Author's Profile Photo

Kaung Set Lwin

10/03/2025

သုတစုစည်းမှု (၁)

4 mins read
General Knowledge
History
Science
သုတစုစည်းမှု (၁)'s photo

သုတစုစည်းမှု(၁)မှာတော့ ကျွန်တော်အရှေ့မှာ ရေးသားဖော်ပြခဲ့ပြီးသားဖြစ်တဲ့ "ပိုးဟပ်တွေဟာ ခေသူမဟုတ်"၊
"UNOကတ်တွေရဲ့ သမိုင်းကြောင်း"၊ "အမည်မသိရောင်ခြည်"၊ "စက်ဘီးတွေရဲ့ မူလအစ" ဆိုတဲ့ သုတဆောင်းပါးလေးပုဒ်စလုံးကို ပြန်လည်စုစည်းဖော်ပြသွားမှာ ဖြစ်ပါတယ်။







ပိုးဟပ်လို့ပြောလိုက်တာနဲ့ တော်တော်များက ရွံကြလိမ့်မယ်။ တော်တော်ညစ်ပတ်တဲ့ ကောင်တွေကိုး။ ပိုးဟပ်ကြောက်တဲ့သူကလည်း ရှိသေး၊ ပိုးဟပ်မြင်တာနဲ့ တန်းနေအောင် ပြေးတာ။ အဲ့အခါကြရင် ပြောကြမှာပေါ့လေ၊ "သာမန်အကောင်လေးတွေပါ၊ ဘာကြောက်စရာရှိလို့လဲ"။ ဟုတ်ပါပြီ၊ ပိုးဟပ်က ကြောက်စရာမကောင်းဘူးဆိုပါတော့၊ ဒါပေမယ့် သာမန်အကောင်လေးတွေလို့မြင်ရင် မှားသွားမယ်နော်။

ပိုးဟပ်တွေဟာ ဘာတွေများထူးခြားလို့လဲ

"ဒီကောင်တွေ ပျံတတ်တာကလွဲလို့ ဘာထူးဆန်းလို့လဲ" လို့ တွေးနေပြီထင်ပါရဲ့။
ထူးဆန်းတာပေါ့၊ အခြားသက်ရှိတွေနဲ့မတူဘဲ လုံးဝကွဲထွက်နေတာ တစ်ခုရှိတယ်။


အဲဒီအချက်ကတော့ တကယ့်အံ့သြဖွယ်ပေါ့ဗျာ။ သက်ရှိအများစုဟာ ခေါင်းထဲမှာဦးနှောက်ရှိတာကြောင့် ခေါင်းဖြတ်ရင် သေတာပေါ့။ သူကတော့အဲလိုမဟုတ်။
ဟုတ်ပြီ၊ ဒါဆိုရင်......

သူတို့ဘယ်လိုအသက်ရှင်ကြတာလဲ

အဖြေကတော့ ရိုးရှင်းပါတယ်၊ သဘာဝတရားကြီး ကြောင့်ပေါ့ဗျာ။ အခုကျွန်တော် စာဖတ်သူကို အဲဒီသဘာဝတရားကြီးအကြောင်း ရှင်းပြမယ်။
၁။ သူတို့ရဲ့ ခန္ဓာကိုယ်မှာ spiracleဆိုတဲ့ အပေါက်လေးတွေ အများကြီးပါတယ်။ သူတို့ရဲ့ခေါင်းပြတ်သွားတဲ့ အခြေအနေမှာ အဲ့အပေါက်လေးတွေကနေ အသက်ရှူကြတယ်။ (ပုံထဲက Sp#လေးတွေကိုပြောတာပါ)

၂။ သူတို့ရဲ့ သွေးလည်ပတ်မှုစနစ်က ဖိအား(pressure) တွေ မများဘူး။ အဲဒါကြောင့် ခေါင်းပြတ်သွားလို့ သွေးထွက်လွန်တာမဖြစ်နိုင်ဘူး။

၃။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဦးနှောက်တစ်ခုတည်းက ထိန်းချုပ်ထားတာမဟုတ်ဘူး။ Gangliaလို့ခေါ်တဲ့ အာရုံကြောဆဲလ်တွေက ဦးနှောက်မရှိတော့တဲ့အချိန် ခန္ဓာကိုယ်ကို ထိန်းချုပ်ပေးနိုင်တယ်။

အဲဒီတော့ စဥ်းစားစရာက....

ခေါင်းပြတ်သွားတဲ့ ပိုးဟပ်တွေက သေတဲ့အထိ
အဲ့လိုကြီးနေရဖို့လား?

ကျွန်တော်ပြောခဲ့သလိုပါဘဲ၊ သူတို့တွေက ချက်ချင်းမသေပါဘူး။ ဒါပေမယ့် တစ်ပတ်လောက်ကြာရင်
ခေါင်းမရှိတော့တဲ့အတွက် အစာငတ်ပြီး သေသွားကြပါတယ်။

ဟုတ်ပါပြီ၊ ဒီလောက်ဆိုစာဖတ်သူလည်း သဘာဝတရားကြီးကြောင့် ပိုးဟပ်တွေဟာ ခေသူမဟုတ်တဲ့ အကြောင်း ကောင်းကောင်းကြီးသိသွားကြပြီး ဗဟုသုတတွေရရှိသွားပြီလို့ ထင်ပါတယ်။ ဒါဆိုရင်
UNO cardတီထွင်မှုအကြောင်းကို လေ့လာကြည့်ရအောင်။





အိမ်မှာနေရင်း ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ UNOကတ်လေးတွေ ဆော့ဖူးကြမယ်လို့ ထင်ပါတယ်။ တော်တော်ပျော်စရာကောင်းတဲ့ ကစားနည်းလေးတစ်ခုပါ။ ဒါပေမယ့် ဒီကစားနည်းလေးကို တီထွင်ခဲ့ပုံလေးနှင့် သမိုင်းကြောင်းလေးကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဘယ်သူက ဘယ်လိုတီထွင်ခဲ့တာလဲ?

၁၉၇၁ ခုနှစ်မှာ "Merle Robbins"ဆိုတဲ့ "Ohio"က ဆံပင်ညှပ်ဆရာတစ်ယောက်က ဒီကစားနည်းလေးကို တီထွင်ခဲ့ပါတယ်။ Cardလေးတွေနဲ့ကစားရတာကြိုက်တဲ့ Robbinsက "Crazy Eights"ဆိုတဲ့ ဖဲကစားနည်းတစ်ခုကို အခြေခံပြီး ဒီကတ်ကလေးတွေကို တီထွင်ခဲ့ပါတယ်။ ဒါဆိုရင်......

UNO နှင့် CRAZY EIGHTS ဘာကွာလဲ?

ကွာခြားချက်လေးတွေကတော့ Crazy Eightsက
ဖဲချပ်တွေနဲ့ဆော့ရတယ်၊ စည်းမျဥ်းတွေက နေရာအလိုက် ကွာခြားတယ်၊ အရင်တုန်းက ကစားနည်းတစ်ခုဖြစ်တယ်။ UNOကတော့ UNOကတ်လေးတွေနဲ့ဆော့ရတယ်၊ စည်းမျဥ်းအတိအကျရှိတယ်၊ ခေတ်သစ်ကစားနည်းတစ်ခုဖြစ်တယ်။

ကစားနည်းနှစ်ခုအကြောင်းပြောပြီးပြီဆိုတော့ UNOကတ်အကြောင်းလေးဆက်ကြတာပေါ့။ တီထွင်သူMerle Robbinsက သူရဲ့ဆံပင်ညှပ်ဆိုင်လေးကနေပြီးတော့ UNOကတ်လေးတွေကို ရောင်းချခဲ့ပါတယ်။
သူတို့မိသားစုကိုယ်တိုင်ဟာလည်း UNOကတ်အစုံပေါင်း ၅၀၀၀ကျော်ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၈၀၀၀ကျော်သုံးခဲ့ပါတယ်။ လုပ်ငန်းတစ်ခုမှာ ဒေါ်လာတွေ အများကြီးရင်းဖို့ဆိုတာ တော်တော်လေးကြီးမားတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကတ်တွေ အကုန်လုံးရောင်းထွက်သွားခဲ့ပါတယ်။ အဲ့လိုရောင်းချပြီးတဲ့နောက်မှာ သူ့ရဲ့ကစားနည်းဟာ ဒေသတွင်းမှာတော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ၁၉၇၂ခုနှစ်မှာ ဒီကစားနည်းလေးရဲ့ မူပိုင်ခွင့်ကို International Games ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ "Robert Tezak"ကို ရောင်းချခဲ့ပါတယ်။ အဲဒီလိုရောင်းချပြီးတဲ့နောက်မှာတော့ UNOကစားနည်းလေးဟာ ကမ္ဘာအဆင့်အထိ ပေါက်ရောက်နာမည်ကြီးသွားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ UNOရဲ့ မူပိုင်ခွင့်ကို "Mattel"ဆိုတဲ့ ကစားစရာကုမ္ပဏီက ပိုင်ဆိုင်ထားပါတယ်။
ဒီလောက်ဆိုရင် စာဖတ်သူလည်း UNOကတ်လေးတွေအကြောင်း ကောင်းကောင်းကြီးသိသွားကြပြီလို့ထင်ပါတယ်။ ဒါဆိုရင် ရှာဖွေတွေ့မှုတစ်ခုအကြောင်း ဆက်လိုက်ကြရအောင်။





ကမ္ဘာပေါ်မှာ ရှာဖွေတွေ့ရှိမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေတာတော့ အမှန်ပဲ။ အသုံးဝင် အကျိုးရှိတွေလည်း ပါသလို ဗဟုသုတရစရာတွေလည်း ပါတာပေါ့။ အချို့ဟာတွေဆို တော်တော် အံ့သြစရာကောင်းလွန်းလို့ကျွန်တော်တို့ ကိုယ်တိုင် အစပိုင်းမှာ မယုံနိုင်၊ မျက်ဝါးထင်ထင် သက်သေပြလိုက်တော့မှ ချီးကျူးဂုဏ်ပြုကြရတာတွေလည်း အများကြီး။

အဲဒီလိုတွေ့ရှိမှုတွေထဲမှ အမည်မသိရောင်ခြည်တန်းတစ်ခုအကြောင်း ပြောပြရမယ်ဆိုရင်...

အချိန်က ၁၈၅၉ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့၊ "Whichen Rontgen"ဆိုတဲ့ ဂျာမန်သိပ္ပံပညာရှင်တစ်ယောက်က ကတ်သုတ်အလင်းတန်း (Cathode Ray)တွေကို သုတေသနလုပ်နေတဲ့ အချိန်ပေါ့။ သူအဲဒီ အလင်းတန်းကို သုတေသနေလုပ်ဖို့ အခန်းမီးတွေ မှိတ်လိုက်တယ်၊ ပြီးတော့ သူ့ရဲ့လေဟာနယ်ဖန်ပြွန်ကို ကတ်ထူစက္ကူပုံးထဲကို ထည့်၊ ပြီးတော့ ဝိုင်ယာကြိုးတွေကတစ်ဆင့် လျှပ်စစ်ဓါတ်ပေးလိုက်တယ်။

သူစမ်းသပ်နေတဲ့ Cathod Rayဆိုတာ လေဟာနယ်ဖန်ချောင်းရဲ့ အဖိုဓါတ်တိုင်ကနေထွက်လာတဲ့ အီလက်ထရွန်နစ်ရောင်ခြည်တစ်မျိုးဖြစ်ပါတယ်။

အဲဒီလို စမ်းသပ်ကြည့်နေတဲ့ အချိန်မှာ သူအလင်းတန်းတစ်ခုကို သတိထားမိလိုက်တယ်။ အလင်းတန်းဆိုပေမယ့် ရောင်ခြည်တစ်ခုပေါ့။ အဲဒီရောင်ခြည်က ကတ်ထူပြားပေါ်က ဘေရီယမ်ဓါတ်သတ္တုတစ်မျိုး (Barium Platinocyanide)နှင့်ဓါတ်ပြုပြီး ထွက်ပေါ်လာတယ်ဆိုတာ သိလိုက်ရတယ်။ အခုမှတွေ့တာဖြစ်လို့ ဘာရောင်ခြည်မှန်းလည်း သူမသိ။ အဲဒီတော့ သူက အဲဒီရောင်ခြည်ကို သင်္ချာမှာဆို မသိကိန်းကို များသောအားဖြင့် x ထားသလိုမျိုး အမည်မသိရောင်ခြည်ဆိုပြီး
"X-RAY"လို့ နာမည်ပေးလိုက်ပါတော့တယ်။

ပြီးတော့ ဘာဆက်ဖြစ်သွားလဲ?

အဲဒီလို ရှာဖွေတွေ့ရှိပြီးတဲ့နောက်မှာ X-Rayကို သုတေသနလုပ်ကြည့်တယ်။ အစတုန်းက အရာဝတ္ထုတွေကို ဖောက်သွားနိုင်တယ်ဆိုတာပဲသိတာ၊ စူးစမ်းလေ့လာချင်တဲ့စိတ်နဲ့ လက်ကို X-Rayထွန်းကြည့်လိုက်တဲ့ အခါမှာတော့ မခွဲမစိတ်ဘဲနဲ့ ပထမဆုံးကိုယ့်ရဲ့ လက်ထဲကအရိုးတွေကို မြင်ရတဲ့သူဖြစ်လာပါတော့တယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို လူထုရှေ့မှာ ချပြလိုက်တဲ့အခါ တော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။
သတင်းစာတွေမှာလည်း နာမည်ကြီးသွားသလို၊
အင်္ကျီအဝတ်အစားဆိုင်တွေကတောင် X-Rayမပေါက်နိုင်တဲ့ အဝတ်အစားတွေ ရောင်းလာကြပါသတဲ့။ နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့X-Rayဟာ ဆေးပညာနယ်ပယ်အထိရောက်ရှိသွားပြီး ဒီနေ့အချိန်အထိ လူသားအကျိုးပြု အရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

ဒီလောက်ဆိုရင် စာဖတ်သူလည်း အမည်မသိရောင်ခြည် (ဒါမှမဟုတ်) X-Rayတွေ့ရှိမှုအကြောင်း သိရှိသွားကြပြီလို့ထင်ပါတယ်။ ဒီလိုဆို ကျွန်တော်တို့စီးနေကျ စက်ဘီးလေးအကြောင်း ဖတ်ကြည့်ရအောင်။





တစ်နေရာကနေ တစ်နေရာကို သွားချင်တယ်။ နည်းနည်းလေးတော့ ဝေးတယ်။ ဒါပေမယ့် လမ်းလျှောက်သွားမယ်ဆိုတော့လည်း အချိန်လည်း ကုန်၊ ခြေလည်း ညောင်း။ အဲဒါဆိုရင်တော့ ပေါ့ပေါ့ပါးပါး စက်ဘီးလေးစီးသွားပေါ့။ မြန်လည်း မြန်တယ်၊ ဘီးနှင့်လှိမ့်သွားရတာဆိုတော့ လမ်းလျှောက်တာလောက် ခြေထောက်လည်း မညောင်းတော့ဘူးပေါ့။ ဟုတ်ပါပြီ၊ ဒါကတော့
ဒီနေ့ခေတ်ကျွန်တော်တို့ရဲ့ လွယ်ကူအဆင်ပြေနေတာလေးတွေ၊ အဲဒီလိုကျွန်တော်တို့ကို အဆင်ပြေနေအောင် စက်ဘီးကို တီထွင်ပေးခဲ့တဲ့ ပညာရှင်ကရော ဘယ်သူလဲ?

မူလအစ ပထမ

၁၉ရာစုရဲ့အစ၊ ၁၈၁၇ခုနှစ်တုန်းက ဂျာမနီနိုင်ငံသား
Baron Von Draisက ဘီးနှစ်ဘီးပါတဲ့ စက်ဘီးကို တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမအစ ထွင်ခဲ့တဲ့ သူရဲ့ စက်ဘီးမှာတော့ ခြေနင်းပြားမပါသလို ဘီးတွေဟာလည်း ယခုခေတ်စက်ဘီးလို မဟုတ်ပါဘူး။ ဘီးတွေဟာ သစ်သားဘီးတွေဖြစ်ပြီး ခြေနင်းမပါတဲ့အလျောက် မြေကြီးကို ခြေထောက်နဲ့ကန်အားပြုပြီးသွားရပါတယ်။

ခြေနင်းတွေ တပ်လိုက်ပြီ

၁၈၃၉ခုနှစ်အရောက်မှာတော့ စကော့တလန်လူမျိုး
Kirkpatrick Macmillarက ခြေနင်းပြားပါတဲ့ စက်ဘီးကို ဆန်းသစ်တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ စက်ဘီးဟာ ပုံမှာပြထားတဲ့အတိုင်း ရှေ့ဘီးမှာ ခြေနင်းကို တပ်၊ နောက်ဘီးကို ချိတ်ဆက်ထားတဲ့ပုံစံကြောင့် စက်ဘီးဟာ နင်းရတာက များ၊ သွားတာက နှေးနေပါတယ်။

ဒီလိုဆိုခြေနင်းပါတဲ့ရှေ့ဘီးကို အကြီးကြီးလုပ်လိုက်မယ်ဆိုရင်ရော.....


၁၈၆၅အရောက်မှာတော့ ပြင်သစ်လူမျိုး Pierre Lallementက ခြေနင်းပါတဲ့ရှေ့ဘီးကို အကြီးကြီးလုပ်လိုက်ပါတော့တယ်။ ဘီးကိုလည်း ပေါ့ပါးတဲ့သတ္တုတစ်မျိုးနဲ့ လုပ်ထားပါတယ်။ ဒါပေမယ့် စက်ဘီးရဲ့ ပုံသဏ္ဌာန်အနေအထားအရ စက်ဘီးစီးတဲ့သူဟာ တော်တော်လေးကျွမ်းကျင်ဖို့လိုအပ်ပြီး မဟုတ်ရင်တော့ လဲကျသွားနိုင်ပါတယ်။

အကောင်းဆုံးပုံစံ

၁၈၈၅ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံသား John Kemp Starleyက ခြေနင်းကို နောက်ဘီးနားမှာထားပြီး ချိန်းကြီးနဲ့ ချိတ်ဆက်ထားတဲ့ ပုံစံသစ်နဲ့ စက်ဘီးကို အဆင့်မြှင့်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဘီးတွေဟာလည်း ရော်ဘာဘီးတွေဖြစ်ပြီး လုံခြုံစိတ်ချ၊ စီးရလွယ်ကူတဲ့ စက်ဘီးတွေ ဖြစ်လာပါတော့တယ်။

ဒါကတော့ စက်ဘီးတီထွင်ခဲ့ပုံနှင့် အဆင့်မြှင့်ပြုပြင်ပြောင်းလဲခဲ့ပုံတွေဖြစ်ပြီး စာဖတ်သူတို့လည်း ဗဟုသုတတွေ ရရှိ၊ ကောင်းကောင်းကြီးသိသွားကြပြီလို့ထင်ပါတယ်။
အခုစာဖတ်သူတို့ဖတ်ရှုခဲ့ရတာကတော့ သုတစုစည်းမှု(၁)ပဲဖြစ်ပါတယ်။ နောက်ထပ်သုတဆောင်းပါးတွေ ရေးသားသွားမှာဖြစ်လို့ တင်ရင်ချက်ချင်းသိရအောင်
Followလုပ်ထားကြပါဦးနော်။



  • 8:20 P.M.

Keep Reading

Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲErnest Hemingway ဘဝဟာသများပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်The Gentleman in the Parlourအဲလက်ဇ်ရဲ့ အရင်းအနှီးက ဘာတွေဖြစ်မလဲ။ကက်ဖကာ၏လက်တွေ့ဘဝ