Author's Profile Photo

လွမ်းဝေးအိမ်

28/02/2026

စျာပနာ

1 min read
18 Again
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
ပျောက်ကွယ်မသွား အမွေအနှစ်များ

အရမ်းခက်တယ်ဘဲ ပြောရမယ်
သေသောသူကြာရင်မေ့ တဲ့
ကြားဖူးခဲ့တဲ့ ရှေးရှေးလူတွေစကား
အမှန်သာထင်ခဲ့
မေ့လို့သွားလေမလားကြိုးစားရင်း
ငါ့အသက်သာ ကြီးလာခဲ့တယ်

မေ့ဖို့ဆိုတာမဖြစ်နိုင်
ဘ၀ရဲ့မှတ်တိုင်တွေသာ
တရွေ့ရွေ့နဲ့ ကုန်ဆုံးလာခဲ့
မင်းထားခဲ့တဲ့နေရာလေးမှာ
ငါတစ်ယောက်တည်းဖြတ်သန်း
ဘ၀ရဲ့လမ်းတွေလျှောက်
ငါလဲတစ်ယောက်တည်းပါကွာ။

အရမ်းခက်တယ်ဘဲပြောရမယ်လေ
ငါ့ကိုယ်တိုင် မဟုတ်တောင်
ငါ့ရဲ့မျှော်လင့်ချက်
ငါ့ဘ၀ရဲ့အိမ်မက်တွေက
မင်းနဲ့အတူစျာပနာမှာ မီးရှို့
ငါကိုယ်တိုင်သဂြိုင်္လ် ခဲ့ပေပြီဘဲကွာ။

အဲ့တော့မင်းနဲ့တွေ့မယ့် နေ့ကိုစောင့်
ငါလည်းမကြာခင်
မင်းဆီအရောက်လာခဲ့မယ့်လေ ......


လွမ်းဝေးအိမ်

Keep Reading

ဂုဏ်ဓနဖက်လို့ စုံ,မ ဝှက်ကာUWC scholarshipလူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။"သူလိုလူ"သင်ဟာခေါင်းဆောင်တစ်ယောက်ပါ"တည်ငြိမ်မှုဖြင့် အကျပ်အတည်းကိုကျော်လွှားခြင်းများ"Doorway Effectကွဲကြေပြီးနောက် ပြန်ဆက်ရာဝယ်