Author's Profile Photo

တင်ညွန့်

31/03/2025

ပညာရှိတို့စကား မှတ်သားစရာ

1 min read
Life Style
Education
General Knowledge
ပညာရှိတို့စကား မှတ်သားစရာ's photo

1. ကိုယ့်မှာရှိတာထက်ပိုပြီး ထုတ်ကြွားလို့ရတယ်။ ဒါပေမဲ့ ကိုယ်သိတာထက် နည်းနည်းပဲပြောတာ ပိုကောင်းတယ်။

2. အကျင့်ပျက်ခြင်းဟာ ရိုးသားခြင်းကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူး။ ဒါပေမဲ့ ရိုးသားသူတွေက ငြိမ်နေတာကို အခွင့်ကောင်းယူပြီးတော့ အကျင့်ပျက်သူတွေက ထောင်လွှားနေတာကိုလည်းတွေ့ ရမယ်။ ရေများရေနိုင် မီးများ မီးနိုင်သဘောပဲ။ မီးအားကောင်းရင်း ရေခမ်းတတ်တယ်။ မီးကို ရေနဲ့ ငြိမ်းမှရပေမယ့် လောင်စာများလာရင် မနိုင်အောင်ဖြစ်တတ်တယ်။ အမှိုက်ကစပြီး ပြသဒ်မီးလောင်တဲ့။ အမှိုက်ကို ကင်းစင်အောင်ရှင်းနိုင်မှရမယ်။

3. ခံစားရခက်တဲ့ ဝေဒနာနှစ်ခုရှိတယ်။ တစ်ခုက ကိုယ်ချစ်တဲ့သူကို ချစ်ပါတယ်လို့ မပြောရဲတာ။ နောက်တစ်ခုက ကိုယ်မချစ်တဲ့သူက ကိုယ့်ကို ချစ်ပါတယ်လို့ လာပြောတာ။

4. မိတ်ဆွေစစ်ဆိုတာ ဒုက္ခရောက်နေချိန်မှာ “ငါဘာလုပ်ပေးရမလဲ” ဆိုပြီး လာပြောပေးတဲ့သူပဲ။

5. ဒုက္ခဆိုတာ တစ်ယောက်တည်းမလာဘူး။ သူက အပေါင်းအဖော်တွေ ခေါ်ပြီးလာတတ်တယ်။

6. ကိုယ့်ကိုယ်ကိုယ်တော့ ပျော်တယ်လို့ထင်နေတာပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ဆီက ဘာကိုမှမျှော်လင့်မထားလို့ပဲ။ တစ်ယောက်ယောက်ဆီက တစ်ခုခုကို မျှော်လင့်နေရင် ပူဆွေးမှုတွေပဲ ပြန်ရလာတတ်တယ်။

7. ဆင်းရဲခြင်းက တံခါးကို လာခေါက်ချိန်မှာ အချစ်က ပြတင်းပေါက်က ထွက်ပြေးသွားတတ်တယ်။

8. လူတစ်ယောက်သေရင် ပျောက်ကွယ်သွားပြီထင်သလား။ ရုပ်ခန္ဓာကိုယ်ကတော့ ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်တယ်။ ဒါပေမဲ့ သူ့ကိုအမှတ်ရနေတာက နှလုံးသားထဲမှာ အမြဲရှိနေလိမ့်မယ်။

9. ကျန်ရှိနေသေးသော ဘဝအစိတ်အပိုင်းတွင် တစ်ယောက်ယောက်ကို ကိုယ့်အနီးတွင် အမြဲရှိနေစေ ချင်လျှင် အချစ်စိတ်နှင့်မထိန်းပါနှင့် သူငယ်ချင်းစိတ်နှင့် လက်တွဲနိုင်မှ ထာဝရမြဲလိမ့်မည်။ အချစ်သည် တစ်နေ့တွင် ပျောက်ဆုံးသွားနိုင်သည်။ သူငယ်ချင်းစိတ်သည် ထာဝရ ဘယ်သောအခါမှ မပျောက်ပျက် နိုင်ပေ။

10. ချစ်ကြောင်း မဖော်ထုတ်ရဲသူမှာ အချစ်ကို မည်သို့သိနိုင်ပါအံ့နည်း။

11. ပျော်ရွှင်မှုနှင့်အလုပ်သည် အချိန်ကိုတိုတောင်းစေသည်။

12. အောင်မြင်မှုအတွက် အခြေအနေသုံးရပ်ရှိသည်။ (၁) သူများထက်ပိုသိသူ (၂) သူများထက် ပိုလုပ်သူ (၃) သူများထံက ရယူလိုစိတ်နည်းသူတို့ဖြစ်သည်။

13. ကိုယ့်မာနကြောင့် သူမျက်ရည်ကျရသည်ဆိုလျှင် ထိုသူလောက် ကိုယ့်ကို ပိုပြီးချစ်သူမရှိဟု မှတ်ယူလိုက်ပါ။

14. မိတ်ဆွေတစ်ယောက် ဒုက္ခရောက်နေသည်ဆိုလျှင် သူကမခေါ်လည်း ကိုယ်ကသွားလိုက်ပါ။ အကယ်၍ သူကပျော်နေသည်ဆိုလျှင် သူခေါ်လည်း ရှောင်နေလိုက်ပါ။

ပုံပြင်လေးတစ်ပုဒ်ပြောပြချင်သည်။

ရှိတ်စပီးယားကို တစ်ယောက်ကမေးသည်။

“ခင်ဗျား … ခင်ဗျားထက် အသက်ကြီးတဲ့သူကို ဘာဖြစ်လို့ လက်ထပ်ရတာလဲ။ မရှက်ဘူးလား”

ရှိတ်စပီးယားက ထိုသူကို ပြက္ခဒိန်အားပြကာ ပြောလိုက်သည်။

“မိတ်ဆွေ အဲဒီပြက္ခဒိန်ထဲမှာ ဘယ်တစ်ပတ်ကကြီးပြီး … ဘယ်တစ်ပတ်က ငယ်သလဲဗျ”

အချစ်တွင် အသက်အရွယ်မရှိ။ လူတိုင်း အနေအထားအမျိုးမျိုးကို ချစ်နိုင်သည်။

သူရဲဘောကြောင်လျှင် အကြိမ်ကြိမ်သေသည်၊ ရဲဝံ့သူမှာ တစ်ကြိမ်သာသေသည်။

ယုံကြည်ချက်ရှိရှိနှင့် ရှေ့ဆက်ပါ၊ အောင်မြင်မှုက သင့်နောက်က ကပ်ပါလာလိမ့်မည်။

(Ref: Greatest Quotes that Change Your Life)

တင်ညွန့်



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ့်သုံး - ချမ်းသာခြင်းအစစ် စာစောင်နှစ်ဆယ့်ခုနှစ်-အသိရှိရှိရှင်သန်ခြင်းစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ခြောက်-မရှိခြင်းရဲ့တန်ဖိုးမေတ္တာပေးခြင်းဆ်ိုသည်မှာ...