WHY:ဘာကြောင့်လဲ

-----------------------------------------
ကျွန်တော်တို့သိခဲ့တဲ့ရေရဲ့သိပ်သည်းဆ(density ) 1.000g/m^3ဆိုတာကအမြဲတမ်းတော့မဟုတ်ပါဘူး။သူ့ရဲ့သိပ်သည်းဆက အပူချိန်ကိုလိုက်ပြီးပြောင်းလဲနေတာပါ။( ဂရပ်ကိုလေ့လာပါ။)
ရေရဲ့အပူချိန် ရေခဲမှတ်ကိုနီးကပ်လာတာနဲ့အမျှသူ့ရဲ့သိပ်သည်းဆကလည်းများလာပါတယ်။အပူချိန် 4°C ကိုရောက်တဲ့အခါမှာတော့ သိပ်သည်းဆအများဆုံး 1.000g/m^3 ဖြစ်နေပါတယ်။ဒါပေမယ့်အပူချိန် 4°C ထက်နိမ့်သွားတဲ့အခါမှာတော့သိပ်သည်းဆကပြန်နည်းသွားပါတယ်။
အဲ့တာကြောင့်ရေခဲတွေက သိပ်သည်းဆများတဲ့ အပူချိန် 4°C ဝန်းကျင်ရှိရေမှာပေါ်နေတာပါ။(သိပ်သည်းဆနည်းတဲ့ရေပူတွေမှာတော့ ရေခဲကချက်ချင်းမြုပ်သွားမှာဖြစ်ပြီး နောက်ပိုင်းရေအပူချိန်နည်းလာမှရေပေါ်သို့ပေါ်လာမှာဖြစ်ပါတယ်။
➡️ဆောင်းတွင်းမှာမြစ်ရေနဲ့ကန်ရေတွေဘယ်လို'ခဲ'တာလဲ
ကန်ရေမျက်နှာပြင်က ပတ်ဝန်းကျင်(လေ)ကြောင့်အပူစွမ်းအင်တွေဆုံးရှုံးပြီး အပူချိန်လျော့နည်းလာမှာပါ။အဲ့တာကြောင့် ပတ်ဝန်းကျင်(လေ)ရဲ့အပူချိန်က တဖြည်းဖြည်း4°Cကိုလျော့ကျလာတဲ့အခါ ကန်မျက်နှာပြင်မှာရှိတဲ့ရေ ရဲ့သိပ်သည်းဆကအမြင့်ဆုံးဖြစ်သွားပါတယ်။အထိုအချိန်မှာ ရေကန်အောက်ခြေက အပူချိန်(မျက်နှာပြင်ထက်)များပြီးသိပ်သည်းဆနည်းတဲ့ရေတွေက အထက်ကိုတက်ကြပါတယ်။မျက်နှာပြင်ရှိရေတွေကလည်းအောက်ကိုဆင်းကြပြီးဖလှယ်ကြပါတယ်။
ဒါပေမယ့်ပတ်ဝန်းကျင်(လေ)ရဲ့အပူချိန်က 4°C ကနေ 0°C သို့ကျဆင်းသွားတဲ့အခါမှာမျက်နှာပြင်ရေရဲ့သိပ်သည်းဆက ကြမ်းပြင်ရေရဲ့သိပ်သည်းဆထက်နည်းသွားတဲ့အတွက်ကြောင့် အောက်ကိုမဆင်းတော့ဘဲ ဖလှယ်ခြင်း ဖြစ်စဉ်ကလည်းရပ်တန့်သွားပါတယ်။ဒါကြောင့်မျက်နှာပြင်ရေ ကသာအေးခဲပြီး အောက်ခြေကမအေးခဲခြင်းဘဲဖြစ်ပါတယ်။
မှတ်ချက်။။ ရေထုတစ်ခုလုံးအေးခဲဖို့ဆိုရင်တော့ အပူချိန်က0°C ထက်အများကြီးနည်းဖို့လိုပါသေးတယ်။

Keep Reading