုပါတယ်။
(၂ )က "သစ္စာရှိခြင်း" " loyalty " ဖြစ်ပါတယ်။ သစ္စာရှိရပါမယ်။ လူတွေဟာ အနည်းဆုံးတော့
ကိုယ့်ရဲ့ နှလုံးသားကို သစ္စာ ရှိရပါမယ်။
ကိုယ် ဖတ်ဖူးတဲ့စာအုပ်တွေထဲမှာ စဲွဲမြဲနေတဲ့ စာသားတစ်ကြောင်းရှိတယ်။
" ပညာရှင်တွေဟာ သူတို့ရဲ့ ဦးနှောက် ကို ဘယ်တော့မှ သစ္စာ မဖောက်ဘူး" တဲ့။
အာဏာရှင်လက်ထက်မှာ( ဘယ်နိုင်ငံလဲမပြောပါ) အင်ဂျင်နီယာ တစ်ယောက်ဟာ ခေါ-င်းဖြ-တ်စက်(guillotine)ကို တီထွင်ပေးရပါတယ်။
သူတီထွင်တာ အကုန်ပြီးဆုံးသွားတဲ့နောက် ၎င်းစက်နဲ့ပဲ အပြစ်ရှိသူတွေကို အပြစ်ပေးဖို့ လုပ်တယ်ပေါ့လေ။ ဒါမဲ့ guillotine က ဓားသွားဟာ အပေါ်ကနေ အောက်ကိုကျမလာပါဘူး။ အဲ့တော့ ပထမအပြစ်သားက အပြစ်ကနေ လွတ်ခွင့်ရပါတယ်။
(ေ-သ ဒဏ် ပေးတာမှာ ထိုသူဟာ မသေတဲ့ အတွက် နိုင်ငံရဲ့ ဥပဒေအရ လွတ်လပ်သွားပါတယ်)
ဒါပေမဲ့ အင်ဂျင်နီယာ ပညာရှင် ဟာ သူရဲ့ တီထွင်မှုကို သူယုံကြည်ပါတယ်။ ဒါကြောင့် စက်ကို ဘာကြောင့်အလုပ်မလုပ်တာလဲ ဆိုတာ ပြန်စမ်းစစ်ဖို့
ခွင့်တောင်းပါတယ်။ အဲ့ဒီနေရာမှာ သူသွားတွေ့ပါတယ်။ ဓားစက်ကျမဲ့ ခွေးသွားစိတ်ကြီးတွေ တပ်ဆင်ထားတဲ့ နေရာမှာ မူလီ နှစ်ခုဟာ ချောင်ကျနေတာကြောင့် ဓားစက်ဟာ အောက်ကိုကျမလာပဲ အဆုံးသတ်မပေးနိုင်ဘူးဖြစ်နေတာပါ။ ဒါကြောင့် သူဟာ မူလီကို သေချာပြန်ကြပ်ပြီး နောက်တစ်ကြိမ် စမ်းသပ်စေပါတယ်။ ဒါပေမဲ့လည်း အဆုံးသတ်ပေးတဲ့ နေရာမှာ တာဝန်ရှိသူတွေ ဟာ ထိုအင်ဂျင်နီယာကို မယုံကြဘူးဖြစ်နေပါတယ်။ ဒီတစ်ကြိမ် ထပ်ပြီးမကျလာရင် သူတို့ဟာ အပြစ်သားကို နိုင်ငံ့ဥပဒေ အရ ပြန်လွတ်ပေးရမှာကြောင့် ပါပဲ။ ဒါကြောင့် အင်ဂျင်နီယာ ပညာရှင် ဟာ သူကိုယ်တိုင်ပဲ ခေါ-င်းထိုးပေးကာ ဖြတ်စေ ဆိုပြီးပြောကာ သူ့ရဲ့တီထွင်မှု အောင်မြင်ကြောင်း သက်သေပြခဲ့ပါတယ်။ ပညာရှင်တွေဟာ ေ-သတဲ့အထိ သူတို့ရဲ့ ပညာကို ကာကွယ်စောင့်ရှောက်ကြပါတယ်။
နှလုံးသားနဲ့ ခံစားတဲ့ သူတွေဟာလည်း နှလုံးသားကို သစ္စာရှိဖို့လိုပါတယ်။ကိုယ် ပြောချင်တာက သစ္စာ ရှိခြင်းမှာ ကိုယ့်ရဲ့ သစ္စာရှိခြင်းဆိုတဲ့ တန်ဖိုး အပြင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာ နဲ့ ကိုယ်ချစ်ရတဲ့သူရဲ့ ဂုဏ်သိက္ခာ ကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။
( ဒီဥပမာ ကိုပြောလို့ ေ-သ ပေး ရမယ် ဆိုလိုတာမဟုတ်ပါဘူး။ အဲ့လိုအခြေအနေလည်း မရှိပါဘူး။ သစ္စာ ရှိခြင်း က အမြဲပြောင်းလဲ ဖောက်ပြန်နေတဲ့ လောကကြီး နဲ့ ဖောက်ပြန်ချင်တဲ့ စိတ်တွေကို အသိတရားရှိတဲ့ လူသားတွေသာ ထိန်းချုပ်နိုင်တဲ့ အစွမ်းတစ်ခု ဖြစ်နေလို့ပါ။)
(၃) "လေးစားမှု "" respect " ဖြစ်ပါတယ်။
ဘာပဲလုပ်လုပ်အကုန်မှန်တယ် ၊သူက ငါ့ထက်ပိုတော်တယ်၊သူက မိန်းကလေးမို့လို့၊ ယောကျာ်းလေးမို့လို့ တဆင့်နိမ့်ပြီး ပြောတာမျိုးတွေ၊ အရေးမပါသလို ၊ အလေးမထားသလိုမျိုး ဆက်ဆံတာတွေ၊ moral wisdom မရှိတာတွေ၊ gender discrimination တွေ ရှိနေ လို့ မဖြစ်ပါဘူး။ အဲ့လိုပြောလို့ အမြဲ ဦးစားပေးရမယ် priority လုပ်ပေးဖို့် မဆိုလိုပါဘူး။
ပြောြပချင်တဲ့ အကြောင်းအရာတွေမှာ သေသေချာချာနားထောင်ပေးတာ၊ကျေနပ်စွာ လက်ခံတက်တာ၊ ကောင်းမွန်တဲ့ ကိစ္စရပ်တွေ အောင်မြင်သွားတဲ့အခါ ကြိုးစားမှုအတွက် အသိအမှတ်ပြုပေးတာ၊ ချီးကျုးစကား တိုးတိုးလေး ဆိုပေးတာတွေ ဖြစ်ပါတယ်။ " နင်လုပ်နိုင်သွားပြီပဲ" " ငါယုံပြီးသားပါ နင်လုပ်နိုင်မယ်လို့"ဆိုတာတွေ ဖြစ်ပါတယ်။ ကိုယ် Red white and Royal blue စာအုပ်ကို ဖတ်တုန်းက ပီယာနိုတီးတဲ့အချိန်မှာ ဇာတ်လိုက် ဟင်နရီက "မင်းရဲ့ ကောင်လေး ဖြစ်ရတာ ဂုဏ်ယူလိုက်တာ" လို့ အဲလက်စ် ကို ပြောခဲ့ပါတယ်။ အဲလက်စ်က " ငါကတော့ မင့်ကောင်လေး ဖြစ်ရတာ အမြဲ ဂုဏ်ယူနေသားပဲ " လို့ ပြန်ပြောခဲ့ပါတယ်။ ဒါမဲ့ ဟင်နရီက လည်း ထပ်ပြောခဲ့ပါသေးတယ်။ သူရဲ့ အချစ်က သာမာန် မိသားစုက မဟုတ်လို့ ပိုပြီးခက်ခဲကြောင်း ပိုချစ်ရကြောင်း ပြန်ပြောခဲ့ပါသေးတယ်။ အချစ်မှာ ချစ်မိကြောင်း ကို ပြသဖို့အတွက် "ကိုယ့်အတွက်" ဆိုပြီး ပေးအပ်လာတဲ့ ချစ်ခြင်းမေတ္တာ တွေကို လေးစားပေးဖို့လိုပါတယ်။
စာဖတ်သူများကို ကျေးဇူးတင်လျှက်....
Keep Reading