Author's Profile Photo

Ye Myint Aung (Kyi Maung)

21/03/2025

ဒုက္ခတွေကို ကျေးဇူးတင်တယ်

1 min read
Life Style
General Knowledge
Self Improvement


လူတိုင်းဟာ ဒုက္ခဆိုတာ နဲ့တွေ့ဖူးကြတယ်။ တချို့က သိပ်ခက်စွာကျော်ဖြတ်ရတယ်။ တချို့က လွယ်လွယ်လေးကျော်ဖြတ်ကြတယ်။ဒါတွေက အခြေအနေ အထောက်အပံ့ပေါ် မူတည်တယ်။ ဘယ်လိုဒုက္ခပဲ ဖြစ်ပါစေ လောကဓံလို့ ဆိုကြပေမဲ့ တခါတရံ မှာတော့ ကျုပ်တို့ကို သင်ပေးသွားတာတွေလည်းရှိပါတယ်။ ဘာတွေသင်ပေးသလဲဆိုတော့ လွယ်တဲ့ဒုက္ခရောက်လာရင် ကျုပ်တို့ရဲ့ ဖြေရှင်းနိုင်စွမ်းကို တူးဆွပေးပြီး၊ ခက်တဲ့ဒုက္ခရောက်တဲ့အခါ မိတ်ဆွေစစ်ကို ရှာဖွေပေးတတ်တာမျိုးပေါ့။ ဒီတော့ကာ ဒုက္ခဆိုရင် ကျေးဇူးသာတင်ဗျာ။ သူကသာ ကျုပ်တို့အတွက် အပေါ်ယံနဲ့ လိုသုံးတွေကို ဖော်ထုတ်ပေးမယ့် မှတ်ကျောက်တစ်ခု ဖြစ်နေလို့ပါပဲ။

#yemyintaung
#lifelessons

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း