Author's Profile Photo

Var Han Jar

26/06/2025

"အရိပ်"

1 min read
18 Again
Creative
"အရိပ်"'s photo

လူတွေနောက်
တကောက်ကောက်လိုက်နေတာအရိပ်တဲ့။
အဲ့လိုပေမဲ့ အရိပ်ကိုအမူမဲ့အမှတ်မဲ့
နေပူထဲထွက်ကြည့် မြင်ရမှာမင်းအရိပ်ပေါ့။
နေနဲ့အချိန်အခါပေါ်မူတည်
အရိပ်က ရှည်လိုက် ပုလိုက်
အမြင်တွေပဲလှည့်စားသလား။
အရိပ်ကပဲမူမမှန်တာလား။
သေချာတာတော့ အရိပ်က
ကိုယ်နဲ့မခွဲမခွာ
အရိပ်ကလဲပြောင်းလဲသလို
လူကလဲအချိန်အခါတွေအလျောက်
ပြောင်းလဲလာရင်း ရုန်းကန်လာရင်း
ကိုယ်လုပ်ခဲ့တဲ့အတိတ်ကလဲအရိပ်တစ်ခုပေါ့။
အတိတ်တွေကနေရှောင်ပုန်းမရသလို
ကိုယ့်နောက်အမြဲပါနေတတ်တဲ့
အရိပ်နဲ့စိန်ပြေးတမ်းလိုက်နေလို့
မဖြစ်ပါဘူး။

#ပန်းသွေးငယ်


Keep Reading

ဂုဏ်ဓနဖက်လို့ စုံ,မ ဝှက်ကာUWC scholarshipလူငယ်နှင့်စာပေPassion (အရူးအမူးဖြစ်ခြင်း၊ ဝါသနာကြီးခြင်း)အလုပ်လုပ်ဖို့ Motivation ဟာ တကယ်ပဲ လိုအပ်ပါသလား။"သူလိုလူ"သင်ဟာခေါင်းဆောင်တစ်ယောက်ပါ"တည်ငြိမ်မှုဖြင့် အကျပ်အတည်းကိုကျော်လွှားခြင်းများ"Doorway Effectကွဲကြေပြီးနောက် ပြန်ဆက်ရာဝယ်