Author's Profile Photo

Whisper of Words

29/10/2024

ဘဝထိုထို

1 min read
Book Review
ဘဝထိုထို's photo

ဆရာသော်တာဆွေ၏ ယခုဝတ္ထုတိုပေါင်းချုပ်ကလေးဖတ်ပြီး ဆရာမြသန်းတင့်၏ စကားလေးတစ်ခုအား သတိရမိ၏။

"လူတစ်ယောက်ဟာ တစ်ဘဝတည်းမှာ ပန်းပဲသမား၊ ဆရာဝန်၊ ငှက်ခတ်သမား၊ အင်ဂျင်နီယာ အစရှိတာတွေ ပြိုင်တူလုပ်လို့မရဘူး ။ အဲ့ဒါကြောင့် ကျွန်တော်တို့ စာဖတ်ကြတယ်"ဟူ၍... ။

သို့ရာ၌ကား ဆရာသော်တာဆွေသည် ဤနှင့်ပြောင်းပြန်ဟု ဆိုရမလိုဖြစ်၏။ သော်တာဆွေမဖြစ်မီ ဦးကြင်ဆွေသည် ကျောင်းသားဘဝ၊ ကုန်သည်ဘဝ၊ စာရေးဘဝ၊ကျောင်းဆရာ စသည်ဖြင့် ဘဝပေါင်းစုံ၌ ကျင်လည်ခဲ့ဖူး၏။

ယခု 'ဘဝထိုထို'ဝတ္ထုတိုပေါင်းချုပ်၌မူ သူ၏မြင်းလှည်းဆရာဘဝ၌ ကြုံတွေ့ခဲ့ရသည့် ကောင်းတစ်ခါဆိုးတစ်လှည့် ဆူကြုံနိမ့်မြင့်လောကသဘောများကို ဖော်ပြထားသည်။

ကျောင်းသားဘဝမှ မြင်းလှည်းဆရာဘဝရောက်၊ မြင်းလှည်းဆရာဘဝမှ စာရေး၊ သည့်နောက် နောက်ထပ်မြင်းလှည်းဆရာဘဝ၊ နောက် ကျောင်းဆရာ . . . စသဖြင့် သူကြုံတွေ့ခဲ့ရသည့် ဘဝဇာတ်ခုံအမျိုးမျိုးကို ဤဝတ္ထုတို၌ အမျိုးမျိုး‌သော မီးရောင်စုံတို့ဖြင့် သရုပ်ဖော်ရေးသားထားသည်ကို မြင်ရပေလိမ့်မည်။

ဖတ်ကြည့်ပါမိတ်ဆွေ . . .
မြင်းကလေးနက်ကြုပ်၊ မြင်းမကလေး မိရွှေနီ၊ မြင်းကြီးတက်တိုး၊ မြင်းဆရာကိုကျင်စိန်၊ နောက်ဆုံး...မြင်းသိုးကြီး တိမ်တစ်လုံးတို့က သင့်အားသင်ခန်းစာများပေးပါလိမ့်မည်။ အဖိုးမဖြတ်နိုင်သော ပညာများ ပေးပါလိမ့်မည်။

ဦးကြင်ဆွေတစ်ဖြစ်လဲ ဆရာသော်တာဆွေသည် ဤဝတ္ထုမှနေ၍ သူ၏ဘဝဇာတ်ခုံအမျိုးမျိုးအား ပြောပြလေပြီ။ နာယူမှတ်သားကြပါလေ. . .။

#Review_by_NuNu

စာအုပ်ဖတ်ပါ
https://t.me/TheBookR

Keep Reading

မိုက်ရဲ့ အရင်းအနှီးတွေက ဘာဖြစ်မလဲ။အရင်းအနှီးအကြောင်း ဂဃနဏ သိပါစေ။Haruki Murakami ဘာကြောင့်ဆုမရသေးတာလဲတောရိုင်းမြေErnest Hemingway ဘဝဟာသများမိတ်ဆွေမှရန်သူဖြစ်သွားခြင်းအချစ်ကိုကိုးကွယ်ခဲ့တဲ့မြန်မာဘုရင်ရူးဘယ်လုပ်ငန်း နယ်ပယ် အရင်းအနှီး ဈေးကွက်ထဲကို ရောက်နေသလဲဆိုတာ အရင်သိအောင်လုပ်ပါ။ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်သုံးနှစ်သုံးမိုး