Author's Profile Photo

SarPhat Author

8/04/2024

Book Review

1 min read
Book Review
Culture
Book Review's photo

"ဓမ္မာရုံ" အကြည်တော်

ဆရာအကြည်တော်ရဲ့ ဓမ္မာရုံစာအုပ် ဖတ်လိုက်ရတာ အသိတရားတွေ၊ သံဝေဂတွေပါ ရသွားပါတယ်။ ကျနော်တို့ နေထိုင်ရာ ရပ်ကွက်ထဲကိုများ ရောက်လာဖူးသလားလို့လည်း ထင်မိပါတယ်။ ဘာလို့ဆို တပုံစံထဲ ဖြစ်နေလို့လေ။ ဘယ်သင်းက တိုက်ဆိုင်တာလည်းဆိုတော့ လော်လေ၊ လော်ဗျ။ အခုတော့ တည်ငြိမ်သွားပါပြီ။ အရင်ကလောက် မဖွင့်တော့ပါဘူးဗျ။

သာရေး၊ နာရေး၊ မျက်စိ မျက်မှန်စမ်းသပ်တာရော၊ မိခင်နှင့်ခလေး စောင့်ရှောက်ရေးက မွေးကင်းစကလေးတွေ ကာကွယ်ဆေးထိုးပေးတာရော၊ မဲရုံ အဖြစ်ရော၊ စာပေဟောပြောပွဲရော ကျနော်တို့ရပ်ကွက် ဓမ္မာရုံသေးသေးလေးက စုံစီနဖာ ပါပဲဗျာ။

"မင်း ဗုဒ္ဓဘာသာမဟုတ်ဘူးလား" တဲ့ အဲ့ဒိမေးခွန်း မေးနေကြတဲ့သူတွေရော ဗုဒ္ဓဘာသာအကြောင်း ထဲထဲဝင်ဝင် သိလို့လားဗျာ။ ဆရာပြောပြ ထောက်ပြသွားတာတွေ ထိမိလှပါတယ်ဗျာ။ ဒီလို ဆရာတယောက်ကိုတော့ နှမြောမိတာ အမှန်ပါ။

ဆရာအကြည်တော်ရဲ့ စာအုပ်ထဲမှာလိုပဲ အပြင်မှာ အလှူခံပြီး ရှာဖွေစားသောက်နေကြတာတွေမှ အများကြီးပါ။ အခုလိုခေတ်ကာလ ပိုလို့တောင် ဆိုးပါသေးတယ်။

ဗုဒ္ဓဘာသာကိုဖျက်တာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတာ သိပ်နှမြောတယ်ဗျာ။ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး စီးပွားရှာကြတဲ့သူတွေ၊ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး အပျော်ရှာကြတဲ့သူတွေကြောင့် ဗုဒ္ဓဘာသာဟာ မကြီးကျယ်ခမ်းနားနိုင်တော့ပါ။ နှစ်ကျိပ်ရှစ်ဆူပွဲမှာ "မင်းဆော်ထက် ငါ့ဆော်ပိုမိုက်တယ်" ကထိန်ပွဲဆိုရင် "ငါကဗိုလ်အောင်ဒင် နင်ကဒါကိုမမြင်" ၊ "ဘုံကထိန် ဘုံကထိန်၊ ဘုံကထိန်လှည့်လို့လာ" ဆိုတာမျိုးတွေ ဖွင့်ပြီး လုပ်ချင်ရာ လုပ်တတ်ကြတာ လူငယ်တွေရော၊ လူကြီးတွေရောပဲ။ ဒီကြားထဲ ယောက်ျားလေးတွေက မိန်းမလိုဝတ်ပြီး ဘုန်းကြီးကျောင်းထဲအထိ အမြင်မတင့်တယ်တဲ့ အကတွေနဲ့ တွန့်လိမ်ကောက်ကွေး ကပြကြသေးတယ်။ ကထိန်ရာသီရောက်လာတိုင်း ကျနော် သီတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် စာပေတိုက်တွေကို ဒီလိုမျိုး မတင့်တယ်၊ မလုပ်သင့် မလုပ်အပ်တဲ့ အကြောင်းတွေကို ဆောင်းပါးတွေ ရေးပြီး ပို့ခဲ့ပါသေးတယ်။ တခါမှတော့ အရွေးမခံရပါဘူး။

ဆရာက တိုတိုထိထိ မိမိ လှလှပပ ရေးပြီး ဆုံးမသွားတာဗျ။ ဖတ်တတ်ရင် အချိန်မီ ပြန်ပြင်လို့ရပါသေးတယ် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ခင်ဗျား။ ဗုဒ္ဓဘာသာဆိုတဲ့ စက္ကူလှေကလေးဟာ ရေထဲမှာ မျောနေရရှာတယ်။ ဒီလိုမျောနေတာကို ဆယ်ယူဖို့ လိုအပ်တယ်ထင်ရင် ဆယ်ယူကြပါ။ မလိုအပ်ဘူးထင်ရင် ရေစို ရေဝပြီး နစ်မြုပ်သွားပါစေပေါ့ဗျာ။ လွှတ်ထားလိုက်ကြပါ။

ကျနော်ကတော့ ဆယ်ယူမဲ့ အဖွဲ့ကပါ။

စာချစ်သူများရော ဘယ်လို တွေးပါသလဲ။

ကျနော်ပေးတဲ့ ဥပမာထက် ပိုကောင်းတဲ့ ဥပမာရှိပါကလည်း ပြောပြပါဗျာ။

*သာသနာ ရောင်ဝါ လင်းစေသောဝ်....."

ကိုမျိုး (၂၉.၃.၂၀၂၄)

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ