Chitsu
ဒီအကြောင်း ပြောရရင် နည်းနည်းတော့ အထင်လွဲစရာတွေ ဖြစ်နေမှာ။ ဒါက ကျမ အမြင်ပဲမို့ လွပ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်ပေါ့ ။
ကျမက ကိုယ့်ကိုယ်ကိုယ် Introvert လို့ သတ်မှတ်ထားတဲ့ သူတစ်ယောက်ပါ ။ ဒါပေမဲ့ အသေအချာ ပြန်စဥ်းစားကြည့်တော့ အဲ့လိုလည်း မဟုတ်ပြန်ဘူး ။ ဒါဆို Extrovert ပေါ့ ။ ဒါလည်း မဟုတ်သေးဘူး ။ အဲ့အပြင် Ambivert ရော ဆိုတော့ မဟုတ်ဘူး ။
" ဒါဆို ဘာများ ဖြစ်နိုင်မလဲ? ""
ကျမ ဒါကို နားလည်လာတာက Online class တစ်ခုက ဆရာတစ်ယောက်ရဲ့ ပြောပြမှုကြောင့်။ ပြီးတော့ Youtube ကနေ ဆရာညီညီရဲ့ " Personality'' ကြောင့် လို့ ပြောရပါမယ် ။
ဆန့်ကျင်သလိုများ ဖြစ်နေမလားမသိဘူး ။ Introvert ရော Extrovert ဆိုတာတွေက ကိုယ့်ကိုယ်ကိုယ် ခံယူ သတ်မှတ်ထားတဲ့ " စံ" တွေပါပဲ။
Introvert တစ်ယောက်က အမြဲ တိတ်ဆိတ် မနေနိုင်ဘူး ။ သူနဲ့အတူတူ ပြောမနာ ဆိုမနာတစ်ယောက်ရဲ့ ရှေ့မှာ ဆိုရင်ပေါ့ ။
ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် Introvert လို့ သတ်မှတ်တာလဲ?
* လူတွေနဲ့ စကားပြောရမှာ ရှက်လို့လား?
* ပြောတော့ ပြောချင်တယ် ငါပြောလိုက်ရင် ဆိုပြီး over thinking ဖြစ်နေလို့လား?
* ငါက introvert လို့ မှတ်ထားတာ အခုမှ စကားတွေ အများကြီး ပြောလိုက်ရင်တော့ဖြင့် ဆိုပြီး.
အများကြီး ပါပဲ ။ Introvert လို့ သတ်မှတ်ထားသည့်တိုင် Extrovert ဖြစ်သွားဖူးတဲ့ အချိန်တွေ ။ Extrovert လို့ ပြောပြီး Introvert ဖြစ်သွားတဲ့ အချိန်တွေ ။
တကယ်တမ်းကျ ငါဘာကြောင့် Introvert လဲ၊ Extrovert လဲ ဆိုတာကို သေချာတွေး ကြည့်ရင် အဖြေက ပေါ်လာမှာပါပဲ ။ သိပ်တော့ အရေးမကြီးလှဘူး ။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျမက ဒီ ( ၂) ခုလုံးကို ကိုယ်ရည်ကိုယ်သွေး'' Personality'' ထဲ ထည့်လိုက်မယ် ။
Personality'' က ရုပ်ရည်လည်း မဟုတ်သလို၊ ဘယ်လောက် ပညာတတ်တယ်၊ ဘယ်လောက် ချမ်းသာတာနဲ့ မဆိုင်ဘူး ။ လူရယ်လို့ ဖြစ်လာတာနဲ့ ကျမတို့မှာ ' ကိုယ်ရည်ကိုယ်သွေး ' ဆိုတာ ပါလာပြီးသား ။ ဒါပေမဲ့ တစ်ခုတည်းလည်း မဟုတ်ဘူး ။ အများကြီးပဲ ရှိမယ် ။ ဒါတွေ အားလုံးက တသမတ်တည်း ရှိနေတာတွေ မဟုတ်ပြန်ဘူး ။
အခြေအနေ ၊ အချိန်အခါ အလိုက် ပြောင်းလဲသင့်ရင် ပြောင်းလဲ နေတာတွေချည်းပဲ ။ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် ၊ ခံယူချက် အမြင်တွေ ၊ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေ ၊ တခြားသူတွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေထိုင်မှုတွေ ၊ စာနာ နားလည် ခံစားတတ်မှုတွေ ။ ဒါတွေနဲ့ ဆိုင်နေမှာ ။
" Communication '' ကလည်း Personality'' ထဲပါတာပဲ ။ ' ကိုယ်ရည်ကိုယ်သွေး 'ကောင်းမွန်တဲ့သူ တစ်ယောက်ဟာ သူ့ဘဝမှာ အဆင်ပြေပြေ နဲ့( အောင်မြင်တယ် မပြောတော့ဘူး ကြီးကျယ်လွန်းလို့) ဒုက္ခတွေ ကြားထဲမှာ ဖြတ်သန်းနိုင် ပါလိမ့်မယ် ။
" Robert Downey Jr( RDJ) လ်ို ထောင်ကျဖူးပြီးမှ ကမ္ဘာကျော် Hollywood ဖြစ်သွားတာလည်း ' ကိုယ်ရည်ကိုယ်သွေး 'ဆိုတဲ့ Personality'' ကြောင့်ပဲ ။
နေထိုင်ရတဲ့ ပတ်ဝန်းကျင် ၊ ကိုယ့်ခံယူချက် အမြင်တွေဟာ ' ကိုယ်ရည်ကိုယ်သွေး 'ကို အများကြီး ပြောင်းလဲ ပစ်နိုင်တယ် ။
" တံငါး နားနီး တံငါ ၊ မုဆိုး နားနီး မုဆိုး''လိုပေါ့ ။
ဘုရားက ပေးတဲ့ ဆုလာဘ်လည်း မဟုတ်ဘူး ။ ပါရမီ ပါလာတာလည်း မဟုတ်ဘူး ။ ပါရမီ ဆိုတာလည်း အကျင့်တစ်ခုကို ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်းက ရတာပဲ ။
ဟပ် ချ လောင်း ဆိုပြီး ရတာ တစ်ခုမှ မရှိဘူး ။
ကျမတို့တွေရဲ့ Negative Personality'' ကို ပြောင်းချင်ရင် ကိုယ့်ထက် သာတဲ့ ပတ်ဝန်းကျင် ၊ တော်တဲ့သူ၊ တတ်တဲ့သူတွေနဲ့ နေပါ ။ ဆက်သွယ်ပါ ။ သင်ယူပါ ။ လေ့လာပါ ။
" Positive thinking ထားပါ ။ Over thinking တွေ ဖျောက်ပစ်ပါ ။
Keep Reading