Author's Profile Photo

ဆောင်းနေရောင်(အဖျောက်)

3/11/2024

ပညာမှလာသောအဆိုများ

1 min read
Education
Poetry
Leadership

`` ပညာမှလာသောအဆိုများ´´
အမှန်အမှား၊ တို့ခွဲခြားရန်
တတ်ထားသင့်တာ၊ ပညာပါဟု
အခါငယ်သေး၊ ရွယ်ကလေးမှ
အတွေးထဲ၀င်၊ သိရှိမြင်ဖို့
`ငယ်စဉ်အခါ ပညာရှာ´ဟု ဆိုကြသည်။

အသိဉာဏ်မဲ့၊ သူကဲ့ရဲ့မည်
ချို့တဲ့ပညာ၊ ဉာဏ်မသာလို့
ခိုင်းရာကိုလုပ်၊ ချောင်မှာကုပ်ကုပ်
ဖယ်ထုတ်ကြကာ၊ ပင်ပမ်းမှာမို့
`ပညာမရှိ သူ့၀န်ထမ်း´ ဟု ဆိုကြသည်။

ပညာတတ်မြောက်၊ ထွန်းထွန်းပေါက်က
မကြောက်သတိ၊ ဉာဏ်လည်းရှိမည်
မြင်သိရေးရာ၊ အဖြာဖြာတွင်
သိက္ခာဂုဏ်ဒြပ်၊ ပိုကောင်းမြတ်ကာ
တိုးတက်ခါခါ၊ ချီးမွမ်းသာလို့
`ပညာရဲရင့် ပွဲလယ်တင့်´ဟု ဆိုကြသည်။

စီးပွားဥစ္စာ၊ ရွှေငွေသာလည်း
လျော့ကာကုန်လုံး၊ ပျောက်ဆုံးရှုံးလို့
လုံးစုံပျောက်ကွယ်၊ မျက်လှည့်ရယ်ဟု
တွေးကြွယ်သိ၀င်၊ ပညာရှင်မှာ
ဖွေရှာသုံးစွဲ၊ တစ်သက်မြဲသည်
စွဲမြဲအရာ၊ မကုန်တာကား
`ပညာဟူသည် မြတ်ရွှေအိုး´တည်း။ ။
ဆောင်းနေရောင်(အဖျောက်)

Keep Reading

"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စFinance Vs AccountingMindset