မိုးနှောင်းအလင်္ကာ
ဆယ်ကျော်သက်ဆိုတဲ့အရွယ်ဟာ သစ်ရွက်လှုပ်တိုင်း ရင်ခုန်တတ်တဲ့အရွယ်ဆိုသတဲ့။ ကျွန်တော်လည်း အဲ့ဒီအရွယ်တုံးက ရင်ခုန်ခဲ့ရပါသည်။ မိုးနှောင်း ဆိုတဲ့ ကျွန်တော်ဘဝထဲကို သာယာငြိမ့်ငြောင်းစွာစီးဆင်းလာတဲ့ ပျိုမဒီက "ငြိမ်းနွယ်"။2019ခုနှစ်က တစ်ကျောင်းထဲ တစ်ခန်းထဲအတူစာသင်ကြတဲ့အထဲမှာ ကျွန်တော်မြင်မိတာက "ငြိမ်းနွယ်" ဆိုသည်ကိုသာ။ အတူတူ ပညာရှာရင်း ကျောင်းတွင်းစုံတွဲဖြစ်သွားတယ်ပေါ့ဗျာ။ ကျွန်တော်တို့ ချစ်သူဖြစ်တဲ့နေ့က...
"ကျွန်တော် ငြမ်းနွယ်ကို နွယ်လို့ခေါ်မယ်နော်" "ဟင် ကျွန်မကို ငြိမ်းလို့ဘဲအများကခေါ်တာ။နွယ်လို့ ခေါ်တာ ဘာဖြစ်လို့လည်းဟင်" "နွယ်လို့ခေါ်တာက ကျွန်တော်ကို ရစ်ပတ်ထားတဲ့ နွယ်ကြိုးလေးမို့လို့လေ။"
ကျွန်တော်အဲ့ဒီလိုပြောတော့ နွယ်က ရှက်ပြုံးကလေးပြုံးပြီး "ကိုတတ်ပကြီး" လို့ခေါ်ပြန်တယ်။
အဲ့ဒီနှစ်က ၁၀တန်း မို့စာကိုပိုလုပ်ရသလို အချစ်ဆိုသည်ကိုလည်း ရင်ခုန်လှုပ်ရှားစွာ ဖမ်းဆုပ်မိခဲ့ပါတယ်။ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ စာနဲ့ဘဲ အချိန်ကုန်ခဲ့ရတာမို့လို့ တန်ဆောင်တိုင်မှာ နိဗ္ဗာန်စျေးအတူလျှောက်ခဲ့ကြတာက အခုလို တန်ဆောင်တိုင် ရောက်မဲ့ အချိန်နဲ့ တကယ် တိုက်ဆိုင်လွန်းပါသည်။
နိဗ္ဗာန်စျေးအတူလျှောက်ရင်း မဲကျတဲ့အလှူရှင်ဆီ မုန့်တွေသွားတောင်းရင်း နွယ်ရဲ့အပြုံးတွေဟာ အစီအရီ ဖူးဝင့်နေတာက သိပ့်ကိုလှပခဲ့တယ်။ ပြီးတော့ အဲ့ဒီနေ့ညနေပိုင်းနွယ်က ကျွန်တော်ကို....
"နှောင်း လို့ခေါ်မယ်နော်" "ဟင်... နွယ်။ ကျွန်တော်ကို သူငယ်ချင်းတွေနဲ့ ရင်းနီးသူတွေက ငမိုး၊မိုးကြီး၊မောင်မိုး အဲ့လောက်ဘဲခေါ်တာပါ။ နှောင်းဆိုတာ ဘာလို့ခေါ်တာလည်းဟင်" "နွယ်ရဲ့ နှောင်ကြိုးလေးအဖြစ်မို့လို့ နှောင်းလို့ခေါ်တာပါရှင်ရယ်။"
အို..ရှိရှိသမျှဘုရားကယ်ပါ။ ကျွန်တော့်နှလုံးအိမ်တစ်ခုလုံး လှုပ်ခါလျှက် ကြည့်နူးစိတ်ကလေးဖြတ်ပြေးရင်း နွားပြာကြီးအောက်သွားမရှိသလိုပြုံးရပါတယ်။
နောက်ပိုင်း ၁၀တန်းဖြေပြီးလို့ ကိုးဗစ်(19) တွေဖြစ်၊ နောက်တော့ အာဏာသိမ်းမှုတွေဖြစ်တော့ နွယ်က သူ့ရဲ့မွေးရပ်မြို့ကလေးဆီပြန်သွားခဲ့တယ်။
နိုင်ငံရေးအနည်းငယ်အေးချမ်းသွားတဲ့အခါ အတိအကျပြောရရင် ဒီနှစ် နှစ်စပိုင်းကပေါ့ နွယ်ပြန်ရောက်လာတယ်။ ကျွန်တော်သွားတွေ့ခဲ့ပါသည်။ သို့သော် နွယ်ထွက်မလာ။ အလွမ်းနာကျနေတဲ့ ဒီကောင်က အပြေးအလွှား အချစ်ရှိရာသွားတော့ အချစ်က ပုန်းရှောင်လို့နေတယ်။ နောက်နေ့ တစ်ဆင့်စကားနဲ့ပြောခိုင်းလိုက်တာက....
"ဆယ်ကျော်သက်အရွယ် စိတ်ခံစားချက်တွေမို့ အခုရပ်လိုက်သင့်ပါပြီ။ စိတ်လှုပ်ရှားမှုခံစားချက် သက်သက်မို့ ကိုမိုးနှောင်း လည်းမေ့လိုက်ပါတော့" တဲ့ဗျာ။
ကျွန်တော်က "တစ်ယောက်တစ်ပိုင်း၊ နှစ်ယောက်တစ်ကိုင်း" နားရမယ်ထင်ခဲ့တာ ဒါပေမဲ့ အခုတော့ ဆယ်ကျော်သက် ခံစားမှု သက်သက်ဟု ပြောခဲ့ပုံက
"နားရမဲ့သစ်ကိုင်း အချိုးခံရလိုက်သလိုပါဘဲ"။
တစ်ချိန်က ကျွန်တော်တို့ချစ်ခဲ့ခြင်းက "ဆယ်ကျော်သက်စိတ်ခံစားမှုဖြစ်ကြေင့်လို့ နွယ်ဆိုခဲ့ပေမဲ့ ဆယ်ကျော်သက်စိတ်ခံစားချက်ထက်ပိုမိတဲ့ ကျွန်တော်က ဒီနှစ်တန်ဆောင်တိုင်လည်း နိဗ္ဗာန်စျေး လျှောက်ဖြစ်မယ်မထင်ပါဘူး။"
အကယ်၍ ကျွန်တော်နွယ်ကိုလွမ်းတယ်ပြောရင် နွယ်ယုံပါ့လား။ ဆယ်ကျော်သက်ဆိုတာကို ကျွန်တော်ဘဝကြီးလို့ထင်ခဲ့တာမဟုတ်ဘူးနွယ်။ ဆယ်ကျော်သက်ထက်ပိုတဲ့ မေတ္တာ နှောင်ကြိုးမျိုးနဲ့ချည်ခဲ့တာမို့ ယခုထိ မပျက်ပယ်နိုင်သေးတာပါ။
"ကျွန်တော်ဟာ ဆယ်ကျော်သက်အရွယ် ခံစားမှုနဲ့ချစ်ခဲ့တာ မဟုတ်မှန်း နွယ်သိမှသိပါလေစ....။
#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)
(စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီအား အထူးကျေးဇူးတင်ရှိပါသည်။)
Keep Reading