Author's Profile Photo

Reviews by Benevolent

20/03/2025

ဆာကူရာထက် လှပါစေ

1 min read
Book Review
Novel
Fiction
ဆာကူရာထက် လှပါစေ's photo

⭐တချို့က ပညာသင်ယူဖို့၊ တချို့က စီးပွားရှာဖို့၊ တချို့ကလည်း အပန်းဖြေလည်ပတ်ဖို့ ဂျပန်ပြည်ကို သွားကြတယ်။ဂျပန်မှာ အလုပ်ကြိုးစားလုပ်ကိုင်ရင် အောင်မြင်ပြီး ပြည်တော်ပြန်လာတဲ့လူတွေလည်းရှိပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဂျပန်ရောက်မြန်မာလူမျိုးတချို့ရဲ့ ကန်လန့်ကာ နောက်ကွယ်က သတိမထားမိတဲ့ဘဝတွေ၊ ခါးလယ်ကနေ ဓားနဲ့ဖြတ်အပိုင်းခံလိုက်ရတဲ့ ငှက်ပျောပင်လို အတားအဆီးမဲ့ ပြိုလဲသွားရတဲ့ ဘဝတွေအကြောင်းကို စာအုပ်ထဲမှာတွေ့ရနိုင်တယ်။

⭐ထရိန်နင်ဗီဇာ၊ ကျောင်းဗီဇာ၊ အလည်ဗီဇာတို့နဲ့လာပြီး ပြေးလာကြတဲ့သူတွေကို ဂူးမားပြည်နယ်က အိုးရမြို့လေးမှာ ဝါရင့်မြန်မာတွေက တကယ့် ကယ်တင်ရှင်ကြီးတွေလိုဟန်အမူအယာမျိုးတွေနဲ့ online ပေါ်က 'ဂျပန်ရောက် မြန်မာလူမျိုးများ စုံစည်းရာ' ပေ့ကနေ "အလုပ်ရှိတယ် ကူညီမယ်ပေါ့"။ လက်တွေ့လုပ်ရပ်တွေကျတော့ ကူညီလို့၊ သူတို့အိမ်မှာနေလို့ ပေးလိုက်ရတဲ့ ပိုက်ဆံတွေက ပိုများနေတယ်။ ဒုက္ခနဲ့ ရောက်လာကြတဲ့သူတွေက ကိုဝသုန် နဲ့ အောင်သူဝင်းဆိုတဲ့ လူမျိုးတွေအတွက် လျော့မသွားတဲ့ ထမင်းအိုးကြီးဖြစ်လာတယ်။ ကျီးအာသီးလို အပြင်ကအရောင်ကြောင့် လှနေပြီး အထဲမှာပုပ်နေတဲ့ လူတွေ အဖြစ် တွေ့ရနိုင်တယ်။

⭐ညီညီခိုင်မြဲဆိုတဲ့ ပန်းချီသာဆွဲတတ်တယ်လို့ယုံကြည်ထားတဲ့ကောင်လေးတစ်‌ယောက်က ပိုင်ရှင်မဲ့အိတ်တစ်အိတ်ရခဲ့တယ်။အိတ်က‌‌လေးထဲရှိ မန်မိုရီစတစ်တစ်ခုထဲက စာတွေကိုဖတ်‌နေရင် ဒီဇာတ်လမ်းတစ်ခုဖြစ်လာတယ်။အဓိကဇာတ်လိုက်ကတော့ 'နန်း' ဆိုတဲ့ ဝကယမ က ပြေးလာတဲ့ကောင်မလေးတစ်ယောက် ၊ ထရိန်နင်ဗီဇာနဲ့ ငါးလုပ်ငန်းလုပ်နေရတဲ့ တောသူမလေး။ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အမေနဲ့အစ်မ ကို တစ်လှည့်ပြန်လုပ်ကျွေးမယ်စိတ်ကူးနဲ့ ဂျပန်ကိုလာခဲ့တယ်။ဒီရောက်တော့ အလုပ်သင် အလုပ်သမားဘဝကနေ ဒုက္ခသည်(နန်းမင်း)

တဇောက်ကန်းသမားလူဟူသည် ကျွန်း တစ်ကျွန်းပမာ အထီးတည်း မဟုတ်ပါ။ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) Two SistersBook Reviewဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဆာကူရာထက် လှပါစေဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မွှေး-ခင်နှင်းယု

Unlock to read this premium article with 100 points.