the IX
🌺 ချစ်ရက်ရှည်ရှည် ကံ့ကော်မြေ 🌺
၂၄.
၁ ။
ထူးသစ်ပိုင်ကို အိမ်သာထဲတွင်လိုက်ခေါ်ပြီးသည့်နောက်ပိုင်းတွင် ထူးသစ်ပိုင်က သိသိသာသာနေမကောင်းမဖြစ်တော့သော်လည်း လရိပ် ထူးသစ်ပိုင်ကိုစိတ်မချသောကြောင့် အရိပ်တကြည့်ကြည့်,ကြည့်နေမိသည် ။
ဤသို့ကြည့်နေရင်းနှင့် လေပြေစာမေးပွဲဖြေမည့်နေ့သို့ရောက်လာသည် ။ ထူးသစ်ပိုင်က လေပြေ့ကိုကျောင်းအထိလိုက်ပို့ပေးပြီးစာမေးပွဲဖြေပြီးမှပြန်ရန်ကတိပေးထားသောကြောင့် မိမိလည်း ထူးသစ်ပိုင်နှင့်အတူလိုက်သွားရန်စိတ်ကူးထားသည် ။ ထို့ကြောင့် ကောင်းခန့်သာကို မိမိနှင့်ထူးသစ်ပိုင်အတွက် အတန်းတက်လက်မှတ်ကိုယ်စားထိုးပေးရန်မှာထားပြီး ယနေ့မနက်စောစောကတည်းက အိပ်ရာမှထကာ မိခင်ဖြစ်သူကိုကူလုပ်ပေး၍ လေပြေ့အနောက်သို့လိုက်ရန် ပြင်ဆင်နေလိုက်သည် ။ ထိုစဉ်
" လရိပ် ၊ မိလေပြေ "
ဟူသော ခေါ်သံနှင့်အတူ တံခါးတွင်တပ်ထားသောခေါင်းလောင်းကမြည်လာသောကြောင့်
" လာပြီ "
ဟု ပြန်ထူးကာ အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည် ။
၂ ။
အိမ်ပေါက်ဝတွင်ရပ်နေသော ထူးသစ်ပိုင်၏ပုံစံက ခါတိုင်းနှင့်မတူပဲ သပ်သပ်ရပ်ရပ်ဖြစ်ကာ ဆယ်တန်းကျောင်းသားနှင့်တူနေသောကြောင့် လရိပ် မသိမသာပြုံးလိုက်ပြီး
" စာမေးပွဲဖြေမှာက မင်းလား ..... လေပြေအေးလား "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က ခပ်ရေးရေးပြုံးပြီး
" ငါကအရမ်းငယ်သွားတော့ ငါ့မိန်းမလေးကငါ့ကိုမမှတ်မိတော့ဘူးလား "
ဟု မေးသည် ။ ထူးသစ်ပိုင်၏စကားကြောင့် ပါးပြင်တစ်ခုလုံး ပူနွေးသွားရပြီး ခေါင်းငုံ့လိုက်ကာ
" အိမ်ထဲဝင်အုံး ..... မင်းသမီးကအခုထိပြင်လို့မပြီးသေးဘူး "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က ခေါင်းညိတ်၍ အိမ်ထဲဝင်လာသဖြင့် ထူးသစ်ပိုင်၏အနောက်မှ လိုက်လာခဲ့လိုက်ကာ
" အပူလား ...... အအေးလား "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က
" တော်ပြီ ..... စားလာတယ် "
ဟု ပြောသောကြောင့် ထူးသစ်ပိုင်အတွက် ရေတစ်ခွက်ကိုခပ်ပေးလိုက်သည် ။
၃ ။
လရိပ်အေးက မိမိအတွက်ရေတစ်ခွက်ခပ်ပေးလာသောကြောင့် ထူးသစ် ထိုရေခွက်ကိုမော့သောက်လိုက်ပြီး
" မင်းအလှည့်ကျရင်ရော ငါအိမ်အထိလာခေါ်ပေးရမလား "
ဟု စလိုက်သည် ။ လရိပ်အေးက နှုတ်ခမ်းကိုကိုက်ပြီး မျက်စောင်းထိုးလာသောကြောင့် အားရပါးရပြုံးလိုက်ပြီး
" ငါ့မိန်းမလေးကချစ်စရာလေးပဲကွ "
ဟု ပြောလိုက်သည် ။ ထိုစဉ်
" ဟော ..... ကိုကြီးပိုင်ရောက်နေပြီလား "
ဟူသော အသံနှင့်အတူ လေပြေကအခန်းထဲမှထွက်လာသည် ။ ထို့ကြောင့် လေပြေ့ကိုပြုံးပြလိုက်ပြီး
" ဂုဏ်ထူးယူဖို့အဆင်သင့် "
ဟု ပြောလိုက်သည် ။ လေပြေက ခေါင်းညိတ်၍
" အဆင်သင့် "
ဟု ပြောသောကြောင့် လေပြေ့အတွက်ယူလာသောယတြာပန်းကို လွယ်အိတ်ထဲမှထုတ်လိုက်ပြီး
" ဒီနားခဏလာအုံး ..... မိလေပြေ "
ဟူသော စကားကို ပြောလိုက်သည် ။ လေပြေက မိမိစကားအတိုင်း အနားသို့လျှောက်လာသဖြင့် လေပြေ့ခေါင်းတွင်ယတြာပန်းကိုပန်ပေးလိုက်သည် ။ လရိပ်အေးက ဤသည်ကိုကြည့်ပြီး နှာခေါင်းရှုံ့ကာ
" အဖြစ်သည်းနေလိုက်ကြတာ ..... လာကြတော့ ..... နောက်ကျနေမယ် "
ဟု ပြောသည် ။ ထို့ကြောင့် လေပြေ့ကို
" မိလေပြေ ..... ဘုရားကန်တော့ပြီးရင်သွားရအောင် "
ဟု ပြောလိုက်သည် ။
၄ ။
လေပြေက အ.ထ.က(၄)လှိုင်တွင်ပညာသင်ကြားရသောကျောင်းသူဖြစ်သော်လည်း စာမေးပွဲစည်းကမ်းများအရ မိမိတက်သောကျောင်းတွင်မဖြေရပဲ ကျောင်းပြောင်း၍ဖြေရသည် ။ ဤသို့ဖြေရာတွင် နာမည်၏နောက်ဆုံးအလုံးကိုယူကာ ကျောင်းခွဲခြင်းဖြစ်သောကြောင့် လေပြေက အ.ထ.က(၂)လှိုင်တွင် စာမေးပွဲဖြေရသည် ။ ဤကျောင်းတွင် လရိပ်လည်းဖြေခဲ့ရပြီးပြီဖြစ်သောကြောင့် အခြားလူများကဲ့သို့ လေပြေတစ်ယောက် ယောင်လည်လည်ဖြစ်မနေစေရန် အခန်းရှာပုံရှာနည်း ၊ မိမိခုံနံပတ်သည် ရှာတွေ့သောအခန်းတွင် ပါ/မပါစစ်နည်းတို့ကို ကျောင်းဝင်းအပြင်ဘက်မှမြင်နေရသော ကျောင်းထဲမှမြင်ကွင်းတို့ကိုကြည့်ကာ သင်ပေးနေလိုက်သည် ။ လေပြေက ပြုံး၍ခေါင်းညိတ်ကာ
" စိတ်ချပါ ကိုကြီးရ ..... သမီးက ကိုကြီးညီမပါ "
ဟု ပြောသဖြင့် လေပြေ့ခေါင်းကို ဖွဖွပုတ်ပေးလိုက်ပြီး
" ဂုဏ်ထူးမပါလည်းရတယ် ..... အောင်ရင်ရပြီမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးပဲထား "
ဟူ၍ ပြောလိုက်သည် ။ ပြီးမှ ထူးသစ်ပိုင်ကိုကြည့်လိုက်ပြီး
" မင်းရောဘာမှာစရာရှိသေးလဲ "
ဟု မေးလိုက်သည် ။ ထူးသစ်ပိုင်က
" ဂုဏ်ထူးပါတယ်ဆိုတဲ့စကားပဲကြားချင်တယ်နော် "
ဟု ပြောသဖြင့် ထူးသစ်ပိုင်ကို
" မင်းပဲပြောတော့ ကလေးကိုဖိအားမပေးနဲ့ဆို "
ဟူ၍ ပြောလိုက်သည် ။ ဤစကားကို ထူးသစ်ပိုင်က
" မင်းမသိပဲနဲ့မပြောနဲ့ ..... မိလေပြေကိုငါအပိုင်အပုဒ်တွေပေးထားတယ် ..... ပါမှာသေချာတာမို့လို့ ဂုဏ်ထူးမပါလာရင် နောက်ဘာသာတွေမပြောပြပဲလျှိုထားလိုက်တော့မလို့ "
ဟု တုံ့ပြန်သဖြင့် လေပြေ့ကိုကြည့်လိုက်သည် ။ လေပြေက ရယ်ပြသောကြောင့်
" တတ်လည်းတတ်နိုင်ကြတဲ့နှစ်ယောက် "
ဟု ရေရွတ်လိုက်သည် ။
၅ ။
စာမေးပွဲဖြေဆိုရမည့်အချိန်သို့ရောက်ပြီဖြစ်ကြောင်းသတိပေးသည့်ခေါင်းလောင်းသံကိုကြားသည်နှင့် လေပြေက ကျောင်းဝင်းထဲသို့ပြေးဝင်သွားသောကြောင့် ထူးသစ်လည်း အခြားကျောင်းသားမိဘများနည်းတူ စောစောကတည်းကဦးထားသောနေရာတွင်ထိုင်လိုက်ပြီး အိမ်မှယူလာသောဘုရားစာအုပ်ကို လွယ်အိတ်ထဲမှ ထုတ်လိုက်သည် ။ ဤသည်ကို လရိပ်အေးက မျက်တောင်မခတ်ပဲကြည့်နေပြီးမှ
" တကယ်ကြီး ဒီမှာဘုရားစာရွတ်မလို့လား "
ဟု မေးသည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး
" မိလေပြေ အနှောက်အယှက်ကင်းကင်းနဲ့စာမေးပွဲဖြေနိုင်အောင်လို့ "
ဟု အဖြေပေးလိုက်သည် ။ ဤစကားအဆုံးတွင် လရိပ်အေးက မိမိဘေးတွင်ထိုင်ချပြီး
" ရွတ်မဲ့ရွတ်ငါကရွတ်ရမှာပေါ့ ..... ငါကသူ့အစ်ကိုဟာ "
ဟု ပြောသည် ။ လရိပ်အေး၏စကားက မမှားသော်လည်း မည်သူရွတ်သည်ဖြစ်စေ ဂါထာ၏အစွမ်းက လျော့နည်းသွားမည်မဟုတ်သောကြောင့်
" နေစမ်းပါ ..... ဘယ်သူရွတ်ရွတ်အတူတူပဲဟာကို "
ဟု ပြောလိုက်သည် ။
သို့သော် .....
လရိပ်အေးက ဤစကားကို လက်မခံ ။
" ဒါဆိုလည်း နှစ်ယောက်အတူတူရွတ်မယ်ကွာ "
ဟု ပြောသောကြောင့် လက်ထဲမှဘုရားစာအုပ်ကို လရိပ်အေးအားတစ်ဝက်ပေးလိုက်သည် ။
၆ ။
ထူးသစ်ပိုင်၏ဂါထာက လေပြေစာမေးပွဲစဖြေသည့်အချိန်မှစ၍ စာမေးပွဲဖြေပြီးသည်အထိ သုံးနာရီဆက်တိုက်ရွတ်နေရမည်ဟုဆိုသောကြောင့် လရိပ် အနည်းငယ်ဖြုံသွားသော်လည်း ထူးသစ်ပိုင်နှင့်အတူရွတ်ရမည်ဖြစ်သောကြောင့် မမောနိုင်ပဲ စာမေးပွဲဖြေဆိုရမည့်အချိန်ပြည့်ပြီဖြစ်ကြောင်းအသိပေးသည့် ခေါင်းလောင်းသံကိုကြားရသည်အထိ လွယ်လွယ်ကူကူရွတ်နိုင်ခဲ့သည် ။ ထို့ကြောင့် ထူးသစ်ပိုင်ကို
" ငါတို့လည်းထရအောင် ..... တော်ကြာ လေပြေငါတို့ကိုမတွေ့ပဲနေအုံးမယ် "
ဟု ပြောလိုက်သည် ။ ထူးသစ်ပိုင်က မိမိစကားကို နာခံစွာဖြင့် ဘုရားစာအုပ်ကိုသိမ်းကာ မတ်တပ်ထရပ်သောကြောင့် ကျောင်းဝင်းထဲမှထွက်လာမည့်လေပြေ့ကို လိုက်ရှာနေမိသည် ။ အချိန်အနည်းငယ်ကြာအောင်ရှာပြီးသောအခါ
" ကိုကြီး "
" ကိုကြီးပိုင် "
ဟူသော ခေါ်သံနှင့်အတူ လေပြေကမိမိတို့ထံသို့ ပြေးလာသည် ။ ထူးသစ်ပိုင်က ပြေးလာသောလေပြေ့ကို ပြုံး၍ကြည့်ပြီး
" ဂုဏ်ထူးလား "
ဟု မေးသည် ။ လေပြေက သွက်လက်စွာခေါင်းညိတ်၍
" ကိုကြီးပိုင်ပေးတာတွေ အကုန်ပါလာတယ်သိလား "
ဟု ဖြေသဖြင့် လေပြေ့ပခုံးကိုဖက်လိုက်ပြီး
" တော်တယ် လေပြေအေး ..... စာမေးပွဲဖြေနိုင်တဲ့အတွက်ဆုချမယ် ..... ဘာစားမလဲ ..... အကုန်ဝယ်ကျွေးမယ် "
ဟူသော စကားကို ပြောလိုက်သည် ။ ထူးသစ်ပိုင်ကလည်း
" ငါကရော ..... ငါလည်းစားမယ်လေ ..... ငါဒီစာတွေအကုန်လုံး ကွက်တိရဖို့ကို ဘယ်လောက်အပင်ပန်းခံခဲ့ရတယ်ထင်လဲ "
ဟု ဝင်ပြောသဖြင့် ပြုံးလိုက်ပြီး
" မင်းကိုလည်း ဘယ်ချန်ထားလို့ရမလဲ "
ဟူ၍ ပြောကာ သုံးယောက်အတူ နေရာမှထွက်လာခဲ့လိုက်သည် ။
၇ ။
ထူးသစ် လေပြေ့ကိုစာမေးပွဲပထမဦးဆုံးဖြေရသည့်နေ့နှင့် နောက်ဆုံးနေ့တွင် လိုက်စောင့်ပေးပြီးနောက် နီးကပ်လာပြီဖြစ်သောမိမိတို့စာမေးပွဲအတွက် အာရုံစိုက်ရတော့သည် ။
ပဲခူးဒီဂရီကောလိပ်၌တက်ခဲ့စဥ်က ယခုလိုနှုတ်ဆက်ပွဲလည်းမလုပ်သလို စာမေးပွဲဖြေရန် ဆယ်ရက်အလိုကတည်းက ကျောင်းပိတ်ပေးသောကြောင့် အိမ်တွင်အေးအေးဆေးဆေးစာကျက်နိုင်သော်လည်း ရန်ကုန်တက္ကသိုလ်တွင်မူ ထိုသို့မဟုတ် ။ နှုတ်ဆက်ပွဲကို စာမေးပွဲဖြေရန်သုံးရက်အလိုမှလုပ်ပြီး ကိုယ်ပိုင်စာကျက်ချိန်ကို နှစ်ရက်သာပေးသည် ။ ထို့ကြောင့် အီးစီ(EC)စီစဥ်ထားသော နို့စိမ်းခေါက်ဆွဲနှင့်အအေးကို စားဟန်ဆောင်ပြီး လတ်တလေတွင်လူရှင်းနေမည့် ဂျပ်စင်မျှော်စင်ဘက်သို့ အသာထွက်လာခဲ့လိုက်သည် ။ ဂျပ်စင်မျှော်စင်ရှိရာဆီသို့ရောက်သောအခါ ကျောင်းသို့စရောက်သည့်အချိန်ကတည်းက အရိပ်ပင်မတွေ့ရသောလရိပ်အေးကို တွေ့လိုက်ရသည် ။ လရိပ်အေးက မိမိရောက်လာသည်ကို သတိထားမိဟန်မတူ ။ သစ်ပင်ကိုမှီထိုင်ကာ ဝတ္ထုစာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေသောကြောင့် လရိပ်အေး၏ဘေးတွင်ဝင်ထိုင်လိုက်ပြီး
" ဝတ္ထုတွေဘာတွေဖတ်နေတယ်ဆိုတော့ စာတွေပိုင်နေပြီပေါ့ "
ဟု ပြောလိုက်သည် ။ တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် မိမိအသံကိုကြားလိုက်ရသောကြောင့် လရိပ်အေးကလန့်သွားဟန်ဖြင့် စာအုပ်ကိုပိတ်လိုက်ပြီး ဘေးဘီဝဲယာသို့ ဝေ့ဝဲကြည့်ရန်ဟန်ပြင်သည် ။ ထို့ကြောင့် လရိပ်အေး၏လက်ထဲမှစာအုပ်ကို လှမ်းဆွဲယူလိုက်ပြီး
" ရှာမနေနဲ့ ..... ဒီမှာ "
ဟု ပြောကာ အဖုံး,ဖုံးထားသော ဝတ္ထုစာအုပ်ကိုလှန်ကြည့်လိုက်သည် ။ ထုံးစံအတိုင်း အချစ်ဝတ္ထုပင်ဖြစ်နေသောကြောင့် ပြန်ပိတ်လိုက်ပြီး
" လရိပ် ..... မင်းကလေ ..... လူကသာဘာမှမဟုတ်တာ ..... အချစ်ဝတ္ထုတော်တော်ဖတ်တာပဲ "
ဟု ပြောလိုက်သည် ။ ဤစကားကို လရိပ်အေးက
" ငါဝတ္ထုဖတ်တာစိတ်အပန်းပြေချင်လို့ဖတ်တာလေ ..... အဲ့ဒီတော့ အချစ်ဝတ္ထုပဲဖတ်ဖြစ်တာပေါ့ "
ဟု တုံ့ပြန်သဖြင့် နှာခေါင်းရှုံ့လိုက်မိသော်လည်း လူတစ်ကိုယ်အကြိုက်တစ်မျိုးဖြစ်သောကြောင့်
" ဘယ်အချိန်ကတည်းကဒီမှာရောက်နေတာလဲ ..... နို့စိမ်းခေါက်ဆွဲသွားမစားဘူးလား "
ဟူ၍ စကားလမ်းကြောင်းလွှဲလိုက်သည် ။
၈ ။
လရိပ် အီးစီ(EC)စီစဥ်သော နို့စိမ်းခေါက်ဆွဲကိုမစားလိုသည့်အပြင် စာမေးပွဲပြီးပါက မိမိအလွန်နှစ်သက်သဘောကျသည့် ဤတက္ကသိုလ်နယ်မြေနှင့် လပိုင်းခန့်ခွဲခွာ၍နေရအုံးမည်ဖြစ်သောကြောင့် ပျော်ပါးနေကြသောလူအုပ်ကြီးထံမှခွာကာ ဤဂျပ်စင်မျှော်စင်အနားတွင် စာအုပ်လာဖတ်နေခြင်းဖြစ်သည် ။ ဤသို့ဖတ်နေစဥ် ထူးသစ်ပိုင်ကရောက်လာပြီး
" ဘယ်အချိန်ကတည်းကဒီမှာရောက်နေတာလဲ ..... နို့စိမ်းခေါက်ဆွဲသွားမစားဘူးလား "
ဟု မေးလာသောကြောင့် ထူးသစ်ပိုင်ကိုကြည့်လိုက်ကာ
" မကြိုက်ပါဘူးကွာ "
ဟူ၍ ပြောလိုက်သည် ။ မိမိစကားကို ထူးသစ်ပိုင်က အချိန်အနည်းငယ်ကြာအောင် မတုံ့ပြန်ပဲနေပြီးမှ
" ငါတို့လှည်းတန်းစျေးဘက်လမ်းလျှောက်ကြမလား ..... ငါဝယ်စရာလေးလည်းရှိလို့ "
ဟု ရုတ်တရက်ထပြောသည် ။ စက်ဘီးပါလာသောကြောင့် လမ်းလျှောက်စရာမလိုသော်လည်း ထူးသစ်ပိုင်၏ပုံစံက လမ်းလျှောက်လိုသည့်ဟန်ဖြစ်နေသဖြင့် ခေါင်းညိတ်၍
" သွားတာပေါ့ ..... ငါဒိန်ချဥ်စားကောင်းတဲ့ဆိုင်သိတယ် ..... ဝယ်ကျွေးမယ် "
ဟု ပြောလိုက်သည် ။
၉ ။
ထူးသစ် လရိပ်အေးနှင့်အတူ လှည်းတန်းဘက်သို့လမ်းလျှောက်လာစဥ် လရိပ်အေးက
" မင်းသင်္ကြန်ကျရင်ဘာလုပ်ဖို့စိတ်ကူးထားလဲ "
ဟု မေးလာသောကြောင့် ခေါင်းကုတ်လိုက်မိသည် ။
သင်္ကြန်အတွက် အထွေအထူးစီစဥ်ထားခြင်းမရှိသော်လည်း လွန်ခဲ့သည့်နှစ်ပတ်ကရခဲ့သော ဖခင်ဖြစ်သူ၏စာထဲတွင် မိမိအားပဲခူးသို့ပြန်လာစေလိုကြောင်း အရိပ်အမြွက်ထည့်ထားသဖြင့် လရိပ်အေးကို
" မသိသေးဘူး ..... ပဲခူးပြန်ဖြစ်ဖို့တော့များတယ် ..... မင်းကရော "
ဟု အဖြေပေးလိုက်သည် ။ လရိပ်အေးက
" ငါမှသင်္ကြန်လည်ဖို့ဝါသနာမပါတာ ..... ဆိုတော့ အရင်နှစ်တွေကလိုပဲ ..... မိသားစုလိုက်တရားစခန်းဝင်ဖြစ်ဖို့များတယ် "
ဟု မိမိစကားကို တုံ့ပြန်သောကြောင့် လရိပ်အေး၏ကိုယ်စား ပျင်းရိငြီးငွေ့သွားပြီး
" မင်းဟာကလည်းပျင်းစရာကြီး ..... ငါနဲ့ပဲခူးလိုက်လည်မလား ..... မိလေပြေနဲ့မင်း ..... မောင်နှမနှစ်ယောက် "
ဟူ၍ မေးလိုက်သည် ။ လရိပ်အေးက အင်တင်တင်လုပ်နေသောကြောင့်
" မင်းတို့လိုက်ဖို့ ငါမင်းအမေကိုပြောပေးမယ်ကွာ "
ဟူ၍ ထပ်ပြောလိုက်သည် ။
၁၀ ။
လရိပ် ယခင်နှစ်များက သင်္ကြန်အတူဆော့မည့်အဖော်ဟူ၍ လေပြေသာရှိသောကြောင့် ဆန္ဒကိုထိမ်းကာ မိခင်ဖြစ်သူ ၊ အဒေါ်ဖြစ်သူတို့နှင့်အတူ တရားစခန်းဝင်ဖြစ်သော်လည်း ယခုနှစ်တွင်မူ ထူးသစ်ပိုင်ရှိနေသောကြောင့် ထူးသစ်ပိုင်၏ သင်္ကြန်အစီအစဥ်ကို မေးကြည့်လိုက်မိသည် ။ ထူးသစ်ပိုင်က
" မသိသေးဘူး ..... ပဲခူးပြန်ဖြစ်ဖို့တော့များတယ် "
ဟု အဖြေပြန်ပေးသော
Unlock to read this premium article with 10 points.