မောင်ရွှေဘ
သိပ္ပံပညာရှင်ကြီးအယ်လ်ဘတ်အိုင်းစတိုင်းဟာ၁၉၀၅ခုနစ်မှာ"နှိုင်းရဓမ္မသဘောတရား"ခေါ် "ရီလီတီဗီတီ-(Relativity)"စာတမ်းတစ်စောင်ကိုပုံနှိပ်ကြေညာခဲ့ပါတယ်။စာတမ်းထဲမှာအလင်းကလွဲရင်ဘယ်အရာမဆိုအားလုံးကွဲပြားခြားနားတဲ့အခြေအနေပေါ်မူတည်ပြီးအမြန်နှုန်းအမျိုးမျိုးနဲ့ပြေးလွှားခရီးလှည့်တယ်လို့ဆိုထားပါတယ်။
"ရီလီတီဗီတီ"ခေါ် နှိုင်းရဓမ္မသဘောတရားကိုစဉ်းစားကြည့်ရအောင်။
တကယ်လို့သင်ဟာမိုးကောင်းကင်ကိုမော့ကြည့်လိုက်တဲ့အချိန် ကောင်းကင်ထက်မှာတရွေ့ရွေ့သွားလာနေတဲ့လေယာဉ်ပျံတစ်စီးကိုတွေ့တယ်ဆိုပါစို့။
အဲ့ဒီလေယာဉ်ဟာသိပ်မြန်မြန်ပျံနေတယ်လို့မထင်ရတာကိုတွေ့ရပါ့မယ်။သင်မတ်တတ်ရပ်ပြီးသေချာကြည့်နေရင်လေယာဉ်ဟာကောင်းကင်တိမ်တိုက်တွေကြားထဲမှာတဖြည်းဖြည်းတရွေ့ရွေ့သွားနေတာကိုတွေ့ရပါလိမ့်မယ်။
အခုသင်ဟာစူပါမန်းလိုအစွမ်းမျိုးရှိလို့ကောင်းကင်ထက်ကိုဝှီးဆိုတက်သွားပြီးပျံနေတဲ့လေယာဉ်ဘေးနားမှာရပ်ကြည့်လို့ရမယ်ဆိုရင်လေယာဉ်ဟာတစ်စက္ကန့်အတွင်းသင့်ဘေးနားကနေဝုန်းဒိုင်းဆိုဖြတ်သွားတာကိုတွေ့ရမှာအသေအချာပါ။
နောက်တစ်ခါသင့်အနေနဲ့နိုင်ငံခြားသွားဖို့လေယာဉ်ထဲထိုင်ပြီးလိုက်ပါမယ်ဆိုရင်လေယာဉ်ဟာရွေ့နေတယ်လို့မထင်ရလောက်အောင်ဖြည်းဖြည်းသွားနေတယ်လို့ထင်ရပါလိမ့်မယ်။
ကဲလေယာဉ်ပျံရဲ့အမြန်နှုန်းကိုတောင်မြေပြင်ကနေရပ်ကြည့်တာရယ်၊စူပါမန်းရဲ့အစွမ်းမျိုးနဲ့ပျံနေတဲ့လေယာဉ်ဘေးနားရပ်ကြည့်တာရယ်၊လေယာဉ်စီးပြီးလိုက်တာရယ်သုံးမျိုးနဲ့ကြည့်တာလေယာဉ်ရဲ့အမြန်နှုန်းကသုံးခုအဖြေထွက်နေပါတယ်။တဖြည်းဖြည်းရွေ့နေတာ၊အလွန်မြန်တာ၊ရွေ့တယ်တောင်မထင်ရတာဆိုပြီးပါ။အမှန်တော့လေယာဉ်ရဲ့အမြန်နှုန်းကပုံသေတစ်ခုတည်းပါပဲ။ကြည့်ရှုတဲ့ရှုထောင့်ကြောင့်သာအမြန်နှုန်းဟာကွာခြားသွားတာပါ။
အယ်လ်ဘတ်အတိုင်းစတိုင်းရဲ့နှိုင်းရဓမ္မသဘောတရားကဒါပါပဲ။"ရွေ့လျားနေတဲ့အရာဝတ္ထုတစ်ခုရဲ့အမြန်နှုန်းဟာကြည့်နေတဲ့ရှု့ထောင့်ပေါ်မှာမူတည်နေပါတယ်"။
#မောင်ရွှေဘ
Keep Reading