Author's Profile Photo

Reviews by Benevolent

1/01/2025

စာပေသဘော

1 min read
Book Review
General Knowledge
Fiction

"စာပေအတွက် သုံးတဲ့ အသုံးစရိတ်ဟာဇိမ်ခံ အစားအသောက်တွေအတွက်ကုန်ကျစရိတ်နဲ့စာရင် ဘယ်လောက်များ များလို့လဲ”

ဒီစကားကို ဂျွန်ရပ်စကင်း (John Ruskin)က ပြောခဲ့တာပါ။

ကျွန်တော်တို့ဟာ အပေါ်ယံ စကားလုံး အတွေ့အထိတွေကိုပဲ အလေးထား တန်ဖိုးထားတတ်ကြတဲ့ လောကကြီးမှာနေရတာကများတယ်။အဲ့သ‌ဘောနဲ့တူတဲ့စာအုပ်တွေကလည်း ခဏကြာရင် နေပူပူ ကျောက်ခဲဝာစ်လုံးပေါ် ရေလောင်းချလိုက်သလို အငွေ့တွေဖြစ်ပြီး ပျောက်ကွယ် သွားတဲ့စာအုပ်မျိုးတွေရှိပါတယ်။အမှောင်ထုရဲ့နောက်မှာအလင်းတန်း ပုန်းကွယ်နေသလို ဝမ်းနည်းမှု၊ နာကျင်မှုတွေဆိုတဲ့ အစိုင်အခဲကြီးနောက်မှာ ပျော်ရွှင်မှုအစစ်သာမက လေးနက်မှု၊အဓိပ္ပါယ်ပြည့်ဝမှု စောင့်ဆိုင်းနေလေ့ရှိတဲ့ စာအုပ်မျိုးတွေလည်းရှိတယ်။

လူငယ်ဆိုတာ လူကြီးဘဝရောက်အောင် အသက်ရှင်ဖြစ်တည်မှုအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြရတယ်။အသက်အရွယ်အလိုက် ငယ်စဉ်မှာ စာအုပ်ကို ဖတ်ရတဲ့ အမြင်က တစ်မျိုး။ အတွေ့အကြုံ ဖြတ်သန်းမှု တစ်စုံတစ်ရာ ရှိပြီးချိန်မှာ ဖတ်ရတဲ့ စာအုပ်ပေါ်မှာ မြင်ရတဲ့ အမြင်က တစ်မျိုးဖြစ်လာတယ်။ဖြန့်ကြက်တွေးခေါ်ခြင်းတွေက မတူတော့ဘူး။စာအုပ်ဆိုတဲ့သဘောဟာ အချိန်အခါ အားဖြင့်၊ ဖြတ်သန်းမှုအားဖြင့်၊ အသိအခံအားဖြင့် ဖတ်ရှုနိုင်မှုမှာ စကားပြောတယ်ဆိုတာ ကျနော် နားလည်ခဲ့တယ်။အသိဉာဏ်ကို နိုးဆွ ပေးတယ်၊အတွေးကို လမ်းပြပေးတယ်။ကြားဖူးတာတွေလည်း ပိုရှင်းသွားအောင်၊သံသယတွေလည်း ကင်းလာ အောင်လုပ်ပေးတတ်တယ်။မှန်မှန်ကန်ကန် မြင်တတ်လာတယ်။စိတ်တွေ ကြည်နူးမယ်၊ မကျေနပ်ဒေါသတွေလည်း ထွက်လာမယ်။

အတွေ့အကြုံမရှိဘဲ အသိမရှိနိုင်၊ စာအုပ်ဆိုတာ ကိုယ်မဟုတ်တဲ့အခြားသူ‌တွေရဲ့အတွေ့ကြုံကို မျှဝေတာပါပဲ။ကိုယ်ကြုံဖူးမှ နာကျင်မှုမဟုတ်ဘူး။စာဖတ်ခြင်းဟာ လူတစ်ယောက်ရဲ့ခံစားချက်ကို အခြားတစ်ယောက်ဆီ ချိတ်ဆက်ပေးတဲ့ ကိုယ့်ကျင့်စာတရားတစ်ခုလို့ဆိုရမယ်။ လူတိုင်းကျင့်သင့်တဲ့ လောကဓမ္မတစ်ခုပါပဲ။လူသားနဲ့တူအောင်အဆင့်တစ်ခု အနေနဲ့နေနိုင်ဖို့ စာနာစိတ်ရှိအောင်၊ တွေးတတ်အောင် ကျင့်တဲ့ အကျင့်တစ်ခုလို့လည်း ဆိုနိုင်တယ်။

စာအုပ်တိုင်းက သမိုင်းအချက်အလက်၊ ခံစားချက်အပြင် စာရေးသူတွေရဲ့ ဖြတ်သန်းခဲ့ရတဲ့ အတ္တ ၊အာဘော ဆန္ဒ အာဏာဆက်တွေမကင်းကြပါဘူးDeconstruction and Bias တော့ ရှိကြတယ်။ဖတ်တော့ဖတ် ယုံသင့်မှယုံ ၊ ယူသင့်တာ ယူ ၊ ထားသင့်တာ ကျန်ထားခဲ့တာ အကောင်းဆုံးပါပဲ။

ဒါပါပဲ သူငယ်ချင်း

Please Telegram ?
https://t.me/reviewsbybenevolent

Please YouTube ?
https://youtube.com/@reviewsbybenevolent?si=mvvS6O5nDVl-ygFi

စာဖတ်ခြင်းက အတွေးကို လမ်းပြပေးပါတယ်။?

Benevolent Guy

#reviewsbybenevolent

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း