Bryan Jane
နေ့စဉ်နေ့တိုင်း
ကဲ့ရဲ့ဝေဖန်နေကြတဲ့ သူတွေရဲ့ကြားထဲမှာ
မရောင့်ရဲ့ မတင်းတိမ်နိုင်ဘဲ
အောင်မြင်မှုဆိုတဲ့နောက် လိုက်နိုင်ဖို့
ကြိုးစားနေမိတာက
ကျွန်တော့်ရဲ့ အမှားလား။
အမှားကြာရင် အမှန်ဖြစ်သွားတယ်
ဆိုတဲ့ စကားက တကယ့်အနှစ်သာရတွေနဲ့
ဆိုတာ အခုမှ နားလည်သွားတော့တယ်။
တခြားသူတွေ
လျှောက်နေကြလမ်းကနေ ခွဲထွက်ပြီး
လျှောက်မိတာက ကျွန်တော့်ရဲ့ အမှားဖြစ်နေတာလား။
အဖြေကတော့ ကျွန်တော့်ရဲ့အမှား
လုံးဝ ဟုတ်မနေပါဘူး။
သူများတွေလျှောက်နေတဲ့လမ်းကိုပဲ
ဇွတ်တင်းလျှောက်ခိုင်းကြတဲ့
ကျွန်တော်နေနေတဲ့ အသိုင်းအဝိုင်းက
လူတွေရဲ့ အမှားပါ။
ဘာအမှားမှ မလုပ်ထားပေမဲ့
သူတို့ရဲ့ စကားဝိုင်းမှာ
ဟာသပြောစရာဖြစ်နေတဲ့ ကျွန်တော့်ရဲ့နာမည်ကို
တစ်ခါတလေ ပျော်ရွှင်စွာ
နားထောင်နေမိတယ်။ (ငါအောင်မြင်နေတာလားမသိဘူးဆိုပြီးတော့)
လူတစ်ယောက်အောင်မြင်နိုင်ဖို့
ဘာတွေလိုလဲ မေးရင်
အရင်တုန်းက ကျွန်တော်မဖြေနိုင်ခဲ့ဘူး။
ဒီသုံးနှစ်အတွင်းမှာ
ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကနေ
ပြောရရင်
“ခံနိုင်ရည်ရှိမှု”လို့ ကျွန်တော်ဖြေမှာပါ။
ဝေဖန်ခံရမှာ၊
ကဲ့ရဲ့ခံရမှာကို ကြောက်နေရင် ကျွန်တော်တို့အနေနဲ့
ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။
ကိုယ်နဲ့ လျှောက်တဲ့လမ်းချင်း မတူတိုင်း
လာပြီးကဲ့ရဲ့နေရအောင်
အဲ့ဒါသူတို့ရဲ့ဘဝ မဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ ဘဝပါ။
“ကိုယ့်မျက်ချေး၊ ကိုယ်မမြင်ဘူး။” ဆိုတဲ့
မြန်မာစကားပုံလို ကိုယ့်ဘဝကို
တိုးတက်အောင်လုပ်နေမယ့်အစား
အချိန်ကုန်ခံပြီး
ဝေဖန်နေကြတဲ့ သူတွေကို လျစ်လျူရှုပြီး
ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင်
ဆေးခြယ်ကြရအောင်။
Keep Reading