Author's Profile Photo

Anna_Nyein

7/11/2024

စာကျက်ချင်စိတ် (Book Review)

1 min read
Book Review
စာကျက်ချင်စိတ် (Book Review)'s photo

ကဲ ဒီနေ့မှာတော့ အန်နာစာအုပ်လေးတစ်အုပ်ကို Review လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဘာစာအုပ်လေးလည်းဆိုရင်တော့ - author TSUKIMI ရေးသားထားတဲ့ ❝ စာကျက်ချင်စိတ် ❞ ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ စာအုပ်ကသိပ်မထူတဲ့အတွက် ဖတ်ရတာအချိန်သိပ်တော့မပေးရပါဘူး။ ပြီးတော့ စာအရေးအသားကျစ်လစ်တယ်လို့
အန်နာ့အနေနဲ့ခံစားရပါတယ်။

စာအုပ်နာမည်က ❝ စာကျက်ချင်စိတ် ❞ လို့ပေးထားတဲ့အတွက် "ကျောင်းသားတွေပဲဖတ်သင့်တာလား?" ဆိုရင်တော့ မဟုတ်ပါဘူးနော်။
ဘယ်အရာကိုမဆို သင်ယူလေ့လာမှုပြုလုပ်နေသူတိုင်းဖတ်သင့်တဲ့စာအုပ်ပဲဖြစ်ပါတယ်။

စာအုပ်လေးထဲမှာ
? ဘာပဲလုပ်လုပ်အချိန်ဆွဲပြီး ဝီရိယမကောင်းတဲ့သူတွေအတွက် အချိန်ကဘယ်လောက်‌အရေးပါတန်ဖိုးရှိကြောင်း ကိုထည့်သွင်း‌ရေးသားထားသလို၊
? အိမ်မက်တွေကိုအကောင်အထည်ဖော်ရာမှာ ဘယ်လိုဟာကွက်မျိုးတွေရှိ‌တတ်လဲဆိုတာကို စာဖတ်ရင်းတွေ့မြင်ရမှာဖြစ်ပါတယ်။

ကိုယ်ရှေ့လျှောက် လူ့လောကမှာ ဘယ်လိုအခက်အခဲမျိုးတွေ ကြုံတွေ့ရမလဲ?
ဘယ်လိုကျော်ဖြတ်မလဲ? ဒါတွေကိုပါ စာအုပ်ထဲမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ မှားတတ်တဲ့အမှားတွေထပ်မမှား‌အောင်လည်းထောက်ပြထားပါသေးတယ်။ ✨ ဒါ့အပြင် "Goal တွေကိုဘယ်လိုမျိုးသေသေချာချာချမှတ်ရမလဲ" ဆိုတာလေးလည်းပါပါသေးတယ်။ ဒါကတော့အန်နာအကြိုက်ဆုံးအချက်လေးပေါ့ရှင်..?

စာအုပ်လေးက ဖတ်ပြီးသွားမှမဟုတ်ဘူး ဖတ်နေရင်းနဲ့တောင် စာဖတ်သူလေးတွေ တန်ဖိုးရှိတဲ့အတွေးလေးတွေနဲ့ အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ motivation လိုတဲ့သူ (ဒါမှမဟုတ်) လမ်းပျောက်ပြီး ကိုယ့်ကိုယ်ကိုယ်ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့သူတွေ ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်ရှင် ?


စာအုပ်လေးကို အန်နာ့ရဲ့ချန်နယ်မှာလည်း တင်ပေးထားမှာဖြစ်သလို https://t.me/black_white_Library မှာလည်း ဖတ်ရှုလို့ရနိုင်ပါတယ်ရှင်။

အောက်မှာဖော်ပြထားတဲ့ ကြိုက်နှစ်သက်ရာ Link ကနေသွားရောက်ဖတ်ရှုနိုင်ပါတယ်ရှင်..

အဆုံးထိဖတ်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်စာဖတ်သူလေးရေ ?~ 

?️ Link ➸ https://t.me/Sharing_Journey_by_Anna/222


?️ Link ➸ https://t.me/black_white_Library/7127/20278



- Anna_Nyein ?
241107 (7:49 PM)

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း