WHY:ဘာကြောင့်လဲ
➡️ ကမ္ဘာကြီးပူနွေးလာရတဲ့ အဓိကတရားခံကတော့ ဖန်လုံအိမ်အာနိသင်(greenhouse effect)ကြောင့်ပါ။ ဖန်လုံအိမ်ဆိုတာကတော့ အအေးပိုင်းဒေသတွေမှာ သီးနှံပင်တွေစိုက်ပျိုးနိုင်ဖို့အတွက် အလင်းဖောက်ဝင်နိုင်ပြီး အပူတချို့ပြန်ထွက်မသွားအောင် ထိန်းသိမ်းနိုင်တဲ့ ဖန်အိမ်လေးဘဲဖြစ်ပါတယ်။
ထိုအိမ်လေးက ညအခါနဲ့ နေမထွက်နိုင်ဘဲ နှင်းကျတဲ့အခါ တွေမှာ အပင်တွေမသေစေဖို့ အပူကိုသိုလှောင်ထားပေးပါတယ်။ ဒီလိုအပူတွေကို အပြင်ဆီမထွက်နိုင် သိုလှောင်ထားတာကို ဖန်လုံအိမ်အာနိသင် (greenhouse effect) လို့ခေါ်ပါတယ်။
➡️ ကျွန်တော်တို့ ကမ္ဘာကြီးက နေနဲ့ တတိယမြောက်အနီးဆုံးဂြိုလ် ဖြစ်ပေမယ့် ဘာလို့အပူချိန် အရမ်းမများတာလဲ။ ညဘက်တွေမှာလည်း နေရောင်မရှိပေမယ့် ဘာလို့ မအေးခဲသွားရတာလဲ။
အဖြေကတော့ ကမ္ဘာ့မြေထုကြောင့်ပါ။ နေ့ဘက်မှာဆိုရင် မြေပြင်ပေါ်ကြရောက်တဲ့ နေရောင်ခြည်(နီအောက်ရောင်ခြည်/Infrared Radiation (IR)/အပူလှိုင်း) တွေကို မြေကြီးကစုပ်ယူပြီးတော့ တချို့တစ်ဝက်ကို ပြန်ထုတ်လွှတ်ပါတယ်(အထူးသဖြင့် ညဘက်တွင်)။ ဒီလိုနဲ့ နေ့အခါစုပ်ယူထားတဲ့ အပူတွေကို ညအခါမှာအာကာသထဲကို ပြန်ထုတ်လွှတ်ခြင်းဖြင့် ညဘက်မှာလည်းအနွေးဓာတ်ရနေတာ ဖြစ်ပါတယ်။ နေ့ဘက်မှာအရမ်းမပူ ရခြင်းကတော့ ကမ္ဘာ့လေထုက နေရောင်ခြည်တွေကို စစ်ထုတ်ပေးနေလို့ဘဲဖြစ်ပါတယ်။ (နေရောင်ခြည်ဟာ လျှပ်စစ်သံလိုက်လှိုင်း(#electromagneticwaves) အမျိုးအစားဖြစ်ပြီးတော့ သူထဲမှာ လျှပ်စစ်သံလိုက်လှိုင်းအမျိုးအစား တော်တော်လေးပါဝင်ပါတယ်။)
➡️ ပြန်ဆက်ရရင် သဘာဝတရားကြီးက အခုလိုမျှခြေမှာ ရှိနေပေမယ့် လူသားတွေကြောင့် ဒီမျှခြေက မတည်မငြိမ်ဖြစ်လာပါတယ်။ မတည်မငြိမ်ဖြစ်စေတဲ့ အရာတွေကတော့ ဖန်လုံအိမ်ဓာတ်ငွေ့(greenhouse gases)တွေပါ။
ဒီဖန်လုံအိမ်ဓာတ်ငွေ့တွေက လေထုထဲဝင်လာတဲ့နေရောင်ခြည်(IR/အပူ) နဲ့ မြေကြီးကပြန်ထုတ်လွှတ်လိုက်တဲ့ ရောင်ခြည်(IR/အပူ)တွေကို အာကာသထဲကို ထွက်မသွားခိုင်းဘဲ ကမ္ဘာ့မျက်နှာပြင်မှာ ထိန်းသိမ်းထားလိုက်ပါတယ်။ အဲ့တာကို ဖန်လုံအိမ်အာနိသင်(greenhouse effect)လို့ခေါ်တာပါ။
➡️ ဖန်လုံအိမ်ဓာတ်ငွေ့တွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်(CO2)၊ မီသိန်း၊ ကလိုရိုဖလူရိုကာဗွန်(CFCs) နဲ့ ရေငွေ့ စတာတွေဘဲဖြစ်ပါတယ်။ 'တန်ဆေး၊လွန်ဘေး' ဆိုသလိုဘဲ ဒီဓာတ်ငွေ့တွေက သဘာဝတရားထဲမှာ မရှိရင်လည်း မဖြစ်သလို၊ လိုအပ်တာထက်ပိုလာရင်လည်း မကောင်းပါဘူး။
ယခုဆိုလျှင် လောင်စာဆီသုံးယဉ်တွေ အသုံးများလာခြင်း၊ သစ်တောပြုန်းခြင်းနဲ့ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်းတို့ကြောင့် CO2 နဲ့ မီသိန်းပမာဏဟာ တဖြည်းဖြည်းများလာနေပါပြီး။ ဥပမာ - လေထုထဲက CO2 ပမာဏက 1880 ခုနှစ်မှာ 190 ppmv(parts per millions by volume)၊ 2006 ခုနှစ်မှာ 380ppmv နဲ့ ယခု 2023ခုနှစ်မှာတော့ 420 ppmv ကျော်ရှိနေပါပြီ။
➡️ ကမ္ဘာကြီးပူနွေးလာခြင်းရဲ့ အကျိုးဆက်တွေကတော့ အချိန်မြင့်တက်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ဝင်ရိုးစွန်းဒေသရှိရေခဲများ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်း(ပင်လယ်ရေမျက်နှာပြင်ဟာဆိုရင် တစ်နှစ်ကိုပျမ်းမျှ 1mm ကနေ 2mm နှုန်းနဲ့မြင့်တက်နေပြီလည်းဖြစ်ပါတယ်)၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း စတဲ့အကျိုးဆက်တွေဘဲဖြစ်ပါတယ်။
➡️ ဒီလိုတွေဆက်မဖြစ်အောင် ဘယ်ဘယ်လိုကာကွယ်မလဲ။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချခြင်း၊ သစ်တောများထိန်းသိမ်းခြင်းနဲ့ ပြန်လည်စိုက်ပျိုးခြင်း စတာတွေကိုပြုလုပ်ရမှာဘဲဖြစ်ပါတယ်။နည်းပညာတိုးတက်လာသည့်အတွက်ကြောင့် လောင်စာဆီသုံးယဉ်နေရာတွင် လျှပ်စစ်သုံးယဉ်များကို အစားထိုးခြင်းများ၊ ရေခဲသေတ္တာ၊အဲကွန်း စသည်တို့တွင် CFCs အစား ပရိုပိန်း ကဲ့သို့သော ဓာတ်ငွေ့ကို ကသုံးပြုလာခြင်း၊ ခြောက်သွေ့ဒေသများတွင် လေထုထဲရှိရေခိုးရေငွေ့များကိုသုံးပြီး သစ်ပင်စိုက်ပျိုးခြင်း၊ ဆိုလာစွမ်းအင်ကို ပို၍ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး ကမ္ဘာကြီးပူနွေးလာခြင်းကို တက်နိုင်သမျှနှောင့်နှေးအောင် လုပ်ဆောင်နေကြပြီလည်းဖြစ်ပါတယ်။
Keep Reading