Author's Profile Photo

SarPhat Author

28/03/2024

ခဏဖြစ်ဖြစ် လွှတ်ချကြည့်လိုက်လည်း အဆင်ပြေပါတယ်

1 min read
Life Style
Personal Development

ဒီနေ့တော့ သင်ခန်းစာတစ်ခုလေ့လာရင်း အနားယူနေချိန် ခေါင်းထဲကို အတွေးတစ်ခုရောက်လာတယ်။ ဘာအတွေးလဲဆိုတော့ ဒီရက်ပိုင်း‌တွေမှာ လွှတ်ချတတ်ခြင်းဆိုတာကို ကိုယ်ကျင့်သုံးနေမိပါလား ဆိုတဲ့အတွေးပဲ။

ဒီရက်တွေထဲမှာ ယဉ်နေကျ စိတ်ကူးယဉ်အိမ်မက်တွေကနေ လွန်မြောက်ပြီး လက်တွေ့ဘဝမှာ ရှင်သန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားရတယ်။ ခေတ်စကားနဲ့ပြောရရင် Survival Mode အွန်နေပါတယ်ပေါ့။ ဒီလိုလွန်မြောက်ခြင်းက ခဏတာဖြစ်မလား၊ ရေရှည်တည်တံ့နေမလား‌ ကိုယ့်ဘာသာ မသိပါဘူး။ ခုလတ်တလော အတွေးတွေထဲမှာတော့ ကိုယ့်ဘဝအခြေအနေ၊ မိသားစုအခြေအနေ၊ ကိုယ်ရှင်သန်နေထိုင်နေတဲ့ ပတ်ဝန်းကျင်ရဲ့ အခြေအနေ ဒါတွေပဲ ပဲ့တင့်ရိုက်နေပြီး ငါရှင်သန်ရမယ်၊ လက်ရှိအခက်အခဲတွေကို ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကျော်လွှားနိုင်အောင် ကျော်လွှားရမယ် ဆိုတဲ့ အသံတွေပဲ ပဲ့တင်ရိုက်နေတယ်။ ဒီရဲ့အကျိုးဆက်ကတော့ နေ့ဒဓူဝလုပ်ငန်းဆောင်တာတွေကို သေသေသပ်သပ် ဖြေရှင်းနိုင်လာတယ်။ ဘာပြီးရင် ဘာလုပ်မယ်ဆိုပြီး လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေပဲ စဉ်းစားလာတယ်။ ဦးနှောက်ထဲမှာလည်း ရှင်သန်ရပ်တည်ရေးအတွက် strategy တွေချနေတယ်။ daily tasks တွေကို effectively and efficiently ဘယ်လိုလုပ်ဆောင်ရမလဲ၊ ချမှတ်ထားတဲ့ Goals တွေကို အောင်မြင်အောင် ဘယ်နည်းလမ်းနဲ့ သွားမလဲ ဒါတွေပဲ ပဲ့တင်ထပ်နေတယ်။ ဒါ‌တွေဟာ ကိုယ့်ကို နောက်ပုံစံတစ်ခုအနေနဲ့ ဖြစ်ပေါ်စေခြင်းလား ကိုယ်မသိပါ။ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်အနီးအနားပတ်ဝန်းကျင်ကလူတွေရဲ့ ခံစားချက် ဒါတွေကို လျစ်လျူရှုမိသလို ဖြစ်လာတာ သတိထားမိတယ်။ အတွေးထဲမှာလည်း ဒါ ဘာများ အရေးကြီးလို့လဲ ဆိုပြီးပဲ ထားလိုက်တယ်။

စကားစပ်လို့ ကိုယ့်ရဲ့အရင်ပုံစံကို ပြောရရင် ကိုယ်က စိတ်ကူးယဉ်ရတာကို သိပ်ကြိုက်တဲ့သူမျိုး။ လူမှန်ရင် အိမ်မက်တွေ၊ စိတ်အားထက်သန်မှု‌တွေနဲ့ ဘဝကို မောင်းနှင်ပြီး အနာဂတ်ကို ပုံဖော်သင့်တယ်လို့ တွေးထင်တဲ့သူမျိုးပါ။ Passion ဆိုတဲ့ စကားလုံးကလည်း ကိုယ့်အနှစ်သက်ဆုံး စကားလုံး။ ကိုယ်မက်နေတဲ့အိမ်မက်တွေက လက်ရှိဘဝနဲ့ သိပ်ဝေးကွာလွန်း‌နေတာကတော့ တစ်ပိုင်းပေါ့လေ။ ပြီးတော့ လူတွေအပေါ်မှာဆိုရင်လည်း တွယ်တာမှုကြီးပြီး အစွဲအလမ်းကြီးလေ့ရှိတယ်။ လူတွေနဲ့ အမှတ်တရတွေဖန်တီးပြီး ဒါတွေကိုသယ်ပိုးထားရတာဟာ ဘဝရဲ့ ပျော်ရွှင်မှုပါလို့ စဉ်းစားသူမျိုး‌ေပါ့။ ဒါပေမဲ့ ခုတော့ "...ဒီခံစားချက်တွေက ဘာများသာက်ရေးပါလို့ နင်က လိုက်ခံစားနေရတာလဲ၊ လုပ်စရာရှိတာသာလုပ်၊ ရုန်းကန်ရှင်သန်ရဖို့ရှိသေးတယ်၊ တာ‌ဝန်တွေကျေဖို့ ရှိသေးတယ်၊ ဒါတွေကိုသာ ဦးစားပေး.." စသဖြင့် ကိုယ့်ဘာသာဆုံးမလိုက်၊ တွန်းလိုက်နဲ့ ရှေ့ဆက်သွားနေတယ်။

ကိုယ့်ရဲ့ လက်ရှိပုံစံကို နှစ်သက်နေလား၊ မနှစ်သက်ဖူးလားတော့ ကိုယ့်ဘာသာ မဝေခွဲတတ်သေးပါဘူး။ ဘဝမှာ အရင်ကမရှိခဲ့ဖူးတဲ့ "ကျွန်မ..Another Version" လားလည်း မပြောတတ်ပါဘူး။ သေချာတာကတော့ ဒီပုံစံနဲ့သာပဲ ရှေ့ဆက်သွားရဦးမယ်။ ဒါမှလည်း ကျော်လွှားနိုင်မှာ မဟုတ်လားနော်။ စိတ်ကူးယဉ်အိမ်မက်တွေဆိုတာလည်း မှေးမှိန်ပျောက်ကွယ်သွားမလား၊ အနာဂတ်မှာရော ဒီအရာတွေပေါ် နောင်တရရင်း ကိုယ့်ဘာသာအပြစ်တင်နေမိမလား၊ ဘဝတစ်ကွေ့မှာ အကောင်အထည်ဖော်နေနိုင်မလား မပြောတတ်ပါ။ ခုတော့ ခဏဖြစ်ဖြစ် လွှတ်ချထားလိုက်တာလည်း အဆင်ပြေပါတယ်‌လေနော်။ စိတ်ရဲ့ဝန်ကို ခဏဖြစ်ဖြစ် လျှော့ကြည့်ရင်း ပေါ့ပါးမှုနဲ့ တစ်နေ့ချင်းစီဖြတ်သန်းလို့နေထိုင်ပါတယ်။

Keep Reading

‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ဟဲမင်းဝေး နေ့စဉ်ဘဝစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးကျွန်တော့်ပြောင်းလဲမှု အချို့၏ အစပျော်စရာနေ့အမွေအနှစ်လား လံကြုပ်လား အပိုင်းတစ်ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ