Author's Profile Photo

လွမ်းဝေးအိမ်

15/03/2026

မေ

1 min read
18 Again
Psychology
Entertainment

မေ
တကယ့်တော့
အချစ်ဆိုတာ
ပေးဆပ်ခြင်းလို့ပဲဆိုဆို
ရယူလိုခြင်းလို့ပဲသတ်မှတ် သတ်မှတ်
အချစ်ဆိုတာ
သူပျော်နေရင် ကိုယ်ကျေနပ်နေရတဲ့
ခံစားမှုအငွေ့အသက်လေးတွေပါ မေ

တခါတေလ
မေ စိတ်ချမ်းသာဖို့
မောင် စိတ်ညစ်တာတွေ
ဖွင့်မပြောဖြစ်ခဲ့တာတွေရှိတယ်

တခါတေလ
မေ ကြည်နူးစေဖို့
မောင့်ရဲ့ ပျော်ရွှင်မှုတွေကို
မျှဝေပေးခဲ့တာတွေရှိတယ်

တခါတေလ
မေ အားငယ်နေရင်
ဘာပဲဖြစ်ဖြစ်
မေအနားမှာ ထာဝရရှိနေမယ်ဆိုတဲ့
ကတိတခုနဲ့ အဖော်ပြု ပေးခဲ့တာတွေရှိတယ်

နံနက်ခင်းတိုင်း
မော်နင်းချစ်သူ လို့နှုတ်ဆက်တာတွေရှိတယ်

နေ့လည်ရောက်တိုင်း
ဘာစားလဲလို့ ဂရုတစိုက်မေးခဲ့တာတွေရှိတယ်

ညရောက်တော့လည်း
ဘုရားရှိခိုးပြီးမှ အိပ်နော်လို့ သတိပေးခဲ့တာတွေရှိတယ်

ဖုန်းချခါနီးတိုင်းလည်း
အရမ်းချစ်တယ် အာဘွားလို့
တယောက်နဲ့တယောက် နှုတ်ဆက်တာတွေရှိတယ်

တကယ်တော့
အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ပဲဆိုဆို
ရယူလိုခြင်းလို့ပဲသတ်မှတ် သတ်မှတ်
သူပျော်နေရင် ကိုယ်ကျေနပ်နေရတဲ့
ခံစားမှုအငွေ့အသက်လေးတွေပါ မေ


လွမ်းဝေးအိမ်

Keep Reading

ဂုဏ်ဓနဖက်လို့ စုံ,မ ဝှက်ကာUWC scholarshipလူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။"သူလိုလူ"သင်ဟာခေါင်းဆောင်တစ်ယောက်ပါ"တည်ငြိမ်မှုဖြင့် အကျပ်အတည်းကိုကျော်လွှားခြင်းများ"Doorway Effectကွဲကြေပြီးနောက် ပြန်ဆက်ရာဝယ်