Monologue By Mon
ကျမတို့တွေက စိတ်ချမ်းသာစရာ ဆိုရင် ပြေးတွေ့လိုက်မယ်
စိတ်ဆင်းရဲရမယ့် အရာတွေဆိုရင်တော့ ရင်ဆိုင်ဖို့ကို ချီတုံ့ချတုံ့ ဖြစ်တက်လေ့ အနည်းအများ ရှိကြပါတယ်။
ဖြစ်နိုင်ရင် ပြသာနာမှန်သမျှ ငါ့ကို ကျော်သွားပါစေ ဆိုသလိုပေါ့။
အဲ့မှာ ပြသာနာက စတာပါပဲ။ ပြသာနာ မှန်သမျှက သူ့အချိန်တန်ရင် ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတာချည်းပါ။ အဲ့လိုအချိန်မှာ ပြသာနာကြောင့် ငါတော့ စိတ်ဆင်းရဲတော့မှာပဲ ၊ ငါအဆင်မှပြေပါ့မလား ။ ငါ စိတ်ညစ်စရာတွေမတွေးချင်ဘူး ။ ပြသာနာကို မမြင်ချင်ယောင်ဆောင်ထားလို့မရဘူးလား ။ စသဖြင့် တွေးတောတက်ကြပါတယ်။ ပြသာနာကနေ တက်နိုင်သလောက် ရှောင်ပြေးကြည့်မယ်ပေါ့နော်။
ဒါပေမယ့် ပြသာနာဆိုတာကလည်း သူ့ကို မရှင်းမချင်း ဘယ်တော့မှ ပြီးပြတ်ရိုး ထုံးစံမရှိပါဘူး။
သူ့ကို ရှောင်ရင်း ၊ ရှင်းဖို့ မကြိုးစားရင်းနဲ့ အရင်ဆုံးဆုံးရှုံးလာမှာ (2) ခုရှိပါတယ်။ အဲ့တာကတော့ ~
1. ပြသာနာကို ဖြေရှင်းတက်တဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု
2. ကြည်လင်တဲ့ ခွန်အားရှိသော စိတ်
ဖြစ်ပါတယ်။
ဒါကြောင့် ပြသာနာ လို့ နာမည်တပ်လို့ရတဲ့ အရာတွေက ကိုယ့်ဆီကို အလည်လာတဲ့အခါ သူ့ကို အရင်ဆုံး ဒီကောင် ပြသာနာပဲ လို့ လက်ခံလိုက်ပါ။ ပြီးရင် သူ့ရဲ့ ဇစ်မြစ် ကိုလိုက်ပါ။ ဒီကောင် ဘယ်ကလာလဲပေါ့။ ပြီးရင်တော့ ဒီကောင့်ကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို သေချာ စဥ်းစားပါ။
စိတ်ဆင်းရဲမှာ မကြောက်ပါနဲ့ ။ ဒီကောင်ရောက်လာရင် ခဏတော့ စိတ်ဆင်းရဲပါလိမ့်မယ်။ ဒါကိုရင်ဆိုင်နိုင်တဲ့ စိတ်လေးမွေးလိုက်ပါ။ ပြသာနာကို ရင်ဆိုင်လိုက်ရင် ပြသာနာက ကြာကြာ ကိုယ့်အနားမှာ မနေနိုင်တော့ပါဘူး။ ကိုယ့်ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်စွမ်းရည် ကောင်းလေလေ ဒီကောင် သက်တမ်းတိုပြီး မြန်မြန် ကြွလေလေပါပဲ။
ပြသာနာရောက်လာပြီဆိုရင် စိတ်တွေလေးပြီး စိတ်ဆင်းရဲမှာ ကြောက်ကြပါတယ်။ မကြောက်ပါနဲ့ ။ ဘယ်အရာမဆို ဖြေရှင်းလို့ရပါတယ်။ နည်းနည်းခက်တာ နဲ့ များများခက်တာပဲ ရှိပါတယ်။ အရာတိုင်းအတွက် အဖြေက ရှိပြီးသားပါ။
ပြသာနာကို ရင်ဆိုင်ပြီးသွားပြီဆိုတာနဲ့ နောက်ထပ် ဒီကောင် ဘယ်လိုပုံနဲ့လာလာ ကိုယ်က ဖြေရှင်နိုင်စွမ်း ကောင်းကောင်းရလာပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ပိုပို တက်လာပါလိမ့်မယ်။
စိတ်ရှည်သည်းခံပြီး မှန်ကန်သော နည်းလမ်းနဲ့ ပြသာနာကို ရင်ဆိုင်ဖြေရှင်းပါ။ တကယ်လို့ဖြေရှင်းတဲ့ နည်းက မမှန်ကန်တဲ့ အလွယ်နည်းလမ်းကို လိုက်မိလိုက်ရင် ပြသာနာက ပြီးပြတ်ချင်ယောင်ဆောင်ပြီး ပိုအားကြီးတဲ့ ပြသာနာအဖြစ်နဲ့ ပြန်လာတက်ပါတယ်။
ဒါကြောင့် မှန်ကန်တဲ့ နည်းလမ်းကို သုံးပြီး စိတ်ကို ခိုင်ခိုင်မာမာ နဲ့ အေးအေးဆေးဆေးတွေးတောပြီး ဖြေရှင်းတက်အောင် ကြိုးစားပါ။ အချိန်တန် ပြသာနာတွေ အဆင်ပြေလာပါလိမ့်မယ်။
အခက်အခဲတစ်ခုကြောင့် ဘဝကို လက်လျော့ဖို့ ဘယ်တော့မှ မတွေးပါနဲ့။ ရှင်သန်နေသရွေ့ ကိုယ့်ရဲ့ အိပ်မတ်တွေဟာ ဖြစ်လာနိုင်တာမို့ ဘယ်လောက်ကြီးမားတဲ့ ပြသာနာပဲ ဘဝမှာကြုံကြုံ ရဲရဲရင်ဆိုင် ဖြေရှင်းပါ။ ငိုသင့်ရင် ငိုလိုက်ပါ။ လဲကျချင် လဲကျပစ်လိုက်ပါ။ ဒါပေမယ့် ပြန်ထပြီး ရင်ဆိုင်ပါ။
အခက်အခဲတွေကြောင့် ပင်ပန်းပြီး ခြေကုန်လက်ပန်းကျနေပြီဆိုရင် ဒါတွေကို ဖြေရှင်းနိုင်တဲ့ တစ်နေ့ကို စိတ်ကူးကြည့်ပါ။ အဲ့နေ့ရောက်ရင် သေလောက်အောင် ပင်ပန်းစိတ်ညစ်ခဲ့သမျှက ဘဝရဲ့ အမှတ်တရ တစ်ခုထက်မပိုပါဘူး။ ဒါပေမယ့် ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုတော့ ချီးကျူး ဂုဏ်ယူနေမိမှာပါ။ ဘဝကိုဖြတ်သန်းဖို့ ကိုယ်တိုင်က ပေးတဲ့ ခွန်အားတွေ ရဲရင့်မှုတွေပါ ရလာမှာပါ။
အားလုံးပဲ ရဲရဲရင်ဆိုင် ကျော်ဖြတ်နိုင်ကြပါစေ။
Keep Reading