Author's Profile Photo

Lwin

29/05/2025

တစ်ခုတည်းကိုပဲ အာရုံစိုက်လုပ်ဆောင်ကြည့်ပါ။

1 min read
Life Style
18 Again
Career & Job Market
တစ်ခုတည်းကိုပဲ အာရုံစိုက်လုပ်ဆောင်ကြည့်ပါ။'s photo

တစ်ခုတည်းကိုပဲ အာရုံစိုက် လုပ်ဆောင်ကြည့်ပါ

တစ်ခါတလေ ကျွန်မတို့မှာ လုပ်စရာအလုပ်တွေအများကြီးရှိနေတတ််တယ်။ အဲ့လိုတွေးမိတာနဲ့တစ်ပြိုင်နက် ဘယ်ကနေ ဘယ်လိုစရမလဲ၊ ဘာကိုအရင်လုပ်သင့်လဲ၊ ငါအချိန်မှီပြီးပါ့မလားဆိုတဲ့ အတွေးတွေဝင်လာပြီ အလုပ်တစ်ခုမှမပြီးမြောက်လိုက်ကြတာတွေ ဖြစ်ဖူးကြမှာပါ။

  ကျွန်မဆိုလည်း ခဏခဏဖြစ်ပါတယ်။ ပျင်း​နေတဲ့အချိန်ဆို တမျိုး၊ တစ်ခုခုကိုစတင်လုပ်တော့မယ်လို့တွေးလိုက်တဲ့အခါ အလုပ်တွေ တသီတစ်တန်းကြီး ပေါ်လာတာမျိုးတွေပေါ့။ ပြီးရင် မလုပ်ဖြစ်ပဲ နောက်ရက်တွေရွှေ့မိပြန်ကောနဲ့ပဲ လုံးလည်ချာလည်လိုက်ဖူးပါတယ်။

  အခုပြောပြချင်တာက အဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ focus only one thing အကြောင်းပါ။ ပထမဦးဆုံး အလုပ်တွေအများကြီးရှိတဲ့အထဲမှ တစ်ခုကိုသေချာအာရုံစိုက်လုပ်ပါ။ တစ်ခုကိုပြီးသွားပြီဆိုရင် မင်းလုပ်နိုင်ခဲ့ပြီဆိုပြီး ကိုယ့်ကိုယ်ကိုချီးကျူးပါ။  အဲ့ကျ နောက်အလုပ်တစ်ခုကိုလည်း အဲ့အတိုင်းပဲ အလုပ်တစ်ခုတည်း အာရုံစိုက်ပြီး လုပ်ဆောင်လိုက်ပါ။ တဖြည်းဖြည်းနဲ့ တစ်ခုချင်းကိုအာရုံစိုက်ပြီး လုပ်ဆောင်လိုက်ခြင်းက အလုပ်ကိုပိုပြီး ပြီးမြောက်စေတာကို တွေ့ရလာပါလိမ့်မယ်။

  အတွေးတွေနဲ့ပဲ အလုပ်တွေကို ဟိုရွှေ့ဒီရွှေ့ အချိန်တွေ မပြောင်းပါနဲ့။  မင်းလုပ်နိုင်ပါတယ်။ အများကြီးကိုတွေးနေမယ့်အစား တစ်ခုကိုပဲ သေချာအာရုံစိုက် လုပ်ဆောင်ကြည့်လိုက်ပါ။  Results တွေသိသာလာတာကို တွေ့ရပါတယ်။

#Lwin
#thought
#focusonething

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းကိုယ်ပိုင်စည်းမျဉ်း(ဂုဏ်တန်ဖိုး)စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းမေတ္တာပေးခြင်းဆ်ိုသည်မှာ...စာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးထူးဆန်းတဲ့လောက