Author's Profile Photo

Whisper of Words

6/11/2024

စည်းအပြင်ကလူ

1 min read
Book Review
Novel
စည်းအပြင်ကလူ's photo

ဒီစာအုပ်လေးဖတ်ပြီး တွေးမိလိုက်ရတာကတော့ လူဆိုတာ (မွေးလာကတည်းကပဲ) စည်းတစ်ခု ဘောင်တစ်ခုထဲရောက်ရှိနေကြပြီး အဲ့ဒီ စည်းတွေ၊ ဘောင်တွေထဲမှာပဲ ရှေးအစဉ်ကတည်းက ချမှတ်ထားတဲ့ သတ်မှတ်ချက်တွေအတိုင်း အဆင်ပြေသလို နေထိုင်နေကြတယ်ဆိုတာပါပဲ။

ဒါပေမဲ့ ဒီစည်းတွေ ဘောင်တွေကို ငြီးငွေ့လာကြတဲ့ တစ်ချို့လူအနည်းစုကတော့ သူတို့ကိုယ်ပိုင်စည်းမျဉ်းတွေချမှတ်ပြီး သူတို့ကိုယ်သူတို့ပဲ ဘယ်လိုဘယ်ဝါဖြစ်ရမယ်လို့ သတ်မှတ်ကြပါတယ်။

ဒီစာအုပ်ထဲမှာတော့ အဓိကဇာတ်ကောင် မားဆော့ကို Existilism (ဖြစ်တည်မှုဝါဒီ)ရဲ့ သရုပ်ဖော်ဇာတ်ကောင်အဖြစ် ဖတ်ရှုရမှာဖြစ်ပါတယ်။

မားဆော့ဟာ အများသူငှာနဲ့မတူ သာမန်လူတွေထက် ထူးခြားတယ်လို့ဆိုမရပေမဲ့ သူ့စိတ်အခြေအနေက ထူးဆန်းတယ်လို့ဆိုရပါမယ်။ သူ့ပုံစံက စိတ်ခံစားချက်မရှိတဲ့ ဗလာနတ္ထိရှိနေတဲ့သူလိုဖြစ်ပြီး မိခင်ရဲ့သေဆုံးမှုကိုတောင်မှပဲ ဝမ်းနည်းမှုမရှိတဲ့ သွေးအေးတဲ့သူလိုပါပဲ။
မိခင်ရဲ့အသုဘပြီး နောက်နေ့မှာပဲ ချစ်သူနဲ့ပင်လယ်ကမ်းခြေသွား၊ ရေကူးပြီး ညနေကျ ဟာသရုပ်ရှင်ကြည့်ရင်း ရယ်နေနိုင်တဲ့သူပါ။

ဒီလိုဆိုတိုင်း မိခင်ဖြစ်သူကို မချစ်ဘူးရယ်လို့တော့ (နုနုအနေနဲ့) မထင်မိပါဘူး။ သူ့အနေနဲ့ကြည့်မယ်ဆိုရင် မိခင်ရဲ့သေဆုံးမှုမှာပူဆွေးမနေတော့ဘဲ ရှေ့ဆက်ရမဲ့ခရီးကို ပြန်လည်စတင်ရုံလို့ထင်မိပါတယ်။

ဒါ့အပြင်သူ့မှာ လက်ထပ်တာ၊ မွေးနေ့၊ သေဆုံးတာ ဒါတွေဟာ ဖြစ်ရိုးဖြစ်စဉ် သဘာဝကိစ္စ‌တွေမို့ (သူ့ရဲ့သေဆုံးမှုတောင်မှပဲ) အရမ်းအရေးကြီးပုံမပေါ်ပါဘူး။

ဒါပေမဲ့ ဒီလူထူးဆန်းဟာ မိတ်ဆွေဖြစ်သူရဲ့ ရန်သူအာရပ်တစ်ယောက်ကို သေနတ်နဲ့ပစ်သတ်ပလိုက်ပါသတဲ့။ ပစ်တာကလည်း ငါးချက်တိတိ။

ဒီလိုပစ်ရတယ်ဆိုတာကလည်း (သူ့အတွက်က) နေပူပူသဲပူပူပင်လယ်ကမ်းခြေမှာ အပူရှိန်ကြောင့်စိတ်ဖောက်ပြန်တာဖြစ်ဖို့များပါသတဲ့ရှင်။

ဒီလိုနဲ့ တရားရုံးရောက်၊ ခုံရုံးတက်ပေါ့။
ဒီတရားစစ်ဆေးမှုမှာစ,ပြီး သူဟာစည်းအပြင် ဘောင်အပြင်ကိုထွက်ချင်နေတဲ့ ခံစားချက်မရှိတဲ့ ဦးနှောက်ဗလာဖြစ်ပြီး ခံစားချက်ကင်းတဲ့ လူထူးဆန်းဖြစ်တယ်ဆိုတာပေါ်လွင်လာရတာပါပဲရှင်။

ကဲ...
စာဖတ်သူတို့ရေ...
မိခင်ရဲ့သေဆုံးမှုတောင် ဝမ်းမနည်းတဲ့မာဆော့
အသုဘအပြီး ချစ်သူနဲ့ ချစ်တင်းနှောနိုင်တဲ့မားဆော့
မိတ်ဆွေရဲ့ရန်သူကို သွေးအေးအေးနဲ့ပစ်သတ်နိုင်တဲ့မာဆော့
ဘာသာရေးကိုလုံးလုံးအယုံအကြည်မရှိတဲ့မားဆော့
ဒီမာဆိုတစ်ယောက် အချုပ်အနှောင်ကနေကင်းလွတ်နိုင်ပါ့မလား၊ ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စာအုပ်ထဲမှာပဲ ဆက်ဖတ်ကြည့်ကြပါတော့ရှင်...။

#Review_by_NuNu

Keep Reading

ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးအချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါမေတ္တာမဏ္ဍိုင်လိုမှသုံးပါအင်တာနက်နဲ့ လူနေမှုဘဝ စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်ပေးဆပ်သူရဲ့ နှလုံးသားဝိညာဉ်ကော်ဖီတမ်းချင်း