Author's Profile Photo

Reviews by Benevolent

26/03/2025

ဒေးဗစ်ကော့ပါးဖီး

2 mins read
Book Review
Novel
Fiction
ဒေးဗစ်ကော့ပါးဖီး's photo

လူ့ဘဝ ပျော်စရာ၊ ရွှင်စရာ ၊ သနားစရာ အပြင် လူတစ်ယောက် ဖြစ်လိုရာ ဖြစ်စေချင်ကြတဲ့ ဇာတ်လမ်းတစ်ပုဒ်စီရှိကြလိမ့်မယ်။ဘဝဇာတ်လမ်းနဲ့ စိတ်ကူးစိတ်သန်းတွေ ရောနှောထားပေမယ့် ပေါ့ပေါ့ပါးပါးဖတ်လို့ရတဲ့စာအုပ်ပါ။စာမျက်နှာ -၁၈၄ သာရှိတဲ့ ဒီစာအုပ်ကို အင်္ဂလိပ် စာရေးဆရာကြီး Charles Dickens ကကိုယ်ပိုင်ဘဝအတွေ့အကြုံများမှတဆင့် လူ့အခြေအနေကို စူးစမ်းလေ့လာနိုင်ရန် နှလုံးသားကိုထိမိစေနိုင်ရန် ဝတ္ထုတစ်ပုဒ်ကို ဖန်တီးခဲ့တယ်။1850 က ထုတ်ဝေခဲ့စာအုပ်၊ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကွက်၊ ကွက်ကွက်ကွင်းကွင်း ဖော်ပြချက်များနှင့် အမှတ်ရဖွယ်ဇာတ်ကောင်များဖြင့် စာဖတ်သူများကို ယနေ့ထိဆက်လက်စွဲဆောင်နေတဲ့ စာပေလက်ရာတစ်ခုဖြစ်တယ်။

စာရေးသူကိုယ်တိုင် စကားပြောနေသည်ကို နားထောင်နေရသလို စိတ်ထဲမှာ ထင်ယောင်မိစေတယ်။ဇာတ်လမ်းက ဒေးဗစ်ကော့ပါးဖီးဆိုတဲ့ ကောင်လေးက ဖခင်မရှိတော့တဲ့ကာလ မိခင်က နောက်ယောင်္ကျားအိမ်မှာ အမှီပြုပြီးနေရတယ်။ကောင်လေးတစ်ယောက် ငယ်ဘဝအစကနေ စွန့်စားခန်းဖွင့်ထားတဲ့ စာအုပ်လို့ပြောလည်းရတယ်။

နေထိုင်ရာအိမ်အတွင်း မတ်စတုန်းမောင်နှမနှစ်ယောက်က ဒေးဗစ်ကို ကြည့်မရ၊ အနိုင်ကျင့်လေ့ရှိတယ်။တစ်ဖက်ကမုန်းသူရှိရင် အခြားကြင်နာသူတတ်သူ အမြဲစောင့်နေလေ့ရှိတယ်။အမေဆုံးတယ်၊အိမ်ကထွက်ပြေးဖို့ကြိုးစားတယ် ...နားလည်လက်ခံပေးတဲ့ အဒေါ်နဲ့တွေ့ဆုံမိတယ်။အရင်က ခင်မင်လာတဲ့ ယူရိယဟိ သားအမိနှစ်ယောက် ၊ နှိမ့်ချမှုတရားကို ရှေ့ထားတတ်သူတွေ နောက်တစ်ကြိမ် ဒေးဗစ်ပြန်တွေ့တော့...
နာမည်ဆန်းဆန်း အမျိုးသမီး မိတ်ဆွေ မစ္စတာပက်ဂေါ့တီ အကြောင်း...

အချစ်နှင့်အလှ နှင်းမှုန်များ ဝိုင်းနေခြင်းတစ်ခုကြောင့် အခြားအရာတွေကို ဂရုမစိုက်မိခဲ့ဘူး။အချစ်နယ်ထဲ ...ရောက်နေတယ်။သတိမထားမိတာက ..အမြဲတော့ နှင်းမှုန်များ မလှနိုင်ဘူးဆိုတာ...ပဲ။

ဆယ်ကျော်သက် ငယ်ရွယ်စဉ်က ရရှိခဲ့တဲ့ အပျက်သဘော အတွေ့အကြုံများကို အကန့်အသတ်မဲ့ စိတ်ကူးစိတ်သန်းများဖြင့် ပေါင်းစပ်ထားတယ်လို့ မြင်မိတယ်။ကျောင်းထွက်ခဲ့ရတယ်။ "သင်ဘာဖြစ်ချင် သလဲ" ခဏခဏမေးတဲ့ မေးခွန်းအတွက် အဖြေမရသေးရင် မိတ်ဆွေ ဟောင်းဆွေဆီ အလည်သွား ကြည့်ပါ။

ခရီးအားကြီးအဝေးကို သွားပေမယ့် လမ်းတစ်လျှောက်လုံး ဘာမှပျော်ရွှင်စရာ မရှိတဲ့အချိန်တွေလည်းရှိတယ်။မျှော်မှန်းမှုအတိုင်း ဖြစ်မလာတဲ့သဘောတရားတွေလည်းမြင်ရမယ်။အင်္ဂလန်‌‌ ဒေသအတွင်း ခရီးသည်တစ်ဦးကဘုရားရှိခိုးကျောင်းကြီးရှိတဲ့ ကင်တာဗာရီမြို့၊ ပတ္တနီမြို့
၊ပင်လယ်ကမ်းနဖူးနားက ယာမောက်မြို့ ၊ ဒိုဗာမြို့ ၊ပလိုင်းမောက် မြို့စတဲ့ အရပ်တွေကို ရွေ့လျာ

Victor Hugo ဘဝအမောပြေမီးလောင်မြေရေကန်သာကြာတိုင်းအေးအမွေအနှစ်လား လံကြုပ်လား အပိုင်းသုံးစွဲလမ်းဆိပ် book reviewအမွေအနှစ်လား လံကြုပ်လား အပိုင်းလေး𝐇𝐚𝐫𝐮𝐤𝐢 𝐌𝐮𝐫𝐚𝐤𝐚𝐦𝐢 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧📚Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းဘဝဟူသည်

Unlock to read this premium article with 100 points.