Youth’s Book Reflections
အခုတလော စာဖတ်ရတာ သိပ်မသွက်နေဘူး။ဒါနဲ့ အရင်က prince in the darknessကို တစ်ညတည်းအပြီးဖတ်ဖြစ်တာကိုသွားသတိရမိတယ်။အဲ့လိုစာဖတ်အသွားလိုချင်တာနဲ့ ဆရာခက်ဇော်စာတွေပြန်လိုက်ရှာဖတ်ရင်း ‘ရွာလမ်း’ကိုတွေ့တယ်။
တစ်ညနေနဲ့ အပြီးဖတ်လိုက်နိုင်တယ်။ဖတ်ရအကျိုးရှိမရှိထက် ဖတ်ပျော်တယ်၊ရသခံစားမှုlvl ညီတယ်ထင်တယ်။စာသမားတွေပြောပြောကြတဲ့ တစ်ထိုင်တည်း ဖတ်ဖြစ်သွားတယ်ဆိုတာမျိုး။အခု ရွာလမ်း အကြောင်းမိတ်ဆက်ပေးပါရစေ။
Seriousထားပြီးဖတ်ကိုဖတ်ကြည့်သင့်တယ်တို့ဘာတို့မပြောလိုပါဘူး။ပေါ့ပေါ့ပါးပါး စိတ်ပြေလက်ပျောက် ဖတ်လိုသူတွေ၊တစ္ဆေသရဲဝတ္ထုကြိုက်သူတွေ(အထူးသဖြင့် တာတေ စာအုပ်ကြိုက်နှစ်သက်သူတွေ) သဘောတွေ့မယ့် ပုံစံမျိုးပါ။ မဖဲဝါတို့၊ထိုင်းသရဲတို့၊လူကိုယ် ခွေးခေါင်း ဒဏ္ဍာရီသတ္တဝါ ဆိုင်နိုဆက်ဖလိုက် (cynocephaly)လို skinwalker လို နိုင်ငံတကာတစ္ဆေ သရဲ သဘက် စသည် စသည်။
အဓိက ဇာတ်ကောင်(MC)က ကပြား၊ ဂျာမန်နဲ့မြန်မာမိဘကမွေးလာတဲ့သား။
ပြဿနာအစက ညနေခင်း ရွာလမ်းမှာ သွားလေညင်းခံတာပဲ။သူက အဲ့လမ်းမှာ ညနေစောင်းဆို သူ့ခွေးလေးနဲ့သွားသွားနေကျတဲ့။အဲ့မှာ အဘိုးအိုနဲ့ ခွေးကို သူသတိထားမိတယ်။အမြဲဆုံဖြစ်တယ်ပေါ့။အဲ့လိုနဲ့ တစ်ရက်ကျ ကမောက်ကမတွေဖြစ်ကုန်တယ်။
အဘိုးအိုရဲ့ခွေးလေးပျောက်သွားပြီး အနီးနားကတံငါသည်သုံးယောက်ကလည်းမူမမှန်စဖြစ်လာတယ်ပေါ့။နောက်ရက်မှာတော့ ပိုဆိုးလာပါတယ်။ သူကိုယ်တိုင်ဒီအရှုပ်ဇာတ်လမ်းကြီးထဲပါသွားခဲ့ပြီးနောက်မှာ ပဟေဠိကို စတင် အဖြေရှာထွက်ပါတော့တယ်။national heroလိုမျိုး ထိုင်းရိုးရာသရဲတစ္ဆေတွေအကြောင်းကို ကြုံသလိုတင်ပြထားတဲ့အပြင် မြန်မာရိုးရာ ထူးဆန်းတဲ့ အောက်လမ်းအတတ်(ဟိုတလောကတောင် လိုင်းပေါ်မှာနာမည်ကြီးသွားတဲ့ရုပ်ထုတွေကို သင်္ကန်းစီးပေးတဲ့ကိစ္စဆန်ဆန်လည်းပါတယ်။)မပါမဖြစ် မဖဲဝါတို့လည်းပါပြီး အနောက်တိုင်းတစ္ဆေသရဲအစီအရင် လောကနဲ့ပါ ချိတ်ပစ်လိုက်သေးတယ်။
ပြောရရင် ဒီပုံစံမျိုးက ဆရာခက်ဇော်လက်ရာတွေထဲမှာ တခါမှမဖတ်ဖူးသေးတဲ့ ပုံစံပါ။သို့သော်လည်း သူ့ရေးဟန်တွေထဲ မပျောက်သွားဘဲကျန်နေတာကတော့ ဗဟုသုတတွေနဲ့ စာဖတ်သူတွေကိုပါ တစ်ထိုင်တည်း ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားပါပဲ။
ဇာတ်လမ်းအဆုံးသတ်ကိုတော့ ကျွန်တော်က တံတားကိုဖျက်နိုင်သွားပြီး သူက အများအတွက် စတေးလိုက်တယ်လို့ ထင်လိုက်တာပဲ။ဖတ်ကောင်းကောင်းနဲ့ အချက်တွေကျော်သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။အမြင်မတူတာရှိရင် ဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ဗျ။
(Ebook ဖတ်ချင်ရင် page messenger မှာလာမေးလို့ရပါတယ်)
https://www.facebook.com/share/1Wkusau8Wv/?mibextid=wwXIfr
အဆုံးထိ ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏🏻
#bookreview
#Youths_book_reflections
#ခက်ဇော်#ရွာလမ်း #ebook
Keep Reading