Author's Profile Photo

Epub

13/11/2024

ခေါက်ထီးလေးမလုံ့တလုံ-စမ်းစမ်းနွဲ့ (သာယာဝတီ)

1 min read
Book Review
Art
Novel
ခေါက်ထီးလေးမလုံ့တလုံ-စမ်းစမ်းနွဲ့ (သာယာဝတီ)'s photo
ဂျပန်ဘာသာသို့ပြန်ဆိုခြင်းခံရသောဝတ္ထု။

စမ်းစမ်းနွဲ့ (သာယာဝတီ) ၏ ဝတ္ထုကို သင်္ကေတ ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မီးပွား ရိုက်ကူးသည်။၂၀၁၇ ခုထွက် မြန်မာရုပ်ရှင် ဖြစ်သည်။



  • အစိုးရရှေ့နေ ရွှေစင်မွန်က အမှုတခုနှင့် ပတ်သက်ကာ ခရေ အမည်ဖြင့် အခေါ်လိုက်ဘဝ၌ ပျော်ပိုက်နေသည့် ခင်ကြွေမြင့်နှင့် တွေ့သည်။ ယခင် ရွှေစင်မွန် အဆောင်၌နေစဉ်က ခင်ကြွေမြင့်မှာ အခန်းဖော်ဖြစ်သည်။ အလှအပကြိုက်သော ခင်ကြွေမြင့်ကို ရွှေစင်မွန်က ထိုအချိန်က မကြာမကြာပင် သတိပေးခဲ့သည်။ သို့သော် ခဲအိုအား အချစ်မွှန်ရှာသည့် ခင်ကြွေမြင့်မှာ ရွှေစင်မွန့်စကားကို နားမဝင်။
  • သူ၏အလှကို ယုံကြည်သော ခင်ကြွေမြင့်သည် ငွေရှိသော ယောက်ျားများနှင့် ကစားသည်။ တကယ်တမ်း ကစားခံရသူမှာ မိမိသာဖြစ်ကြောင်း ခင်ကြွေမြင့်သိချိန်မှာ ဆူးလေတဝိုက်၌ လူရှာထွက်နေစဉ်မှ ဖြစ်သည်။
  • ရွှေစင်မွန်က ခင်ကြွေမြင့်ကို သူနှင့်လာနေရန် ဆိုသည်။ သို့သော် မထူးဇာတ်ပိုက်ကာ ခင်ကြွေမြင့်က ငြင်းသည်။ ရွှေစင်မွန့်မိတ်ဆွေ ခင်ဇော်ဦးမှာ အရင်းရှင်ဝါဒကို မုန်းပြီး ပစ္စည်းမဲ့ မျက်နှာမွဲတို့ကို ကယ်တင်ချင်သူဖြစ်သည်။ လမ်းဆုံးရောက်ခါနီး ခင်ကြွေမြင့်ကို လက်ထပ်ကာ နယ်သို့ ပြောင်းနေသည်။ ခန္ဓာကိုယ်ချင်း ရင်းနှီးမှသာ သံယောဇဉ်ဖြစ်မည်ထင်သော ခင်ကြွေမြင့်မှာ ဘဝ၏ နောက်ဆုံးကာလရောက်မှသာ မေတ္တာအကြောင်းကို နားလည်သွားသည်။


Epub file download-https://www.dropbox.com/scl/fi/x01f9cvivc6h8cl7tpi8b/_.epub?rlkey=ycjeeg0linkng9y7ql644c14h&st=s67qtb82&dl=0

Keep Reading

မေတ္တာမဏ္ဍိုင်ဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲအပေါ်ယံသမားဟိုလိုလို ဒီလိုလို ဝေလည်လည်အဖေကို ဘာကြောင့်မုန်းတာလဲတဇောက်ကန်းသမားဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ