Kyaw Khine Khant
(၁)
ဟဲ့...သား
ဘာများ လုပ်နေသလဲ။
ကဗျာရေးဖို့ အမေ
နဘေတွေ တွေးနေဆဲ။
(၂)
ကဗျာနဲ့ နဘေဆိုတာ
ဘာလဲ သားရယ်။
အမေ့ကိုတကယ်
နားလည်လွယ်အောင်ပြောပါဦး။
ရွတ်လို့လည်းလွယ်
ဖတ်ဖို့လွယ်ပြီး
ဖန်တီးအလင်္ကာ ရသဖြာလို့
ကြည်သာရွှန်းဆို ခံစားချိုလို့
ဉာဏ်သွားသလို ဖတ်သူမွေ့
တွေ့တဲ့အပြုံး။ ။
ကျော်ခိုင်ခန့်
Keep Reading