Honey cho
ဒီတစ်ခါမှာတော့ ဟန်နီကိုယ်တိုင်resarch လုပ်ထားတဲ့တိုက်ကြီး ၇တိုက်ရဲ့ နာမည်တွေအကြောင်းကို ဗဟုသုတအနေနဲ့"sharing is caring 'ဆိုတဲ့အတိုင်းဝေမျှလိုက်ပါတယ်။
Asia ခေါ်(အာရှတိုက်)
အာရှတိုက်ဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားရဲ့ဝေါဟာရစကားလုံးတစ်ခုဖြစ်တဲ့ "Ἀσία" (အေးရှား) ဆိုတဲ့ စကားလုံးကနေ ရလာတယ်လို့ ခေတ်အဆက်ဆက်သုတေသီများမှယူဆကြပါတယ်။ ရှေးခေတ် ဂရိသမိုင်းရဲ့ဆရာကြီးတစ်ဆူနတ်ဘုရးတစ်ဆူလို ခေါ်နိုင်တဲ့ Herodotus က ဂရိနိုင်ငံရဲ့ အရှေ့ဘက်က မြေပြန့်ဒေသတွေကို အဲဒီနာမည်အသုံးပြုပြီး စတင်ခေါ်ဝေါ်ခဲ့တာပါ။ တချို့ပညာရှင်များကတော့ Akkadian ဘာသာစကားရဲ့ထိပ်စာလုံး "asu" ဆိုတဲ့ စကားလုံးကနေ ဆင်းသက်ပြီးရလာတယ်လို့လည်း ပြောကြပါတယ်။ "asu" ရဲ့ အဓိပ္ပါယ်က "မြင့်တက်လာတယ်" လို့ ရည်ညွှန်းပြီးအရှေ့အရပ်ကမှတစ်ဆင့် နေကအမြဲထွက်လာတာမို့Asia တိုက်လို့ ရည်ညွှန်းခေါ်ဆိုခြင်းလည်း ဖြစ်နိုင်ပါတယ်။
Europe ခေါ် ဥရောပတိုက်
ဥရောပတိုက်နာမည်ကတော့ ဂရိဒဏ္ဍာရီထဲက ယူရိုပါ Europa လို့ခေါ်တဲ့ ဖီနီးရှန်းမင်းသမီးရဲ့ နာမည်ကနေယူထားတယ်လို့ သမိုင်းပညာရှင်များနဲ့သိပ္ပံပညာရှင်များကယူဆကြပါတယ်။ ဂရိတွေက မြေထဲပင်လယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ မြေပြန့်ဒေသတွေကို အဲဒီနာမည်နဲ့ ခေါ်ခဲ့ကြပြီး နောက်ပိုင်းမှာ တိုက်ကြီးတစ်ခုလုံးအတွက် အသုံးပြုလာခဲ့ကြတာလည်းဖြစ်ပါတယ်။
Africa ခေါ် အာဖရိကတိုက်
အာဖရိကတိုက်နာမည်ကတော့ လက်တင်စကားလုံးဖြစ်တဲ့ "Africa" ဆိုတဲ့ဝေါဟာရကနေ ရလာတယ်လို့ ဆိုပါတယ်။ "Africa" ဆိုတာက အာဖရိကရဲ့မြောက်ပိုင်းမှာနေတဲ့ "Afri" လူမျိုးနွယ်စုရဲ့ မြေများလို့ ဆိုလိုချင်တာလည်းဖြစ်ပါတယ်။ နောက်ထင်မြင်ချက်တစ်ခုကတော့ ဖီနီးရှန်းဘာသာစကားက "afar" ဆိုတဲ့ "ဖုန်" လို့အဓိပ္ပါယ်ရတဲ့ စကားလုံးကနေ ရလာတယ်လို့လည်း ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဒေသတွေက သဲကန
Unlock to read this premium article with 10 points.