Author's Profile Photo

Raven Linn

18/06/2025

သတ္တိရှိရှိရှေ့တိုးပါ ရဲရဲရင့်ရင့်နောက်ဆုတ်ပါ

2 mins read
Startup
Motivation
Self Improvement

တန်းဖော် ကောင်မလေးတစ်ယောက်
ရှိပါတယ်
သူ့ကို ကျွန်တော် တက္ကသိုလ် Second year (ဒုတိယနှစ်) ထဲက သတိထားမိခဲ့ပါတယ်
သတိထားမိခဲ့တဲ့ အကြောင်းကတော့
သူဟာ အချိန်ပြည့် စိတ်ဆိုး
ဒေါသထွက်နေတတ်ပြီး
မျက်နှာလည်း မကြည်မလင် သုန်သုန်မှုန်မှုန်နဲ့ပါ

တစ်ခြားမိန်းကလေးတွေ နည်းတူ
ပြင်ဆင်ခြယ်သ'တာမျိုးလည်း မရှိဘဲ
ကျောင်းလာတိုင်း အနွေးထည်လိုလို
အပေါ်ထပ်အင်္ကျီကို အမြဲ ဝတ်ထားကာ
သနပ်ခါး ရေကျဲလောက်ပဲ လိမ်းလာတတ်ပြီး
ကျောလောက်ရှိတဲ့ ဆံပင်ရှည်တွေကို
အမြဲတမ်း စုချည်ထားတတ်ပါသေးတယ်

သူဟာ Communication (ပေါင်းသင်းဆက်ဆံရေး) လုပ်ဖို့ခက်ခဲပြီး
ဘယ်သူ့ကိုမှလည်း စကားကောင်းကောင်း
မပြောပါဘူး
မှတ်မှတ်ရရ ကျွန်တော် ဒုတိယနှစ်တုန်းက
အတန်းတက် လက်မှတ်ထိုးတော့
နာမည်ပျောက်လို့ရှာနေတဲ့ ကျွန်တော့်ကို
နောက်က‌နေ ပြစ်တင်ငြူစူနေတာနဲ့
ကျွန်တော်လည်း
သူ့ကိုဆို မျက်မုန်းကျိုးခဲ့ပါတယ်
(သူ့ကို မြင်တာနဲ့ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက သူ့ကို "Psycho (စိတ္တဇ)" လို့
ရေရွတ်ကြတဲ့ အထိပါ)

သူ့ရဲ့ ပုံပန်းသွင်ပြင်ဟာ ဒီလိုဆိုပေမယ့်
သူ့မှာ ကိုယ်ပိုင်အလှတော့ ရှိပါတယ်
စာလည်းလိုက်နိုင်ပြီး အရည်အချင်းအပြည့်နဲ့ မိန်းမသားတစ်ယောက်ပါ

မိန်းကလေးတစ်ယောက်ဟာ လှလဲလှ
အရည်အချင်းလည်း ရှိပါလျက်
ဒီလိုပုံစံမျိုးဖြစ်နေတာ ဘာကြောင့်များပါလဲ

နောက်တော့ သူ့ကို မြင်ပါများပြီး
တဖြည်းဖြည်း သတိထားမိလာတာက
သူဟာ relationship (အချစ်‌ရေး) မှာ
အဆင်မပြေလှပါဘူး
အားမနာတမ်းပြောရရင် သူ့ကောင်လေးဟာ
တစ်ကိုယ်ကောင်းဆန် ၊ စောင့်ကြွားကြွားနဲ့
ကျပ်မပြည့် ၊ မရင့်ကျက်တဲ့ ပုံစံမျိုးပါ

ဒီတော့ ကျွန်တော်လည်း
"သူ့ခမျာ စိတ်လုံခြုံမှု မရရှာလို့
ဒီလိုဖြစ်နေတာပဲ" လို့ သတ်မှတ်လိုက်ပြီး
မကျေမနပ်တွေလည်း ဆက်ဖြစ်မနေဘဲ
ဘေးမဲ့ပေး လျစ်လျူရှုထားလိုက်ပါတယ်

ဒီလိုနဲ့ Third year (တတိယနှစ်)
ကျောင်းပြန်ဖွင့်တော့ သူနဲ့ သူ့ partner နဲ့ဟာ
break up (ပြတ်ဆဲ) လိုက်ကြပါပြီ
နှစ်စမှာတော့ အရင်လိုပုံစံပဲ ဆိုပေမယ့်
ကောင်မလေးရဲ့မျက်နှာမှာ အပြုံးရိပ်တွေ
သန်းလာတာ သတိထားမိပါတယ်

ဖြောင့်ဆင်းနေတဲ့ ဆံပင်ရှည်တွေကို
ကျောပေါ် ဖြန့်ခင်းထားပြီး
သနပ်ခါးလည်းမလိမ်းတော့ဘဲ
ပြင်ပြင်ဆင်ဆင်နဲ့ တော်တော်လေး
ကြည့်‌ကောင်းလာပါတယ်
အသိသာဆုံး ပြောင်းလဲမှုကတော့
အမြဲတမ်းပြုံးနေတဲ့ သူ့မျက်နှာလေးပါ
(တစ်ကယ် အေးချမ်းပါတယ်)

အမြင်မကြည်ခဲ့တဲ့ ကျွန်တော်ကိုတောင်
အရင် ပြုံးပြပြီး စကားတွေလည်း
ပြောခဲ့ပါသေးတယ်

သူက တခြားလူတွေကိုလည်း
ကူညီတတ်ပါ‌တယ်
final year (နောက်ဆုံးနှစ်) မှာ
ကျွန်တော်က Bus ကား တိုးမစီးတော့ဘဲ
သူတို့ စီးတဲ့ ferry နဲ့ မနက်တိုင်းလိုက်တော့ သူက သူနဲ့သိတဲ့လူတိုင်းရဲ့ မှတ်တိုင်ကို သတိထားပေးပြီး ကျွန်တော်တို့ မကျန်ခဲ့အောင် Driver ကို control လုပ်ပေးပါတယ်
တစ်ခါတစ်လေ သူနဲ့ သိတဲ့လူတိုင်းကို
နေရာရအောင် ထိုင်ခုံလေးတောင်
ဦးထားပေးပါသေးတယ်

အခုဆို သူက တစ်တန်းလုံးရဲ့
အချစ်တော်လေးတောင် ဖြစ်နေလောက်ပါပြီ
(ကျွန်တော်တို့ အားလုံး သူ့ကို သဘောကျပါတယ်)

သူ့အရင်ကောင်လေး ကတော့
သူ့ရှေ့မှာတင် နောက်တစ်ယောက်နဲ့ပါ
ကောင်မလေးအစား
စိတ်မကောင်းဖြစ်မိပေမယ့်
သူဟာ မှန်ကန်တဲ့ decision (ဆုံးဖြတ်ချက်)
ကို ချမှတ်နိုင်ခဲ့လို့
ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းဟာ
စကားပြောရင်း သူ့အကြောင်း‌ရောက်သွားတိုင်း ချီးကျူးမဆုံး ဖြစ်မိပါတယ်

အရင်က ကြည့်မရဘဲ ကိုယ်မျက်မုန်းကျိုးခဲ့ရတဲ့ အမျိုးသမီးဟာ အခုဆို
အသံတိတ် သင်ခန်းစာတွေ ပေးတတ်တဲ့
inspire ယူစရာ အမျိုးသမီးဖြစ်သွားပါတယ်

" ကိုယ့်ကိုယ်ပဲ မှီခိုဖို့
စိတ်လုံခြုံမှုကို တစ်ခြားလူဆီက
ရှာဖွေတောင့်တမယ့်အစား ကိုယ့်ကိုယ်ကို
abundant mindset နဲ့ ရှင်သန်နိုင်အောင်
ကြိုးစားဖို့

ဘဝမှာ ရဲရဲရင့်ရင့် ရှေ့တိုးပြီး
နောက်ဆုတ်ဖို့ လိုလာရင်လည်း
တွေဝေမနေဘဲ bravely (သတ္တိရှိရှိ) နဲ့
နောက်ပြန်ဆုတ်တတ်ဖို့" ဆိုတာတွေဟာ
သူမ ပါးစပ်က ထုတ်မပြောဘဲ
သင်ပေးခဲ့တာတွေ ဖြစ်ပါတယ်

ကျွန်တော်ကိုယ်တိုင်လည်း
အစွဲအလန်းအရမ်းကြီးတတ်တော့
ဒီလို စိတ်မျိုးမွေးနိုင်အောင်
တော်တော်လေး ကြိုးစားယူခဲ့ရပါတယ်

အရင်ကတော့
ကိုယ့်ဘေးနား တစ်ယောက်ယောက်
ရှိနေစေချင်တဲ့ စိတ်နဲ့
ကိုယ့်ပတ်ဝန်းကျင်က လူတိုင်းအပေါ်
လက်ခံပေးပြီး အဆင်ပြေအောင်
အလျှော့ပေး နေထိုင်ခဲ့ပေမယ့်
အခုဆို လူတွေနဲ့ပတ်သတ်ရင်
အကျိုးအမြတ် တွက်တတ်လာပါတယ်
ဘယ်လို ဆက်ဆံရေးမှာဖြစ်ဖြစ်
"ဒီလူနဲ့ ရေရှည် အဆင်မပြေလောက်ဘူး" လို့
ခံစားမိရင် ပါးစပ်က ထုတ်မ‌ပြောဘဲ
အရှောင်အတိမ်းကောင်းအောင်
လေ့ကျင့်ထားပါတယ်

လူ့ဘဝကြီးက တိုတယ်နော်
ကျွန်တော် အခုဆို ယေဘုယျလူ့သက်တမ်း
(နှစ် ၆၀) ရဲ့ သုံးပုံတစ်ပုံလောက် ရှင်သန်ပြီးပါပြီ
လူငယ်တစ်‌ယောက်ပီပီ
လောဘ ဒေါသ မာန်မာနနဲ့ အ
ိပ်မက်တွေ များသလောက်
စိတ်အေးချမ်းမှုကိုလည်း မက်မောပါတယ်

ပြီးတော့
ကျွန်တော် အခု သေချာလေး
အချစ်ခံနေရပါတယ်
(တခြားလူဆီက မဟုတ်ဘဲ
ကျွန်တော့်ကိုယ် ကျွန်တော် ဆီကပါ)
အခု အချိန်မှာ
စိတ်လုံခြုံမှုနဲ့ ချစ်ခြင်းမေတ္တာကို
တစ်ပါးလူဆီက မျှော်လင့်စရာ မလိုဘဲ
ကျွန်တော့်ကိုယ်ကျွန်တော်
အပြည့်အဝ ပေးနိုင်နေပါတယ်

"အချစ်ခံရသူတွေဟာ
လူတိုင်းကို ဂရုစိုက်မှု၊ချစ်ချင်းမေတ္တာအပြည့်နဲ့ ဆက်ဆံနိုင်ပါတယ်" တဲ့
သူတို့ရဲ့ ဘဝနေထိုင်မှုဟာလည်း
အကြည်ဓာတ်အပြည့်နဲ့ ရိုးရှင်းလှပါတယ်
ဒါကြောင့် အချစ်ခံရတယ် မခံရဘူးဆိုတာကို
တစ်ပါးသူအ‌ပေါ် မှီခိုလိုစိတ်နဲ့
တိုင်းတာမနေဘဲ
ကိုယ့်ကိုယ်ကို အပြည့်အဝ ချစ်ကြည့်ပါ

ကိုယ်မေတ္တာရှိတဲ့လူကို ကျွန်တော်တို့
ဘယ်လိုဆက်ဆံမလဲ
ကိုယ့်ကိုယ်ကိုလည်း အဲ့အတိုင်းပဲ
ဆက်ဆံကြည့်ပါ

ပြီးတော့
ကိုယ့်ဘေးနားအမြဲ ရှိနေမယ့်လူတွေကိုလည်း
သေချာ စိစစ်ရွေးချယ်ပါ

ဘဝကို အကြည်ဓာတ်အပြည့်နဲ့
ဖြတ်သန်းနိုင်ဖို့ဆို
self control (ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု) အားကောင်းဖို့ လိုသလို
"ကိုယ့်ဘေးမှာ ဘယ်လိုလူတွေ ရှိနေလဲ၊
ဘယ်လိုလူတွေကို ထားမလဲ" ဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း မှန်ကန်အောင်
ချမှတ်တတ်ဖို့ အရေးကြီးပါတယ်

Raven Linn

Keep Reading

သတ္တိရှိရှိရှေ့တိုးပါ ရဲရဲရင့်ရင့်နောက်ဆုတ်ပါHow To Train Your Dragon (2025) Spoiler Free Movie ReviewVPN အကြောင်း သိကောင်းစရာသိထားသင့်တဲ့ Business Englishအမျိုးသမီးတစ်ယောက် စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်ဖို့ဆောင်းပါးတစ်ပုဒ်ဘယ်လိုစတင်ရေးသားကြမလဲဂျပန်နိုင်ငံရဲ့ JDM (Japanese Domestic Market)သင်မသိသေးတဲ့ စီးပွားရေးဆိုင်ရာ လျှို့ ဝှက်ချက်။ Macroeconomic အကြောင်းတစ်စေ့တစ်စောင်း။Co-Founder ဘယ်လိုရှာကြမလဲ။နေ့စဥ်သုံး Power Bankတွေရဲ့ မမြင်နိုင်တဲ့ အန္တရာယ်