Author's Profile Photo

Toe Paing Lin

16/02/2025

တာအိုတိချင်း-ကက်စပါဇော်(Book Review)

1 min read
Book Review
General Knowledge
Leadership

-လိုလည်းမလိုပိုလည်းမပို အဲ့တာ တာအိုပဲ။
-တာအိုဆိုတာ ချီးမွမ်းစရာလည်းမလို သလို
ရှုံ့ချစရာလည်းမလိုဘူး။
-သဘာဝတရားကြီးက တာအိုပဲ။

ဒီစာအုပ်က လူတိုင်းဖတ်ရခက်တဲ့
ကျမ်းကြီးကျမ်းငယ်တော့ မဟုတ်ဘူး။
ကျမ်းတစ်စောင်ပါပဲ လူတိုင်းဖတ်နိုင်ပြီး လိုက်နာဖို့
ခက်ခဲနိုင်တဲ့ကျမ်းတစ်စောင်။

ဒီစာအုပ်ကိုဘယ်လိုလူတွေဖတ်သင့်လဲ
လို့ပြောပါဆို လူတိုင်းဖတ်သင့်တယ်။
အိမ်တိုင်းဆောင်ထားသင့်တယ်။ရွှေဥဒေါင်းရဲ့
တသက်တာမှတ်တမ်းကို ဧည့်ခန်းမှာထားသလို
တာအိုကျမ်းကလည်း အိပ်ယာ၊ရုံးခန်း၊အလွယ်တကူ
ယူဖတ်လို့ရတဲ့နေရာတိုင်းမှာထားသင့်တယ်။

လေးဇော်ရဲ့အရင်စာအုပ်တွေရှိဖူးသူများကလည်း
ဒီစာအုပ်ကိုပါ မဖြစ်မနေ ဝယ်ဖို့အကြံပေးပါရစေ။
အရင်ထွက်ခဲ့တဲ့ လူမကြိုက်တာခံရဲတဲ့သတ္တိ၊
ပျော်ရွှင်ဖို့...၊ရှင်းလင်းစွာစဥ်းစားခြင်း အနုပညာ၊
အိုရှိုးစာအုပ် ဒါတွေက ရတနာ​သေတ္တာဆို
တာအိုတိချင်းက အဲ့သေတ္တာကြီးကို ဖွင့်မဲ့
သော့တစ်ချောင်းပါ။

ဒီစာအုပ်ကို ဘယ်လိုလူတွေဖတ်သင့်သလဲဆိုရင်
အထူးသဖြင့် Leadershipကို လေ့လာနေကြတဲ့
လူတွေ၊ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ချင်
သူတွေ၊စီးပွားရေးမဟာဗျူဟာလေ့လာနေသူတွေ၊
စစ်မက်ရေးရာ လေ့လာလိုက်စားသူတွေမဖြစ်မနေ
ဖတ်ကြည့်ပါ။

စာအုပ်ထဲကနေလည်း ကျနော်ကြိုက်တဲ့စာပိုဒ်အချို့ကို
ဖော်ပြပေးလိုက်ပါတယ်။

⚪️⚫️အသုံးချပါ...မပိုင်ဆိုင်ချင်ပါနဲ့
လုပ်ဆောင်ပါ...နာမည်ကောင်းမယူပါနဲ့
ပြီးမြောက်တဲ့အခါ လက်လွှတ်လိုက်ပါ
လက်လွှတ်လိုက်မှသာ အဲဒီအရာက မင်းနဲ့ရှိနေမှာ

⚪️⚫️ပြည့်အောင် ထည့်ရင်
လျှံကျလိမ့်မယ်
ထက်လွန်းအောင် သွေးရင်
တုံးသွားလိမ့်မယ်

⚪️⚫️လူတွေကို မယုံကြည်ရင်
လူတွေရဲ့ ယုံကြည်မှုကိုလည်းမရနိုင်

⚪️⚫️လူအများ သေဆုံးတာဟာ
ကြီးမားတဲ့ ဝမ်းနည်းပူဆွေးစရာသာ ဖြစ်တယ်
စစ်အောင်ပွဲ အခမ်းအနားဆိုတာ
သေဆုံးသွားတဲ့သူတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားသာ ဖြစ်သင့်တယ်။

⚪️⚫️လူတွေ မျှော်လင့်ထားတာတွေ လုပ်ပြီး တိုင်းပြည်ကိုအုပ်ချုပ်ပါ
မမျှော်လင့်ထားတာတွေ လုပ်ပြီး စစ်ပွဲကို အနိုင်ယူပါ
ဘာမှ မလုပ်ခြင်းအားဖြင့် လောကကို ထိန်းချုပ်ပါ

ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုပေမဲ့ စာအုပ်ကောင်းအချို့ကတော့ လူမသိသူမသိ တိမ်မြုပ်ပျောက်ကွယ်သွားကြတာများပါပြီ၊ဒါ့ကြောင့် ရေးပါတယ်။

#တပလ

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ