Author's Profile Photo

မောင်ရွှေဘ

19/01/2025

မပျင်းပါနဲ့မိတ်ဆွေ

1 min read
Education
General Knowledge
Creative

စာဖတ်သူမိတ်ဆွေရေ လူဆိုတာ အသိဉာဏ်နဲ့အလုပ်ကိုအမြဲယှဉ်တွဲလုပ်နေနိုင်မှလူပီသမှာပါ။ ဘဝဆိုတာအချိန်တွေနဲ့ဖွဲ့စည်းထားတာမိတ်ဆွေ။ကုန်ဆုံးသွားတဲ့အရာတွေထဲမှာအချိန်ဟာအလွန်ကိုတန်ဖိုးရှိပါတယ်။ မိမိဘဝတိုးတက်ဖို့အမြဲကြံစည်လုပ်ကိုင်နေနိုင်မှ လူ့ဘဝမှာအဆင်ပြေမယ်မိတ်ဆွေ။အဲ့ဒီအတွက်မပျင်းဖို့ရာအထူးလိုအပ်လှတယ်။ ပျင်းတယ် ဆိုခြင်းကရှက်စရာဖြစ်သလိုကြောက်စရာလည်းဖြစ်တယ်မိတ်ဆွေ။ ပျင်းရင်ဖျင်းမယ်မိတ်ဆွေ။ဖျင်းရင်အသုံးမကျတဲ့လူညံ့ဖြစ်သွားမှာပေါ့။ မိမိကိုယ်ကို တော်လှချည်တတ်လှချည်ထင်နေပြီးပျင်းနေရင် မိမိထက်အောင်မြင်တိုးတက်နေသူတွေကို ရှုမြင်ကြည့်ပါမိတ်ဆွေ။ အောင်မြင်ချမ်းသာသူတွေကလည်း တစ်နေ့ကိုအချိန်၂၄နာရီရကြတာပဲ။ကျွနု်ပ်တို့နဲ့အချိန်တူတူရပါလျက်နဲ့ သူတို့လိုအောင်မြင်ဖို့မကြိုးစားရင်ရှက်ဖွယ်ဖြစ်လိမ့်မယ်မိတ်ဆွေ။လူဆိုတာ ငွေမရှိရင်မျက်နှာငယ်ရတယ်။ ပျင်းလို့ပညာမရ၊ ဉစ္စာမရရင်လူ့လောကမှာ မျက်နှာငယ်ရတတ်တယ်မိတ်ဆွေ။ သံသရာတစ်ဖက်ခြမ်းနိဗ္ဗာန်ကိုအသာထား ပျင်းနေရင်အခြေခံကုသိုလ် ဒါနတောင်မလုပ်နိုင်ဘူးဆိုတာသတိရလိုက်ပါ။ ပျင်းတဲ့လူဟာ အချောင်လိုချင်တဲ့စိတ်လည်းဖြစ်လာတတ်တယ်။ပျင်းရိခြင်းကကြောက်ဖို့ကောင်းတယ်နော်မိတ်ဆွေ။ အားလပ်ချိန်ကို အကျိုးမရှိတဲ့အရာတွေတွေးကြံ၊ကြည့်ရှု၊လုပ်ကိုင်မယ့်အစား ဘဝအတွက် မပျင်းမရိ ကြိုးစားလိုက်စမ်းပါ။ သတိပေးချင်တာကတော့ စိတ်ရှည်ပါမိတ်ဆွေ။ကြိုးစားပြီးမအောင်မြင်ရင်လည်း ကြိုးစားမှုကိုရပ်တန့်ပျင်းရိမှုကိုပြန်ဆက်မယ်တော့ မကြံပါနဲ့မိတ်ဆွေ ။ဇွဲရှိပါ။အောင်မြင်မှုကလက်တစ်ကမ်းမှာပါ။

#မောင်ရွှေဘ

Keep Reading

ကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)"Pronunciation ကို စနစ်တကျ လေ့ကျင့်ကြမယ်"ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)Finance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့