ပီတိ(ပေကြီး)
ကိုယ်ကျူးလွန်ထားသော ပြဿနာရပ်များကို ကိုယ်တိုင်တာဝန်သိစွာ ဖြေရှင်းခြင်းသည် သင်၏ တန်ဖိုးပင် ဖြစ်ပါသည်။ ကိုယ်နှင့်ကိုယ့်မိသားစုအပြင် အခြားအများအကျိုးဖြစ်ထွန်းစေနိုင်သည့် ရပ်ရွာ၊ နိုင်ငံ လူမှုရေးလုပ်ငန်းတို့တွင်လည်း ကိုယ်ယူသင့် သည့် တာဝန်ကိုသိပါ။
ကိုယ်ပါဝင်သော အသင်းအဖွဲ့၌ လူအများ၏ အကျိုးအတွက် ကိုယ်တိုင်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို သိရမည်။ လမ်း၊ အိမ်၊ ကျောင်း၊ သောက်သုံးရေနှင့် အသုံးအဆောင်ပစ္စည်း များကို သန့်ရှင်းအောင်ထားဖို့ အရေးသည်လည်း ကိုယ့်တာဝန် သာဖြစ်သည်။
ပီတိ(ပေကြီး)
ပြည်သူတွေကိုသိစေချင်တဲ့ ပြည်သူ့နီတိစာအုပ်မှ
Keep Reading