Author's Profile Photo

Digital Khit (ဒစ်ဂျစ်တယ် ခေတ်)

15/10/2025

ဆူညံသံတွေကြောင့် နှေးလာတဲ့ Wi-Fi လိုင်းကို ၅မိနစ်အတွင်း ဘယ်လိုပြင်မလဲ၊ ဘာကြောင့် ဆူညံတာလဲ။

1 min read
Technology
ဆူညံသံတွေကြောင့် နှေးလာတဲ့ Wi-Fi လိုင်းကို ၅မိနစ်အတွင်း ဘယ်လိုပြင်မလဲ၊ ဘာကြောင့် ဆူညံတာလဲ။'s photo

Byline: လင်းသစ် | နည်းပညာဆောင်းပါးရှင်
Published on: Oct 15, 2025

(Muhammad Hassan Ali ၏ Medium မှ ဆောင်းပါးကို မှီငြမ်း တင်ဆက်သည်။)

Online Game ဆော့လို့ကောင်းနေတုန်း Ping တက်လာတာ၊ 4K ရုပ်ရှင်ကြည့်နေတုန်းမှာ ရပ်လိုက်လည်လိုက်ဖြစ်နေတဲ့ buffering wheel ကို မြင်ရတဲ့ခံစားချက်ကို မြန်မာနိုင်ငံမှာနေရင် ပိုပြီးသိမှာပါ။

ဒီလိုဖြစ်ရင် ပထမဆုံးအတွေးက Router ဒါမှမဟုတ် အင်တာနက် Provider ကို အပြစ်တင်မိတယ်မလား။ Router ကို restart ချတယ်၊ စိတ်တိုတယ်၊ နောက်ဆုံးမှာ အကုန်ခံပြီး "ပိုမြန်တဲ့" Modem အသစ်ကို ဝယ်လိုက်ရင်တောင်မှ ပြဿနာက အရင်အတိုင်း ရှိနေတုန်းပါပဲ။

ဒီမှာ လျှို့ဝှက်ချက်တစ်ခု ပြောပြပါမယ်။
ဒီနေ့ခေတ် အိမ်အများစုအတွက် ပြဿနာက အင်တာနက် speed မဟုတ်ပါဘူး။ "ဆူညံမှု" (Noise) ကြောင့်ပါ။

တကယ့်တရားခံက သင့် Network ပေါ်မှာ တိတ်တဆိတ် အော်ဟစ်အချက်ပြနေတဲ့ Smart Device ဒါဇင်ပေါင်းများစွာပါပဲ။ သူတို့က ကိုယ်မမြင်ရတဲ့ ဒစ်ဂျစ်တယ် ယာဉ်ကြောပိတ်ဆို့မှုကြီးကို ဖန်တီးထားပြီး သင့်ရဲ့ အရေးကြီးတဲ့ Device တွေကို လေးကန်သွားစေတာပါ။

ဒါပေမဲ့ ဒီပြဿနာကို အခမဲ့၊ ၅ မိနစ်အတွင်း ဖြေရှင်းပြီး သင့် Wi-Fi ကို အသစ်အတိုင်း ပြန်ဖြစ်သွားစေမယ့် နည်းလမ်းရှိပါတယ်။ သိချင်ရင် ဆက်လက်ဖတ်ရှုကြည့်ပါ။

တကယ့်ပြဿနာ: "စကားများတဲ့" ပစ္စည်းတွေရဲ့ ယာဉ်ကြောပိတ်ဆို့မှု


အိမ်မှာတပ်ထားတဲ့ Wi-Fi Network ကို လမ်းတစ်လမ်းတည်းပဲရှိတဲ့ အမြန်လမ်းမကြီးတစ်ခုလို့ မြင်ယောင်ကြည့်လိုက်ပါ။

ဒီလမ်းပေါ်မှာ Data များများယူတဲ့ Gaming PC ၊ အလုပ်လုပ်တဲ့ Laptop နဲ့ ရုပ်ရှင်ကြည့်တဲ့ TV Box တို့လို အရှိန်ပြင်းပြင်းသွားရမယ့် အရေးကြီးယာဉ်တွေက ဒီလမ်းပေါ်မှာ အမြန်မောင်းဖို့လိုပါတယ်။

ဒါပေမဲ့ အဲ့ဒီလမ်းမကြီးပေါ်မှာ တခြား နှေးကွေးတဲ့ယာဉ်တွေ ဒါဇင်နဲ့ချီပြီး ပြည့်ကျပ်နေပါတယ်။
အိမ်ကရှိတဲ့ Smart မီးသီး၊ Smart Plug၊ Smart Speaker နဲ့ Wi-Fi ချိတ်ထားတဲ့ TV တိုင်းဟာ အဲ့ဒီလမ်းပေါ်က ယာဉ်တစ်စီးစီပါပဲ။ သူတို့ကို တိုက်ရိုက်မသုံးနေတဲ့အချိန်မှာတောင် သူတို့က Server တွေနဲ့ အဆက်မပြတ် "စကားပြော" (ချိတ်ဆက်) နေတယ်၊ Update တွေတောင်းတယ်၊ Data တွေ ပြန်ပို့နေပါတယ်။

ဒီလို အဆက်မပြတ် ဆူညံနေတဲ့ Data အသေးစားလေးတွေက ကြီးမားတဲ့ ဒစ်ဂျစ်တယ် ယာဉ်ကြောပိတ်ဆို့မှုကြီးကို ဖြစ်စေပါတယ်။ ကိုယ့်ရဲ့ Game Console က Smart Plug တစ်ခုရဲ့ နောက်မှာ ပိတ်မိနေပြီး၊ အလုပ်လုပ်တဲ့ Laptop က Smart မီးသီးတစ်လုံး Update တက်နေတာကို စောင့်နေရပါတယ်။

ရလဒ်ကတော့ Ping တက်တာ၊ ရုတ်တရက် Lag တာနဲ့ စိတ်မချရတဲ့ Network တစ်ခုကို ရရှိစေတာပါပဲ။

ဖြေရှင်းနည်း: "နှေးကွေးတဲ့ယာဉ်တွေ" အတွက် သီးသန့်လမ်းကြောတစ်ခု ဖောက်ပေးလိုက်ပါ


အဖြေက ပိုမြန်တဲ့ လမ်းမကြီးတစ်ခုမဟုတ်ပါဘူး။
လမ်းကြောပိုများတဲ့ လမ်းမကြီးတစ်ခု တည်ဆောက်ဖို့ပါပဲ။ ဒီနေ့ခေတ် Router အားလုံးနီးပါးမှာ လူသိပ်မသုံးဖြစ်တဲ့ feature တစ်ခုပါလာပါတယ် — Guest Network ပါ။

ဒီ feature ကို ဧည့်သည်တွေအတွက် ရည်ရွယ်ထားပေမယ့်၊ အိမ်မှာရှိတဲ့ "စကားများလွန်းတဲ့" IoT (Internet of Things) device တွေအားလုံးအတွက် သီးသန့်လမ်းကြောတစ်ခုအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

အရေးမကြီးတဲ့ Smart Device အားလုံးကို ဒီ Guest Network သီးသန့်ပေါ် ရွှေ့လိုက်တာက သူတို့ရဲ့ ဆူညံသံတွေကို အဓိကလမ်းမကြီးပေါ်ကနေ ဖယ်ထုတ်လိုက်တာနဲ့ အတူတူပါပဲ။ သူတို့ဟာ သတ်မှတ်ပေးထားတဲ့ သီးသန့်လမ်းကြောပေါ်မှာ စကားတွေဆက်ပြောနေနိုင်ပြီး၊ ကိုယ့်ရဲ့ အရေးကြီးတဲ့ Device တွေရဲ့ အမြန်လမ်းကို လာမပိတ်ဆို့တော့ပါဘူး။

၅ မိနစ်အတွင်း အပြီးလုပ်ဆောင်နိုင်မယ့် အဆင့် (၃) ဆင့်


ဒီနည်းလမ်းက ၅ မိနစ်ပဲကြာပြီး ဘာနည်းပညာကျွမ်းကျင်မှုမှ မလိုအပ်ပါဘူး။

အဆင့် ၁: Router Dashboard ထဲဝင်ပါ။
Router ရဲ့ IP address နဲ့ password ကို ရှာပါ။
ဒါတွေက Router ရဲ့ အနောက် ဒါမှမဟုတ် အောက်ခြေက Sticker မှာ အမြဲတမ်း ရိုက်နှိပ်ထားလေ့ရှိပါတယ်။


(ဥပမာ: 192.168.1.1)။ Browser မှာ အဲ့ဒီ IP ကိုရိုက်ထည့်ပြီး password နဲ့ login ဝင်လိုက်ပါ။

အဆင့် ၂: Guest Network ကို ရှာပြီး ဖွင့်ပါ။
Router setting ထဲမှာ "Guest Network" သို့မဟုတ် "Guest Wi-Fi" ဆိုတဲ့ ကဏ္ဍကို ရှာပါ။
အဲ့ဒါကို Enable လုပ်ပါ။ နာမည်ကို Home_IoT လို့ ရှင်းရှင်းလင်းလင်းပေးပြီး password ခိုင်ခိုင်မာမာတစ်ခု ထားပါ။


အရေးကြီးဆုံးအချက်ကတော့ Guest device တွေကို သင့်ရဲ့ အဓိက Network (local network) ထဲကို ဝင်မရအောင် တားဆီးထားတဲ့ (isolate) setting ကို ON ထားဖို့ မမေ့ပါနဲ့။ ဒါက လုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်။

အဆင့် ၃: "စကားများတဲ့" Device အားလုံးကို ပြောင်းရွှေ့ပါ။
သင့်အိမ်ထဲမှာရှိတဲ့ Smart Device အားလုံးကို အခုမှလုပ်လိုက်တဲ့ Home_IoT network အသစ်ဆီကို တစ်ခုမကျန် ပြန်ချိတ်ဆက်ပါ။


  • Smart မီးသီး၊ Smart Plug များ
  • Smart Speaker များ (Amazon Echo, Google Home)
  • Smart TV နှင့် TV Box များ
  • Wi-Fi ချိတ်ထားသော Camera များ
  • အခြား Smart ပစ္စည်းများအားလုံး


သင့်ရဲ့ အဓိကသုံးတဲ့ ကွန်ပျူတာ၊ ဖုန်း၊ Tablet နဲ့ Game Console တွေကိုတော့ အခု တိတ်ဆိတ်သွားပြီဖြစ်တဲ့ Main Network ပေါ်မှာပဲ ဆက်ထားပါ။

ရလဒ်: တိတ်ဆိတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့် မြန်ဆန်ခြင်း


ဒီအဆင့်တွေပြီးသွားတာနဲ့ ချက်ချင်းဆိုသလို သိသိသာသာ ပြောင်းလဲသွားတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်သုံးနေတဲ့ Main Network ဟာ Smart Device ၃၀ လောက်ရဲ့ အဆက်မပြတ် ဆူညံမှုတွေကနေ လုံးဝကင်းစင်သွားပါပြီ။

  • Online Game တွေမှာ Ping သိသိသာသာ ကျသွားပါမယ်။
  • Video Call တွေ ပိုပြီး တည်ငြိမ်လာပါမယ်။
  • 4K ရုပ်ရှင်တွေက အစအဆုံး မထစ်ဘဲ ကြည့်နိုင်ပါမယ်။


သင့် Wi-Fi ဟာ သင်ပိုက်ဆံပေးထားတဲ့ တန်ဖိုးနဲ့တူတဲ့ အမြန်နှုန်းကို နောက်ဆုံးမှာတော့ တကယ်ခံစားရမှာဖြစ်ပါတယ်။ အိမ်က Network ကို ပိုကောင်းအောင်လုပ်ဖို့ လျှို့ဝှက်ချက်က ပိုမြန်တဲ့ Modern တွေဝယ်ဖို့၊ ပိုမြန်တဲ့လိုင်းကို Upgrade လုပ်ဖို့ မဟုတ်ပါဘူး။

ရှိပြီးသား Traffic ကို ဉာဏ်ရှိရှိ စီမံခန့်ခွဲတတ်ဖို့ပါပဲ။

Keep Reading

"Pixnapping" သို့မဟုတ် Android ဖုန်းတွေဆီကအရေးကြီး အချက်အလက်တွေကို စက္ကန့် ၃၀ အတွင်း ခိုးယူနိုင်တဲ့တိုက်ခိုက်မှုအသစ်Graphic Designer တွေ အလုပ်ပြုတ်တော့မှာလားဆိုတဲ့ Nano Banana AIခရီးမသွားခင် ဘာသာစကားအသစ်သင်ဖို့ ကူညီပေးမယ့် AI လက်ထောက်အသစ်: Perplexityအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစလုပ်ငန်းခွင်ထဲက AI: ဉာဏ်ရည်ကို သတ်သလား၊ အလုပ်ကို တွင်ကျယ်စေသလား?ဆူညံသံတွေကြောင့် နှေးလာတဲ့ Wi-Fi လိုင်းကို ၅မိနစ်အတွင်း ဘယ်လိုပြင်မလဲ၊ ဘာကြောင့် ဆူညံတာလဲ။ဒေါ်လာသန်းပေါင်းများစွာ ပျက်စီးခဲ့တဲ့ AWS Data Center စနစ်ချွတ်ယွင်းမှုကြီးအီလွန်မတ်နေ့စဥ်သုံး Power Bankတွေရဲ့ မမြင်နိုင်တဲ့ အန္တရာယ်Windows 10 ကို နှုတ်ဆက်ချိန်တန်ပြီ!