Author's Profile Photo

First Light Insights

28/10/2024

အဖော်မမဲ့ပါစေနဲ့...။

2 mins read
Life Style

Man is a social animal
လူဆိုတာ အသိုင်းအဝိုင်းနဲ့နေတဲ့သတ္တဝါတဲ့
ဆိုတော့ တနည်းပြောရရင် လူတွေမှာ

အ‌ဖော်မွန်ကောင်းက လိုကိုလိုအပ်
တယ်...။ ဗုဒ္ဓကလဲ လူမိုက်ကိုပဲ
မပေါင်းအပ်တာလို့ပဲဟောခဲ့တာပါ။
ဘယ်သူးနဲ့မှမပေါင်းနဲ့လို့ဟောခဲ့တာ

မဟုတ်ဘူး...။ဒါဆိုရင် အဖော်မဲ့လာရင် လူကကြာလာရင်ဘာဖြစ်လာမလဲဆိုရင် အဖော်မဲ့ခြင်းနောက်ကွယ်မှာ အထီးကျန်ခြင်းက

လိုက်လာတယ်...။ အထီးကျန်မှု့ဆိုတာ လူတိုင်းခံစားဖူးမယ်ထင်တယ်လူအုပ်ကြီးထဲသွားလာလှုပ်ရှားနေရပေမဲ့ တစ်ယောက်ထဲလိုခံစားနေရ

တာသည် အထီးကျန်မှု့ကိုခံစားနေရတာပဲ...။အဲလိုခံစားမှု့ကိုမကြိုက်ဘူးဆိုရင် ကိုယ်ကအဖော်မမဲ့အောင်နေတတ်ဖို့လိုတယ်...။

အဖော်မဲ့ရခြင်းအကြောင်းတရားတွေကိုသာသေချာဂရုစိုက်မယ်ဆိုရင် ဒီပြဿနာဖြေရှင်းလို့ရပါတယ်...။ ဒါဆိုရင် အဖော်မမဲ့အောင်
ဘာတွေရှောင်ဖို့လိုအပ်တာလဲ...?

၁။ကိုယ့်ကိုယ်အထင်သေးတဲ့လူတစ်ယောက်ဟာ အဖော်မဲ့ခြင်းကိုခံစားရတတ်တယ်...။
(ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်နေတယ်လို့ခံစားနေရတဲ့အတွက်ကြောင့် လူအများနဲ့ဆက်ဆံတဲ့အခါမှာ အောက်ကျနေသလိုခံစားမှု့ပေါ်လာပြီး လူတွေကိုရှောင်ဖယ် လာရော လူတွေနဲ့တွေ့ရမှာကြောက်လာရော လူတွေနဲ့ ရှောင်ဖယ်လေ အဖော်မဲ့မှု့ဆိုတာကလိုက်လာမှာ...)

၂။ ဂုဏ်တုဂုဏ်ပြိုင်လိုစိတ်နဲ့ မနာလိုစိတ်ရှိနေတာကလဲ အဖော်မဲ့မှု့ကိုဖြစ်စေတယ်...။
(ကိုယ်နဲ့ငယ်ကပေါင်းသင်းဆက်ဆံခဲ့တဲ့ သက်တူရွယ်တူသူငယ်ချင်းတွေ အခြေနေတစ်ခုအရောက်မှာ အလုပ်အကိုင်အဆင်ပြေ ကြီးပွားနေတာကိုမြင်တွေရော ငါကျမကြီးပွားသေး မချမ်းသာသေးပါလားစတဲ့ ကိုယ်နဲ့ပြန်နှိုင်းယှဉ်မိတဲ့အခါမျိုးမှာ မုဒိသာစိတ်ထက် ကိုယ်လဲ သူ့လိုရှိခြင်တယ် နေချင်တယ်ဆိုတဲ့ ဂုဏ်တုဂုဏ်ပြိုင်လိုစိတ်
တနည်းပြောရရင်မနာလိုစိတ်ကလေးဝင်လာပြီး တော်ပြီ ဒီကောင်နဲ့ အပေါင်းသင်းမလုပ်တော့ဘူးဆိုပြီး အဆက်ဖြတ်မှု့တွေလုပ်လာတတ်တယ်...။အဲ့တော့ နေရင်းထိုင်ရင် အပေါင်းသင်းတစ်ယောက်ဆုံးရှုံးသွားတတ်တယ်...။ဒီနေရာမှာ တချို့အပေါင်းသင်းတွေက ကိုယ်ကြီးပွားနေတုန်းမှာ မတူသလိုမတန်သလိုကိုယ့်ကိုလာဆက်ဆံတဲ့အခါမျိုးရှိခဲ့မယ်ဆိုလဲ သူ့အတွက်က မိတ်ဆွေကောင်းတစ်ယောက်ဆုံးရှုံးပြီး အခြေနေတစ်ခုအရောက်မှာ အထီးကျန်မှု့ကို သူတို့ခံစားလာရမှာမလွဲမသေပါပဲ...။

၃။ဒေါသကြီးတဲ့လူဟာလဲ အဖော်မဲ့တတ်တယ်...။
(ဒါတော့ရှင်းပေးစရာမလိုအပ်ဘူးထင်တယ် ထစ်ခနဲဆို ဒေါသရှေ့ရောက်နေတဲ့သူ ကို ဘယ်သူးမှရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံနေမှာမဟုတ်ဘူး...)

၄။သူတစ်ပါးရဲ့မကောင်းကြောင်း ပြောတဲ့သူဟာလည်း အဖော်မဲ့တယ်...။
(ဒီနေရာမှာ ပြောချင်တာက သူတစ်ပါးရဲ့ မကောင်းကြောင်းကို ကိုယ်ကလ‌ည်း မပြောနဲ့ သူများလာပြောတာလဲ နားမထောင်မိဖို့အရမ်းအရေးကြီးတယ်...။ဘာလို့ဆို ကိုယ်က တဖတ်လူရဲ့ မကောင်းကြောင်းပြောမိတယ်ဆိုရင်ပဲ တချိန်ကျအပြောခံရတဲ့လူရဲ့နားထဲရောက်တဲ့တစ်နေ့ ကိုယ့်ကိုရန်လာ မရှာ ရင်တောင်မှာပဲ ရှေ့လျောက်အဖတ်လုပ်ပေါင်သင်းတော့မှာမဟုတ်ဘူး...။ ကိုယ်ကနားထောင်မိပြန်ရင်လဲ သူတို့မကောင်းပြောခဲ့ဖူးတဲ့ သူနဲ့တွေ့လာရင် ကိုယ့်မှာ အဲ့လူအပေါ်မှာသို့လောသို့လောနဲ့ ရိုးရိုးသားသားလှိုက်လှိုက်လှဲလှဲ ဆက်မဆံနိုင်တော့ပဲ ဟန်လုပ်ရပြီ...။ ဟန်လုပ်နေရပြီဆိုကတည်းက အဖော်မွန်ကောင်းမဖြစ်တော့ဘူး...။တနည်းပြောရရင် မာယာတွေပါလာပြီ)

၅။လူတွေကို မယုံကြည်တဲ့လူ၊သည်းခံမှု့မရှိတဲ့လူ၊ခွင့်မလွှတ်တဲ့ လူတွေမှာလဲ အဖော်မဲ့တတ်တယ်...။
(ဒါကိုလဲပဲ အသေးစိပ်ရှင်းပြစရာမလိုအပ်ဘူးထင်ပါတယ်...)

အဲ့တော့ နိဂုံးချုပ် အနေနဲ့ကတော့ အပေါင်းသင်းများများနဲ့ မိတ်ကောင်းဆွေကောင်းများများရှိဖို့လိုအပ်တယ်...။ပြန်စဉ်းစားကြည့် ကိုယ်ရောက်တဲ့နေရာ ကိုယ်သွားတဲ့နေရာတိုင်း အသိရှိတဲ့လူ‌ဟာ လောကြီးမှာ တစ်ယောက်ထဲသွားလာနေရတဲ့လူထက်ပိုပြီးပျော်ရွှင်မှု့ကိုခံစားရတတ်တယ်...။
ဒီနေရာမှာ ကိုယ်က introvert ပါ extrovert ပါဆိုပြီး ကိုယ့်ကိုယ်ကိုယ်ခံယူပြီး တစ်သက်လုံးတစ်ယောက်ထဲနေစရာမလိုအပ်ပါဘူး။ တစ်ဘဝတစ်ခါလူလာလုပ်တာအပြောင်းလဲလုပ်ယူပြီး နေစေခြင်တယ်...။

#First_Light_Insights
Warmly Welcome ⬇️
https://t.me/fli6128

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)